Saturday 12 January 2013

Black And Animate Theme for Ning Site!


ကဲ ဒီနေ့တော့ Flash Song တွေ လုပ်တာ ဝါသနာပါတဲ့ သူငယ်ချင်းတွေနဲ့ Flash Song တွေ နားထောင်ရတာ ကြိုက်တဲ့

သူငယ်ချင်းတွေအတွက် ရည်ရွယ်ပြီးတော့ ကျွန်တော် ဖန်တီးထားတဲ့ Ning Theme လေးကို တင်ပေးလိုက်ပါပြီ ။

ကိုယ်တိုင် လုပ်ထားတဲ့ Flash သီချင်းလေးတွေကို ကိုယ့်စာမျက်နှာမှာ နေရာကျယ်ကျယ် ၊ သေသပ် လှပစွာနဲ့


အပုဒ်ပေါင်းများစွာ တင်နိုင်ပါတယ်။ လောလောဆယ်တော့ အပုဒ် ၄၀ တင်ဖို့ပဲ လုပ်ထားပါတယ်။လိုအပ်ရင် နောက်ထပ်

HTML ကုတ်ကို Copy ထပ်ပွားပြီး သုံးလို့ ရပါတယ်။ သုံးချင်သူများ ဒီနေရာကို နှိပ်ပြီး ဒေါင်းပါ။ Zip ဖိုင်ထဲမှာ

Css Code နဲ့ HTML Code ကုတ် ၂ မျိုး ထည့်ပေးထားပါတယ်။ Css ကုတ်ကတော့ Theme အတွက်ပါ။ HTML ကုတ်က

Flash Song တွေ တင်ဖို့ဖြစ်ပါတယ်။ Css Code တွေကိုတော့ ကိုယ့်စိတ်ကြိုက် မပြင်ကြဖို့ပဲ ပြောချင်ပါတယ်..။

မူရင်း Theme စတိုင်လ်လေး ပျက်သွားမှာစိုးလို့ပါ။ HTML ကုတ်တွေထဲမှာတော့ ကိုယ့်သီချင်းတွေ တင်မယ်ဆိုရင်..

<a rel="nofollow" href="http://itwebcrazyboy.blogspot.com" target="_blank">Song Name</a>

အနီရောင်နဲ့ ပြထားတာတွေကို ပြင်ပြီး တင်လိုက်ပါရန်။ အသုံးပြုသူ အားလုံးကို ကျေးဇူး အထူးတင်ရှိပါသည်။


1 comment:

  1. ကျေးဇူးတင်ပါတယ်ခင်ဗျာ

    ReplyDelete

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။