ခု 2013 ထဲ အရောက်မှာ Mediafire မှာ Sign Up လုပ်ပြီး ဆော့ဝဲလ်တွေနဲ့ တစ်ခြား ဖိုင်တွေ Upload တင်ပြီး မျှဝေနေတဲ့
သူငယ်ချင်း တော်တော်များများ အကောင့်တွေ ဘမ်းခံရ ဖျက်ခံရနဲ့ တစ်ချို့ကျတော့ ဖိုင်တွေပဲ ဖျက်တာခံရပါတယ်။
တစ်ခြား Upload တင်လို့ ရတဲ့ ဆိုဒ်တွေဆိုလည်း အဲဒီအတိုင်းပါပဲ ကိုယ်တင်ထားတာက Copy Right ငြိလို့ ဖျက်ခံရတာတို့
တင်ပြီး ၆လ ၁နှစ်လောက်နေတာနဲ့ လင့်ပျက်သွားတာတို့နဲ့ ခဏခဏ Upload ပြန်တင်နေရတာက စိတ်ပျက်စရာပါ။
ကိုယ်ပိုင် ကွန်ပျူတာနဲ့ အင်တာနက်ကို အမြဲသုံးနေနိုင်တဲ့လူတွေကတော့ အဆင်ပြေမှာပေါ့။ ဘယ်လိုပဲ ဖြစ်ဖြစ် တစ်ခါတင်ပြီး
ကြာကြာခံမယ်ဆို မကြိုက်တဲ့လူ မရှိလောက်ဘူးလို့ ထင်ပါတယ်။ ဖိုင်တွေ Upload တင်လို့ ရတဲ့ ဆိုဒ်တွေထဲမှာ ကျွန်တော်
ရှာဖွေတွေ့ရှိပြီး အသုံးများတဲ့ ဆိုဒ်တွေကတော့ http://sites.google.com နဲ့ http://code.google.com ဆိုဒ်တွေပါပဲ။
blogger တွေ အသုံးများတဲ့ ဆိုဒ်ကတော့ http://code.google.com ဖြစ်မယ် ထင်ပါတယ်။ သူ့ကို js ဖိုင်တွေ တင်တဲ့နေရာမှာ
သုံးကြပါတယ်။ ဆော့ဝဲလ်တွေနဲ့ တစ်ခြားဖိုင်တွေလည်း တင်ချင်ရင် တင်လို့ ရပါတယ်။ http://sites.google.com ကတော့
Flash Song တွေ PDF ဖိုင်တွေ တင်မယ်ဆိုရင် ဒါရိုက်လည်း ဖွင့်ပြီး နားထောင်လို့ ကြည့်လို့ ရပါတယ်။ အဆင်ပြေသလို သုံးပေါ့။
အဲဒီဆိုဒ်တွေကတော့ ဖိုင်ဆိုဒ် 30MB ဝန်ကျင်လောက်ထိပဲ အများဆုံး တင်လို့ ရပါတယ်။ သူ့ထက် ဖိုင်ဆိုဒ်ကြီးသွားရင်
တင်ရတာ အဆင်မပြေတော့ပါဘူး။ ဒါနဲ့ ဖိုင်ဆိုဒ်ကြီးတာတွေ တင်နိုင်ပြီး ရေရှည်ခံမယ့် ဆိုဒ် လိုက်ရှာတော့ www.4shared.com
ဆိုတာ တွေ့မိတယ်။ ၅ နှစ်လောက်ထိ ကြာရှည်ခံတာ တွေ့တယ်။ အဲဒီဆိုဒ်က မလေးဘာသာနဲ့ ရေးထားတော့ လူတိုင်း ဖတ်လို့
အဆင်မပြေမှာနဲ့ Download လုပ်တဲ့အခါမှာလည်း Register လုပ်ပြီးသား လူတွေသာ ဒေါင်းလို့ ရမှာဆိုတော့ အဆင်မပြေပြန်ဘူး
ကျွန်တော် ဒီနေ့တော့ ဖိုင်တွေ လုံခြုံစိတ်ချရပြီး ရေရှည်သိမ်းထားနိုင်မယ့် ဖိုင်ဆိုဒ်အကြီးကြီးတွေပါ တင်လို့ရတဲ့ အရမ်းကောင်းတဲ့
ဆိုဒ်တစ်ခုကို တွေ့ရှိခဲ့ပါတယ်။ တစ်ခြား ဖိုင်တွေ Upload တင်ပြီး ပြန်လည်မျှဝေနေသူတွေအားလုံး အသုံးပြုစေချင်တဲ့ စေတနာနဲ့
ဖိုင်တွေကို ဘယ်လို Upload တင်ပြီး ဘယ်လို ရှယ်ရမလဲဆိုတာကို ရေးသား ဖော်ပြပေးလိုက်ပါတယ်။
[1] ပထမဦးဆုံး http://drive.google.com/ ကို သွားပြီး သင့် Gmail အကောင့်နဲ့ Sign In လုပ်ပါ။

