Saturday 5 January 2013

Ning ဆိုဒ်များမှ Flash ဖိုင်များကို ဖျောက်နည်း

ကဲ..ဒီနေ့တော့ Ning ဆိုဒ်တွေမှာ မန်ဘာဝင်ထားကြတဲ့ သူငယ်ချင်းတွေအတွက် ဒီနည်းလေးက အသုံးဝင်မယ်လို့

ထင်ပါတယ်။ လိုအပ်မယ် သုံးချင်တယ်ဆိုရင် သုံးလို့ ရအောင်ပါ။ ဒီနည်းလေးကို စဉ်းစားမိတာတော့ ကြာပါပြီ။

ပုံမှန်အတိုင်းဆို ကျွန်တော့်အင်တာနက်လိုင်းက မြန်နေတတ်လို့ သိပ်မသိသာပေမယ့် Download ဆွဲတာ ၊ Upload

တင်တာတွေ များသွားတဲ့အခါဆိုရင် လိုင်းနှေးသွားပြီး ဝဘ်ဆိုဒ်တွေထဲ ဝင်တဲ့အခါ Flash တွေ ထည့်ထားတာ

များနေတဲ့ ဆိုဒ်တွေဆိုရင် Loading ဖြစ်နေတာ အကြာကြီးပါပဲ။ ပုံတွေတောင် တော်တော်နဲ့ မပေါ်ချင်ပါဘူး။

အဲဒီတော့ ကိုယ်တစ်ခုခု လုပ်မယ်ဆိုရင် စောင့်နေရတဲ့ အချိန်တွေက များပြီးတော့ လုပ်ချင်တာတွေ လုပ်ရတာ


အခက်အခဲ ဖြစ်သွားပါတယ်။ကိုယ်က စာဖတ်ချင်လို့ပဲ ဖြစ်ဖြစ် နည်းပညာတွေ လေ့လာချင်တာ၊ကုတ်တွေ စမ်းတာ

ဘာပဲလုပ်လုပ် အဆင်မပြေတော့ပါဘူး။Ning ဆိုဒ်တွေမှာ Flash Song တွေ လင့်ချိတ်တဲ့အခါကျရင် အဲဒီပြဿနာ

မကြာခဏ ကြုံရပါတယ်။ Loading ဖတ်နေတာကို အကြာကြီး စောင့်ပြီး နောက်ဆုံး undefined ဆိုတဲ့ စာလေးပဲ

ကျလာပါတယ်။ နမူနာ မြင်ဖူးသွားအောင် အောက်မှာ ကြည့်သွားလိုက်ပါဦး...

undefined

သူငယ်ချင်းတို့တော့ Ning ဆိုဒ်တွေမှာ Flash Song တွေ လင့်ချိတ်ရင် ဘယ်နေရာတွေမှာ သွားချိတ်ကြလဲ မသိဘူး။

ကျွန်တော်ကတော့ ကိုယ့်ရဲ့ ကိုယ်ပိုင်စာမျက်နှာမှာပဲ လင့်ချိတ်ပါတယ်။ကိုယ်စိတ်ကြိုက်ပြင်ထားတဲ့ အိမ်လေးက

ကြည့်ရတာ ပိုပြီး စိတ်ချမ်းသာဖို့ ကောင်းသလို ကိုယ်စမ်းလိုက်တဲ့ ကုတ်တစ်ခု အောင်မြင်သွားတာကို ကြည့်ပြီး

ပျော်ဖို့လည်း ကောင်းပါတယ်။အဲဒီတော့ ကိုယ့်အိမ်ထဲမှာ လာပြီးတော့ ရှုပ်နေတဲ့ Flash ဖိုင်တွေနဲ့ တစ်ခြား

ကိုယ်မကြိုက် ဟာတွေဆို ဖျောက်ထားလိုက်တာက ပိုကောင်းပါတယ်။လောလောဆယ် ဒီနေ့တော့ Flash ဖိုင်တွေ

ဖျောက်နည်းကိုပဲ တင်ပေးပါဦးမယ်။ ခု အောက်မှာ ပြထားတဲ့ ပုံ ၂ ပုံကို ကြည့်လိုက်ပါ။ မဖျောက်သေးခင် ပုံတွေပါ။





ဒီအောက်က ပုံတွေကတော့ ပေါ်နေတဲ့ Flash ဖိုင်တွေ အားလုံးကို ဖျောက်ထားပြီး ပုံတွေပါ။





သူငယ်ချင်းတို့ သဘောကျလိမ့်မယ်လို့ ထင်ပါတယ်။ မလိုအပ်တာတွေကို ဖျောက်ထားလိုက်တော့ ကိုယ့်စာမျက်နှာက

ကြည့်ရတာ ရှင်းလင်း သေသပ်နေတာကို မြင်နိုင်ပါတယ်။အဲလိုလေး သဘောကျတယ် လုပ်ချင်တယ်ဆိုရင်တော့..

ကိုယ့် Profile ပုံအောက်က ပြင်ဆင်ရန်ကို နှိပ်ပြီး Css Box ထဲမှာ အောက်က ကုတ်လေးကို မူလရှိပြီးသား ကုတ်တွေရဲ့

အပေါ်ဆုံးက ဖြစ်ဖြစ် အောက်ဆုံးက ဖြစ်ဖြစ် တစ်နေရာရာကနေထည့်ပြီး Save လုပ်ပါ။


.xg_reset .xg_module_body embed, .xg_reset .xg_module_body object {display:none !important;}



MM-Flash Songs ဆိုဒ်မှာ မန်ဘာဝင်ထားကြတဲ့ သူငယ်ချင်းများ   ဒီနေရာကို နှိပ်ပြီးသွားနိုင်ပါတယ်။

ပထမဦးဆုံး  မိမိ၏ CSS ကုတ်အားကြည့်ရန် (သို့) ထည့်ရန် ဆိုတာကို အရင်နှိပ်လိုက်ပါ။ ပေါ်လာတဲ့ Box ထဲကို

အပေါ်မှာ ပေးထားတဲ့ ကုတ်တွေကို ထည့်ပြီး သိမ်းရန်ဆိုတာကို နှိပ်လိုက်ရုံပါပဲခင်ဗျာ...


မှတ်ချက်။      ။ ကျွန်တော် ဒီနည်းနဲ့ ကုတ်ကို ကိုယ်တိုင် ရှာဖွေ စမ်းသပ်ပြီး ရေးတင်ထားတာ ဖြစ်ပါတယ်။

မိမိတို့ တစ်ခြားသူငယ်ချင်းတွေကို ပြန်လည်မျှဝေချင်လို့ တစ်ခြားဆိုဒ်တွေမှာ ပြန်တင်မယ်ဆိုရင် ကျွန်တော့်ဆိုဒ်ကို

Credit ပြန်ပေးဖို့ တောင်းဆိုပါတယ်။ ဒီလိုထည့်ရေးရတာကတော့ ကော်ပီသမားတွေ တစ်ဖြေးဖြေး များလာပြီး

ကိုယ်တိုင် ရေးထားသလိုလိုနဲ့ ပြင်တင်နေကြလို့ပါ။ မူရင်းလေးကို ထည့်ပေးကြပါလို့ပဲ ပြောချင်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်..။ ဆက်လက်ကြိုးစားပါဦးမည်....။ နမူနာကို ဒီနေရာလေးမှာ လာကြည့်နိုင်ပါတယ်။

No comments:

Post a Comment

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။