Saturday 27 October 2012

Comment-box က Flash Song ကုတ်ကို အလုပ် မလုပ်အောင် လုပ်နည်း

ဒီနေ့ ကျွန်တော် ရေးလိုက်တဲ့ ပိုစ်လေးက Ning ဆိုဒ်တွေမှာ မန်ဘာဝင်ထားကြတဲ့သူတွေ

တော်တော်များများ အခက်ကြုံနေရတဲ့ ကိစ္စကို ဖြေရှင်းပေးနိုင်မှာပါ။အဲဒါကတော့

ကျွန်တော်တို့ Ning ဆိုဒ်တစ်ခုကို မန်ဘာဝင်လိုက်တာနဲ့ ကိုယ်ပိုင် စာမျက်နှာ တစ်ခု ရပါတယ်။

အဲဒီက Text Box (စာရေးရန် နေရာ)မှာ ကိုယ်လုပ်ထားတဲ့ Flash Song လေးတွေတို့

ကိုယ်ကြိုက်တဲ့ Flash Song လေးတွေ တင်ထားတတ်ကြပါတယ်။ ကိုယ့်အိမ်မှာ Flash Song တင်နည်းကို

မသိသေးဘူးဆိုရင်တော့ ဒီနေရာလေးမှာ သွားရောက်လေ့လာနိုင်ပါတယ်။

နောက်ပြီး ကိုယ့်အိမ်မှာ Music box လည်း ရှိတယ်လေ.. Mp3 သီချင်းတွေထည့်ပြီးတော့

Auto play ပါ လုပ်ထားလို့ရပါတယ်။ အဲဒီတော့ ကိုယ့်သီချင်းတွေကလည်း Flash Song က

အဖွင့်အပိတ်မထည့်ထားတာဆို အော်တိုလာနေ..ဒါမှမဟုတ် Music box မှာ Auto Play က

လုပ်ထားတာဆို သူငယ်ချင်းတွေက Flash Song တွေ ကွန်မန့်လာပေးတဲ့အခါ ကိုယ့်အိမ်ထဲ

ဝင်လိုက်တာနဲ့ သူပေးထားတာရော ကိုယ်တင်ထားတာတွေနဲ့ အသံတွေက ဆူညံပြီးတော့

ဘယ်သီချင်းကို နားထောင်ရမှန်း မသိပါ ဖြစ်ပါတယ် :P.. လောလောဆယ် အဲဒီပြဿနာလေး

ခံစားနေရတဲ့ သူတစ်ယောက် ရေးထားတာလေးကို အောက်မှာ ဖတ်ကြည့်ပါဦး....


သီချင်းတွေကိုချစ်ပါတယ် ..ဒါပေမယ့် သီချင်းပေါင်းစုံ တခါတည်း နားမထောင်တတ်လို့ပါနော် ... တဲ့

ဒီအောက်ကတော့ သူတို့ စာမျက်နှာရဲ့ ထိပ်ဆုံးမှာပါ ရေးထားရတဲ့ အဆင့်အထိ ရောက်နေတာပါ။



အဲဒီပြဿနာက နည်းမသိတော့ တော်တော်ကြီးကျယ်နေတာ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ။

တစ်ချို့ အရမ်းခင်တဲ့ သူငယ်ချင်းတွေကလည်း စာရေးထားတာတောင် မရဘူး။

ပေးမှာပဲ ပေးမှာပဲ ဆိုပြီးတော့ အတင်းပါပဲ ပေးခဲ့တာ :D သူတို့က စာပါ ရေးခဲ့သေးတယ်။

ခင်တယ်ဆိုရင် ဖျက်မပစ်ရဘူးတဲ့ :P သေပြီဆြာပဲဂျာ။ ကဲကဲ ပြောနေရင် ကြာနေဦးမယ်..

