Sunday 17 March 2013

HTML CSS လေ့လာလိုသူများအတွက်..

ကျွန်တော်လည်း ဒီလထဲမှာ ပို့စ်အသစ်မတင်ဖြစ်သေးဘူး။ ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေ များနေတာနဲ့ ဆိုဒ်ထဲကို

ခဏလောက်ပဲ ဝင်ကြည့်နိုင်တယ်။ စိတ်ညစ်နေတာလေးတွေရယ် အပျင်းထူနေတာတွေနဲ့ ရောသွားတာလည်း ပါတယ်ပေါ့လေ..။

ကျွန်တော်ဆိုဒ်ကို လာလည်ကြတဲ့ သူငယ်ချင်းတွေကတော့ ပြောပါတယ်။ ဆိုဒ်လေး ပြင်ထားတာ လှတယ်တဲ့..နောက်ပြီးတော့..

ကျွန်တော် Flash Song Album လေးတွေ လုပ်ထားတာတွေကိုလည်း သဘောကျလို့ သူတို့လည်း လုပ်ချင်တယ်..အဲလိုမျိုးလေး

ဘယ်လို လုပ်လဲဆိုပြီး မေးလာလို့ပါ.. ကိုယ်ပိုင် Website ထောင်ထားတဲ့ သူငယ်ချင်းတွေပဲ ဖြစ်ဖြစ် Ning ဆိုဒ်တို့ တစ်ခြား

HTML, CSS အလုပ်လုပ်တဲ့ ဆိုဒ်တိုင်းမှာ ကိုယ့်ဆိုဒ်ကြိုက် ပြင်ဆင်ချင်တယ်ဆိုရင်..HTML, CSS Code တွေအကြောင်းကို


နားလည်ရင် အရမ်းကို အဆင်ပြေပါတယ်.. ကိုယ်ပိုင် Web Page လေးတွေ လုပ်ချင်တဲ့ သူငယ်ချင်းတွေလည်း လုပ်လို့ရမှာပါ..

နည်းပညာ အခြေခံကို သိရင် တစ်ခြားအရာတွေကိုလည်း ကိုယ်စိတ်ကူးရှိသလို ဖန်တီးလို့ရနိုင်မယ်လို့ ထင်ပါတယ်...

အဓိက ကတော့ HTML နဲ့ CSS Code တွေအကြောင်းကို လေ့လာကြဖို့ပဲ တိုက်တွန်းချင်ပါတယ်.. စာများများဖတ်ပေးပါ......

ကျွန်တော်ပထမဦးဆုံး လေ့လာခဲ့တဲ့ Website ကတော့ http://www.quackit.com/ ပါ....။

http://www.quackit.com/pix/quackit_logo.gif

အဲဒီ ဝဘ်ဆိုဒ်မှာ HTML,CSS နဲ့ ပက်သက်တာလေးတွေ အတော်ကို စုံပါတယ်။ နမူနာလေးတွေနဲ့ ပြပေးထားပါတယ်..။

HTML လေ့လာရန် >> http://www.quackit.com/html/

CSS လေ့လာရန် >> http://www.quackit.com/css/


ခုနောက်ပိုင်း လေ့လာနေတဲ့ ဝဘ်ဆိုဒ်ကတော့ http://www.w3schools.com/ ပဲ ဖြစ်ပါတယ်..။



အဲဒီဆိုဒ်က HTML, CSS နဲ့ ပက်သက်ပြီး ရေးထားတာတွေ ပိုစုံပါတယ်။ ပထမဦးဆုံး သူက နမူနာလေးတွေနဲ့ ပြပေးထားတယ်။

နောက် ကိုယ်တိုင် စမ်းသပ်ပြီး လုပ်ကြည့်လို့လည်း ရတယ်။ အဲဒီကနေမှ နောက်ပိုင်း ကိုယ်ပိုင် လုပ်နိုင်အောင် ရည်ရွယ်တယ်ပေါ့။

HTML, CSS တွေနဲ့ ပက်သက်ပြီး လေ့လာသင့်တဲ့ ဝဘ်ဆိုဒ်ကောင်းပါ။ မြန်မာ ပညာရှင်တွေ အဲဒီဆိုဒ်မှာပဲ လေ့လာတာ များတယ်။

အင်္ဂလိပ်လို အနည်းအပါးတော့ နားလည်ဖို့ လိုပါမယ်။ အဲဒါဆိုရင်တော့ လေ့လာရတာ ပိုလွယ်တာပေါ့နော်..

ကျွန်တော့်လို အင်္ဂလိပ်စာ အားနည်းတဲ့လူတောင် တစ်ခါတစ်ခါမှ သွားလေ့လာတာ မနည်းတော့ လုပ်တတ်နေပြီေိေိ [ ကြွားတာ ]

အင်္ဂလိပ်လို မို့လို့ မလေ့လာနိုင်ဘူးလား.။ HTML, CSS Code တွေကြောင်း  မြန်မာလို ရေးသားထားတယ်ဆိုရင်တော့.....

ကျွန်တော်တို့တွေ အားလုံး စိတ်ကြိုက် အလွယ်တကူ လေ့လာနိုင်မှာပါ..... http://soemoeaung.com/ ပါပဲခင်ဗျာ..။


html html


HTML လေ့လာရန်

CSS လေ့လာရန်

အဲလောက်ဆိုရင်တော့ သူငယ်ချင်းတို့ အားလုံး အဆင်ပြေမယ် ထင်ပါတယ်။ အနော်တို့က အမြဲတမ်း အင်တာနက် မသုံးနိုင်ဘူး။

Ebook လေးတွေနဲ့ မြန်မာလို ရေးထားတဲ့ စာအုပ်လေးတွေရှိရင် လိုချင်ပါတယ်ဆိုရင်တော့ အောက်မှာ ဒေါင်းသွားလိုက်ပါ..။






လိုင်းပေါ်မှာတင် ဖတ်ချင်တယ်ဆိုရင်တော့ http://thurainlin89.wordpress.com/ မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။

အားလုံးပဲ အဆင်ပြေပါစေဗျာ.. ကျွန်တော့်ဘလော့လေးကို လာလည်ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်...

Update: Download Link Update On 13/10/2013

No comments:

Post a Comment

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။