Monday 31 December 2012

Happy New Year 2013




သူငယ်ချင်းများ အားလုံး "Happy New Year" ပါ။ နှစ်သစ်မှာ စိတ်သစ် လူသစ်နဲ့ ဘဝသစ်ကို လျှောက်လှမ်း

ပျော်ရွှင်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ ဘာလိုလိုနဲ့ တစ်နှစ်ကုန်လို့ နောက်နှစ်တောင်

ရောက်သွားပြန်ပြီနော်..ဒီနေ့ နှစ်သစ်ကူး အထိမ်းအမှတ် အနေနဲ့ သူငယ်ချင်းတို့ကို လက်ဆောင်လေးတွေ

ပေးဖို့ စိတ်ကူးထားပါတယ်။ တစ်ကယ် တန်ဖိုးထားအပ်တဲ့ အရာလေးတွေ ချစ်စရာ ကောင်းတဲ့ အရာလေးတွေ

လိုအပ်မယ့် အရာလေးတွေကို စုဆောင်းပြီး တင်ပေးလိုက်ပါတယ်။


ပထမဦးဆုံး Double Tun ဖန်တီးထားတဲ့ ကျွန်တော်တို့ ဗုဒ္ဓမြတ်စွာဘုရား ပုံတော်နဲ့ ဆီမီး၊ ပဌာန်း ၂၄ ပစ္စည်း 

Flash လေးတွေပါ။ ကိုယ်ပိုင်ဆိုဒ်လေးတွေ [သို့] Ning ဆိုဒ်များရဲ့ ကိုယ်ပိုင်စာမျက်နှာတွေမှာ တင်ထားပြီး

ပူဇော်ထားချင်တဲ့ သူတွေအတွက်ပါ။







ဘုရားပုံတော် လင့်ကို ဒီနေရာကို နှိပ်ပြီး ယူပါ။ ဆီမီး Flash လင့်က ဒီနေရာလေးမှာပါ။ ၂၄ ပစ္စည်း Flash လင့်က

ဒီနေရာလေးကို နှိပ်ယူပြီး အောက်က ကုတ်လေးနဲ့ ထည့်ပြီး ပူဇော်နိုင်ပါတယ်..အလျားအနံကိုတော့

အဆင်ပြေသလို ကြည့်ပြီး ပြင်လိုက်ပါ။ width = အလျား height = အနံ


<object><param name="movie" value=" လင့်ထည့်ရန် ">
<embed src=" လင့်ထည့်ရန် " width="550" height="400" wmode="transparent"> </embed></object>


သူငယ်ချင်းတို့အိမ်လေးမှာ ချစ်စရာကောင်းတဲ့ ကြောင်လေး တစ်ကောင်လောက် မွေးထားချင်ရင်ပေါ့

လင့်လေးကိုတော့ ဒီနေရာလေးကို နှိပ်ပြီး ယူလိုက်ပါ။



ငါးလေးတွေ မွေးထားချင်ရင်ပါ။ လင့်က ဒီမှာပါ



ဒီတစ်ခါကတော့ အချစ်နဲ့ ဆိုင်တာလေးတွေ တင်ပေးပါဦးမယ်။

သူငယ်ချင်းတို့ရဲ့ ချစ်သူကို ပန်းဥယျာဉ်လေး တစ်ခု လက်ဆောင်ပေးချင်ရင်ပါ။ ဒီနေရာလေးကို နှိပ်ပြီး ယူပါ။



ကိုယ့်ချစ်သူက ကိုယ့်ကို ဘယ်လောက် ချစ်လဲဆိုတာ သိဖို့ Love Meter လေးနဲ့ တိုင်းကြည့်ရအောင်..

လင့်လေးကို ဒီနေရာလေးမှာ ယူပါ။



ခုနောက်ပိုင်းတော့ ကွန်ပျူတာ အတွက် အသုံးဝင်မယ့် ဆော့ဝဲလ်လေးတွေ တင်ပေးချင်ပါတယ်။



Myanmar Calendar Gadget လေးပါ။ သုံးလိုသူများ ဒီနေရာလေးကို နှိပ်ပြီး ဒေါင်းယူနိုင်ပါတယ်။



နောက်ထပ် နှစ်သစ်ကူး လက်ဆောင်လေးကတော့ Flash Song လုပ်တဲ့လူတွေဆို အရမ်းကြိုက်ကြမှာပါ..

