ဒီနေ့တော့ ကျွန်တော် စိတ်ဆိုးနေတဲ့ ချစ်သူအတွက် ဆိုပြီးတော့ Flash Song Album လေး တစ်ခု
လုပ်ဖြစ်သွားပါတယ်။ အနေဝေးနေပေမယ့် သံယောဇဉ်ဆိုတဲ့ ကြိုးလေးက ကျွန်တော်တို့ ၂ ယောက်ကို
ချည်နှောင်ထားတော့ ရန်ဖြစ်လည်း ခဏပါပဲ။ သူကတော့ စိတ်ကြီးတယ်ပဲ ပြောရမလား မသိဘူး။
စိတ်ဆိုးသွားပြီဆိုရင် တော်တော်နဲ့ ပြန်ပြီး စိတ်ဆိုးမပြေတတ်လို့ပါ။ အဲဒီအချိန်တွေမှာဆိုရင်
ကျွန်တော် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိအောင် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေတာပေါ့။
အနေနီးတဲ့ ချစ်သူတွေအတွက်က ကိုယ်ချစ်သူစိတ်ကောက်သွားရင် ချော့ရတာ ပိုအဆင်ပြေပေမယ့်
အနေဝေးတဲ့သူတွေ အတွက်ကျတော့ အလွန်ဆုံးဖုန်းခေါ်ပြီး ချော့တာလောက်ပဲရှိတာပါ။
ကိုယ်ကစကားမပြောတတ် ဆိုရင်တခါတလေ အခြေအနေက ပိုဆိုးပြီး ဖုန်းပိတ်ထားရင်တော့ သေတာပဲ။
အဲလို အချိန်မျိုးမှာ သူ့ဆီကို မေးလ်ပို့ပြီး ချော့ရုံ ပြောရုံအပြင် ဘာမှ မတတ်နိုင်တော့ပါဘူး။
ကျွန်တော် ဒီ Album လေးကို သူ့အတွက် ရည်ရွယ်ပြီး ၃ ရက်လောက် အချိန်ပေးပြီး လုပ်ထားရတာပါ။
သူငယ်ချင်းတို့လည်း ချစ်သူနဲ့ အဆင်မပြေတဲ့အချိန်လေးတွေ စိတ်ဆိုး စိတ်ကောက်နေတဲ့
အချိန်လေးတွေမှာ ဒီ Album လေး ပို့ပေးပြီး အဆင်ပြေနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်....
ဒါကတော့ ကျွန်တော့် ချစ်သူအတွက် လုပ်ထားတဲ့ Flash Song Album လေးပါ။
အချစ်သီချင်းလေးတွေ ၁၂ ပုဒ် စုပြီးလုပ်ထားတဲ့အပြင် အောက်ဘက်မှာလည်း အချစ်ဗေဒင်လေးတွေရယ်
ချစ်သူအတွက် လိုအပ်မယ် ထင်တဲ့ English Myanmar Dictionary [ Portable ] လေးလည်း
ထည့်ပြီး လုပ်ပေးထားပါတယ်။ နောက်ထပ် သူငယ်ချင်းတို့ အတွက် ရည်ရွယ်ပြီးတော့ Album တစ်ခု
သီးသန့် လုပ်ပေးထားပါတယ်။ သူငယ်ချင်းတို့ ချစ်သူကို လွတ်လပ်စွာ ပေးလို့ရအောင်
ကျွန်တော့်နာမည် ထည့်ရေးမထားပါဘူး။ ဒီ Album လေးကြောင့် သူငယ်ချင်းတို့ ချစ်သူတွေ
အဆင်ပြေသွားတယ်ဆိုရင် ကျွန်တော်က ဝမ်းသာနေမှာပါ။ လင့်လေးကို ဒီနေရာမှာ ယူလိုက်ပါ။
သီချင်း အပုဒ်ရေ များတဲ့အတွက်ရော လှအောင် လုပ်ထားတဲ့အတွက်ရော လိုင်းမကောင်းဘူးဆိုရင်တော့
နည်းနည်းစောင့်ပေးဖို့ လိုပါလိမ့်မယ်။ အသည်းပုံလေးတွေ အများဆုံး သုံးထားပါတယ်။
နောက်ပိုင်းတွေမှာ ကျွန်တော် ဒီလို Album လုပ်နည်းလေးတွေ တင်ပေးဖို့ စဉ်းစားထားပါတယ်။
ခေါင်းစီးပုံလေးနဲ့ Idea ကိုတော့ www.mymclub.net ကရခဲ့တာပါ။ ဒီဇိုင်းကတော့ ကျွန်တော်
ကိုယ်တိုင် ထွင်ထားတာ ဖြစ်ပါတယ်။ အားလုံးပဲ ပျော်ရွှင်ပါစေလို့ ဆန္ဒပြုပေးလိုက်ပါတယ်....။
မှတ်ချက်။ ။ ကျွန်တော်ဒီတစ်ခါ လုပ်လိုက်တဲ့ Album က Flash ဖိုင်တွေ များသွားတဲ့အတွက်
လိုင်းမကောင်းတဲ့ သူငယ်ချင်းတွေအနေနဲ့ Flash တွေ မပေါ်တာမျိုး ဖြစ်နေပါတယ်..
ဒါပေမယ့် ကျွန်တော်လုပ်ထားတဲ့ ဖိုင်ကို ဖွင့်ကြည့်လိုက်ရင်တော့ ချက်ချင်း တန်းပေါ်ပါတယ်။
အဲဒါနဲ့ မူရင်း ဖိုင်လေးကိုပဲ ပေးလိုက်ရင် ပိုအဆင်ပြေမလားလို့ စဉ်းစားမိတယ်။
ဒီနေရာကို နှိပ်ပြီး ဒေါင်းနိုင်ပါပြီ။ကျွန်တော် လုပ်ထားတဲ့ Album ၂ ဖိုင်စလုံး ထည့်ပေးထားပါတယ်။
Album ထဲမှာ ကျွန်တော် ထည့်လုပ်ထားတဲ့ ပုံလေးတွေရော အသည်းပုံလေးနဲ့
Flash ဖိုင် တစ်ခုရော ထည့်ပေးလိုက်ပါတယ်နော်...ချစ်သူနဲ့ အဆင်ပြေပါစေလို့...........
အစ်ကို...ညီဆီမှာ...အသဲပုံလေးတွေလုံးဝမပေါ်ဘူး...ဘာဖြစ်လို့လဲ...အစ်ကို..ရှင်းပြလို့ရရင်..တစ်ချက်လောက်ကူညီပါ...အာ့လေးတွေကို ကြိုက်လို့..မေးကြည့်တာပါ......၀င်းသူရိန်....
ReplyDelete