အဲဒီပြဿနာမျိုးတွေ ကြုံနေရတဲ့ ဘော်ဘော်တွေအတွက် ကျွန်တော် မောင်သူရိန်လင်းက

ကွန်မန့်ဘောက်မှာ သူတို့ပေးခဲ့တဲ့ Flash Song တွေ အလုပ် မလုပ်အောင် ပိတ်ထားနိုင်တဲ့

ကုတ်လေးကို Ning ဆိုဒ်တွေမှာ အသုံးပြုဖို့ ပထမဦးဆုံး စတင်ကလိပေးလိုက်ပါပြီ။

ဒီအောက်က ကုတ်လေးကို Css Box က မူလ ရှိပြီးသား ကုတ်တွေရဲ့ အပေါ်ဆုံးကနေ

ထည့်ပြီးတော့ Save လုပ်လိုက်ပါ။ အားလုံးအဆင်ပြေသွားမယ်လို့ ယုံကြည်ပါတယ်။

ကိုယ်တိုင် စမ်းသပ် ကလိပြီးမှ တင်ပေးခြင်းဖြစ်ပါတယ်။ 100% ပိတ်နိုင်ကြောင်း အာမခံသည်။



ဒါက Flash Song ကုတ်တွေ အလုပ် မလုပ်အောင် ထည့်ရမယ့်ကုတ်။


/*This is unable to be sent song code*/
.xg_widget_profiles_profile_show .xg_3col .xg_2col .comment object,
.xg_widget_profiles_profile_show .xg_3col .xg_2col .comment embed {
display:none !important;
}




ဒီကုတ်ကတော့ ပုံတွေကိုပါ မျက်စိနောက်လို့ ဖျောက်ထားချင်တဲ့ ဘော်ဘော်တွေအတွက်ပါ။


/*This is unable to be sent img html*/
.xg_widget_profiles_profile_show .xg_3col .xg_2col .comment img{
display:none !important;
}



Flash Song တွေရာ ပုံတွေပါ ဖျောက်ထားခြင်းတယ်ဆိုရင်တော့ ပေးထားတဲ့ ကုတ် ၂ ခု စလုံးကို

Css Box ထဲ ထည့်ပြီး Save လုပ်ပေါ့နော်..တစ်ခုတော့ အသိပေးချင်တာက ခုပေးထားတဲ့

ကုတ်တွေကို အပေါ်ဆုံးကနေ အရင်ထည့်ကြည့်ပါ ။ အလုပ် မလုပ်ဘူးဆိုရင်တော့

အောက်ဆုံးကနေ ပြန်ထည့်ကြည့်ပါ။ ကျွန်တော်ကတော့ အပေါ်ဆုံးကပဲ ထည့်တာ ရပါတယ်။

အရင်သုံးထားတဲ့ Theme ကုတ်ချင်း မတူတော့  မရမှာစိုးလို့ပါ။

ဒီအကြံလေးရခဲ့တာကတော့ သားသားလေးရဲ့ဆိုဒ် http://amaetharr.multiply.com/ ကပါပဲ။

 Ning Theme တစ်ခုက ကုတ် နဲ့ Multiply.. ဆိုဒ်က Idea 2 ခုကို Thurainlin မှ ရောသမမွှေပြီး

Flash Song ကြောင့် ခေါင်းခဲနေကြတဲ့ သူငယ်ချင်းများအတွက် မျှဝေလိုက်ပါပြီ။

ဒီကုတ်နဲ့ နည်းပညာကို ပြန်လည်မျှဝေမယ်ဆိုရင်တော့ http://itwebcrazyboy.blogspot.com ကို

လင့်ပြန်ညွှန်းပေးဖို့ မေတ္တာရပ်ခံပါတယ်။ Ning ဆိုဒ်မှာ ကျွန်တော် စထွင်တာ မို့လို့ပါ။

ကျေးဇူးတင်ပါတယ်..အစစ အရာရာ အဆင်ပြေပါစေ.......

No comments:

Post a Comment

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။