ကွန်ပျူတာ မောက်ရွှေ့တိုင်း ပေါ်နေမယ့် မောက်အဖက် ဆော့ဝဲလ်လေးပါ။ ပန်းပွင့်ပုံလေးတွေ ကြယ်ပုံလေးတွေ

ပူးပေါင်း ပုံလေးတွေ စသည်ဖြင့် ဒီဇိုင်းမျိုးစုံ ပြောင်းသုံးနိုင်ပါတယ်။ လိုချင်ရင် ဒီမှာ ဒေါင်းပါ။



ခု ဒီဆော့ဝဲလ်လေးကတော့ သူငယ်ချင်းတို့အတွက် လိုမလား မသိဘူး။ ကိုယ်သုံးနေတဲ့ ကွန်ပျူတာက

အရောင်တွေ အရမ်းစူးနေတဲ့အခါ ကြည့်ရတာ မကောင်းဖြစ်ပြီး နောက်ဆို မျက်ရည်ပူတွေပါ ကျတတ်ပါတယ်။

အဲလို ဖြစ်နေရင် ကိုယ် အဆင်ပြေမယ့် % လောက် ထားပြီး သုံးနိုင်ပါတယ်။ လိုချင်ရင် ဒီမှာ ဒေါင်းပါ။



ခု နောက်ဆုံး တင်ပေးမယ့် ဆော့ဝဲလ်လေးက တော်တော်များများ သိပြီး ဖြစ်ကြမှာပါ။ တစ်ခါတစ်လေ ကိုယ် အရမ်း

အလုပ်များနေတဲ့အခါ Busy လုပ်ထားတာတောင် အလိုက်ကန်းဆိုး မသိ အတင်း "ဟိုင်း" နေတတ်ကြတာကို

ကြုံဖူးကြမယ် ထင်ပါတယ်။ ပြန်မပြောပြန်ရင်လည်း သူတို့က စိတ်ဆိုးပါဦးမယ်။ အဲဒီတော့ ဒီဆော့ဝဲလ်လေးကိုသာ

သုံးလိုက်မယ်ဆိုရင် အကုန် အဆင်ပြေသွားပါလိမ့်မယ်။ ကိုယ်စက်နားမှာ လူမရှိတဲ့အခါ ကိုယ့် G-Talk က မီးစိမ်း

[သို့] မီးနီလေးက ဝါသွားတယ်လေ။ Idle ဆိုပြီး ပေါ်လာမှာပါ။ အဲလိုလေး လုပ်ထားချင်ရင် ဒီမှာ ဒေါင်းပါ။



ကျွန်တော် ဒီလက်ဆောင်ကိုတော့ နောက် ၁ ရက် ၂ ရက်လောက်နေမှ ပေးနိုင်မယ်လို့ ထင်ပါတယ်။

Flash Song ဝါသနာရှင်တွေ ကိုယ်လုပ်ထားတဲ့ သီချင်းလေးတွေကို ကိုယ်ပိုင်စာမျက်နှာမှာ နေရာကျယ်ကျယ်နဲ့

တင်နိုင်ဖို့ ကျွန်တော် စိတ်ကူးပြီး ဖန်တီးထားတာလေးပါ။ ခုလက်ရှိ ၃၀% လောက်ပဲ လုပ်ထားရပါသေးတယ်။

MM-Flash Songs ဆိုဒ်မှာ ကျွန်တော် ဒီနေ့ပဲ အသစ် ပြန်လည်ဝင်ရောက်ပြီး လုပ်ထားတာပါ။

အလည်အပတ် လာချင်တယ်ဆိုရင်တော့ ဒီနေရာလေးကို နှိပ်ပြီး လာလည်နိုင်ပါကြောင်း.........။

နောက်ပိုင်းတွေမှာ Ning ဆိုဒ်နဲ့ ပက်သက်တဲ့ နည်းပညာတွေ Coding တွေ တင်ပေးဖို့ အစီအစဉ် ရှိပါတယ်။

ဆက်လက်စောင့်မျှော်ပြီး လာရောက် အားပေးကြပါဦးလို့ ပြောကြားရင်း...Happy New Year 2013 ပါခင်ဗျာ...

No comments:

Post a Comment

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။