[2] အောက်က စာမျက်နှာကို ရောက်သွားပါလိမ့်မယ်။ Upload ကို နှိပ်ပြီး သင်တင်ချင်တဲ့ ဖိုင်ကို တင်နိုင်ပါတယ်။
New Folder ကို နှိပ်ပြီး ကိုယ်တင်တဲ့ ဖိုင်အမျိုးအစားအလိုက် Folder လေးတွေ ခွဲထားလို့ ရပါတယ်။ အကောင့်တစ်ခုကို
စုစုပေါင်း 5GB အထိ သိမ်းဆည်းပြီး ပြန်ရှယ်ပေးလို့ ရပါတယ်။

[3]ဒီအောက်က ပုံကတော့ ကျွန်တော် Photoshop CS3 Portable နဲ့ တစ်ခြား ဖိုင်၂ ခုကို တင်ပြီးသွားတာ ဖြစ်ပါတယ်။

[4] ခု ကိုယ် Upload တင်ထားတဲ့ ဖိုင်ကို ဘယ်လိုမျှဝေရမလဲ ဆိုတာကို ရှင်းပြပေးပါမယ်။ အောက်ကပုံလေး အတိုင်း ကိုယ် Share
ချင်တဲ့ ဖိုင်နာမည်ရဲ့ ရှေ့မှာ အမှတ်ခြစ်လေး လုပ်ပြီးတော့ More >> Share >>Share ကို ဆက်သွားပြီး နှိပ်ပါ။

အဲဒါဆိုရင်တော့ အောက်က ပုံလေးအတိုင်း ပေါ်လာပါလိမ့်မယ်။ Change.. ကို နှိပ်ပေးပါ။

Sharing settings ပိုင်းမှာ Pubic on the web ကို ရွေးပြီး Save လုပ်ပါ။ ဒါဆိုရင်တော့ ကိုယ်ရှယ်ပေးတဲ့ ဆော့ဝဲလ် [သို့] ဖိုင်ကို
Download လုပ်ယူတဲ့အခါ ဘယ်သူမဆို Gmail sign in လုပ်စရာမလိုပဲ အဆင်ပြေစွာ ဒေါင်းယူလို့ ရနိုင်ပါလိမ့်မယ်။

အားလုံးပဲ အဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်။ နောက်တစ်ချိန်မှာ Google Drive ကို အသုံးပြီး ဖိုင်တွေ Upload တင်ပြီး
ပြန်လည်မျှဝေသူတွေ ပေါများလာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဖိုင်တွေ လုံခြုံစိတ်ချရပြီး ကြာရှာစွာ သိမ်းဆည်း မျှဝေနိုင်မယ့်
Files Store တစ်ခုအဖြစ် Google Drive ကို အသုံးပြုကြဖို့လည်း သူငယ်ချင်းများကို အသိပေး တိုက်တွန်းလိုက်ရပါတယ်။
ကျွန်တော် Upload တင်ထားတဲ့ Photoshtop CS3 Portable ကို လိုချင်တယ်ဆိုရင် ဒီနေရာလေးမှာ သွားရောက်ဒေါင်းယူနိုင်ပါပြီ။
မှတ်ချက်။ ။ ဒီပို့စ်လေးကို ပြန်လည်ကူးယူပြီး မျှဝေမယ်ဆိုရင်တော့ ကျွန်တော့်ဆိုဒ်ကို Credit ပြန်ပေးဖို့ တောင်းဆိုပါတယ်။

No comments:
Post a Comment
Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။