Saturday 5 January 2013

Mouse ပုံနှင့် Effect ပြောင်းနည်း

Flash Song လုပ်တာ ဝါသနာပါတဲ့ သူငယ်ချင်းတွေအတွက် ဒီနည်းလေးက အရမ်းကို လိုအပ်မယ်လို့ ထင်ပါတယ်။

ကိုယ် လုပ်တဲ့ သီချင်းလေးထဲမှာ မောက်အဖက်လေးတွေ ထည့်တော့ ပိုလှတာပေါ့နော်..ကျွန်တော့်ဆိုဒ်မှာ တင်ထားတဲ့

မောက်အဖက်တွေက သုံးတဲ့လူတွေလည်း တော်တော်များသလို ကြာတော့ ရိုးသွားပြီး မသုံးချင်ကြတဲ့လူတွေလည်း

ရှိပါတယ်။ သူများနဲ့ မတူအောင် ကိုယ်သုံးချင်တဲ့ ပုံလေးတွေနဲ့ ကိုယ်ကြိုက်တဲ့ အဖက်ဒီဇိုင်းလေးနဲ့ မောက်အဖက်

ကိုယ်တိုင် ဖန်တီး ချင်တဲ့ သူငယ်ချင်းများအတွက် MM-Flash Songs ဆိုဒ်က Flash Song ပြိုင်ပွဲ Level-2 မှာ ပထမဆု

ရခဲ့တဲ့ ကျွန်တော့်သူငယ်ချင်း ခေတ်သစ်မောင် သူ  Recoding လုပ်ထားတဲ့ Video ဖိုင်လေးကို တင်ပေးလိုက်ပါတယ်။

အောက်မှာ လေ့လာလာကြည့်ပါဦးနော်...


မူရင်း ဗွီဒီယိုဖိုင်က အရမ်းကို ကြည်လင်ပြီး ကြည့်ရတာ ရှင်းပေမယ့် ကျွန်တော့်ဘလော့မှာ Upload တင်လိုက်တော့

နည်းနည်း ဝါးသွားပါတယ်။ အဲဒီတော့ မူရင်း ဖိုင်ကို ဒေါင်းလုပ်ထပ်ဆွဲပြီး သေချာလေ့လာကြည့်စေချင်ပါတယ်။

စိတ်ဝင်စားတယ် လိုချင်တယ်ဆိုရင်တော့ ဒီနေရာလေးမှာ ဒေါင်းယူနိုင်ပါတယ်။ ဒီ ဗွီဒီယိုဖိုင်ထဲမှာ နမူနာ လုပ်ပြထားတဲ့

လိပ်ပြာ မောက်အဖက်ကို ဒီနေရာလေးမှာ ဒေါင်းယူနိုင်ပါတယ်။

MM-Flash Songs ဆိုဒ်က ခေတ်သစ်မောင်ရဲ့ အိမ်လေးကို သွားလည်ချင်တယ်ဆိုရင်တော့ ဒီနေရာလေးကို ကလစ်ပါ။

Flash Songs လုပ်တာနဲ့ ပက်သက်ပြီး လိုအပ်နေတဲ့ နေရာလေးတစ်ခုကနေ ကူညီပေးတဲ့ သူငယ်ချင်းကို အထူးပင်

ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်ခင်ဗျာ....

No comments:

Post a Comment

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။