Saturday 20 April 2013

Blog ကို Redirect လုပ်နည်း

ကျွန်တော် အရင်တုန်းက Blog ကို ကလိရတာ တော်တော်လေး ဝါသနာပါနေတဲ့အချိန်ကပေါ့။ ပို့စ်တင်တဲ့ Blog က

တစ်ခု HTML/CSS တွေ စမ်းဖို့က တစ်ခု အဲလိုနဲ့ နောက်ထပ် ပို့စ်တွေ Backup လုပ်ထားတာကို ပြန်တင်ဖို့ဆိုပြီး

လုပ်ထားတာတွေရောဆို မနည်းများပါတယ်။ ဘလော့စလုပ်ခါစ သူငယ်ချင်းတွေလည်း အဲလိုပဲ နေမှာပါ။

တစ်ယောက်ကို အနည်းဆုံး ၂ ခုကနေ တစ်ချို့ဆို အများကြီးပါပဲ။ Free လုပ်လို့ ရနေတာဆိုတော့ ပျင်းရင် ကလိပေါ့။

နောက်ပိုင်း Blog တစ်ခုမှာပဲ ပို့စ်တွေ သေချာတင်တော့မယ်ဆိုတော့ အရင်လုပ်ပြီးသား ဘလော့လေးတွေကိုလည်း

လာနေကြတဲ့ သူငယ်ချင်းတွေ ရှိတယ်လေ။ ကိုယ်က ပို့စ်တင်တဲ့ ဘလော့ကိုပဲ အားလုံးကို လာစေချင်တယ်။

ဆိုဒ်ပြောင်းသွားပါသည် လို့ စာကြီးရေးထားတဲ့လူတွေလည်း ရှိတာပဲ။ ခုကတော့ အော်တို Redirect လုပ်တာပေါ့နော်။

နမူနာ ကြည့်ချင်တယ်ဆိုရင် ဒီနေရာလေးကို နှိပ်ပါ။ အောက်ကပုံလေးအတိုင်း တွေ့ရပါလိမ့်မယ်။



အဲလိုလုပ်မယ်ဆိုရင်တော့ ကျွန်တော် အရင်ရေးထားတဲ့ How to deface blogspot ဆိုတဲ့ပို့စ်လေးကို သွားဖတ်လိုက်ပါ။

ပြီးရင် ဒီ Template HTML ဆိုတဲ့ Box ထဲက ကုတ်တွေကို ဖျက်ပြီး ကိုယ့် HTML ကုတ်တွေကို ထည့်လိုက်ပါ။

ကုတ်တွေထဲက </head> အောက်မှာ <meta HTTP-EQUIV="REFRESH" content="5; url= Your Blog URL ">

ဆိုတာလေးကို ထည့်ပေးပါ။ အနီရောင်နဲ့ ပြထားတဲ့ 5 က 5 စက္ကန့် ဖြစ်ပါတယ်။ Your Blog URL မှာ ကိုယ့် Blog လင့်

ထည့်ပေးလိုက်ပေါ့။ အဲဒါအတိုင်းဆိုရင် ကိုယ်ထည့်ထားတဲ့ လင့်လိပ်စာကို ၅ စက္ကန့်ကြာတာနဲ့ Redirect ဖြစ်သွားမှာပါ။



HTML အခြေခံကုတ်ကတော့ အောက်ပါအတိုင်းပါပဲ။

<html>
<head>
<title> Your Blog Title </title>
<style>
Add CSS Code Here !
</style>
</head>
<meta HTTP-EQUIV="REFRESH" content="5; url= Your Blog URL ">
<body>
Add HTML Code Here !
</body>
</html>

ကျွန်တော်ကတော့ ဒီကုတ်လေး သုံးပါတယ်။ ကြိုက်ရင် ယူသုံးပေါ့ ။

<html>
<head>
<title>http://thurainlin89.blogspot.com</title>
<style>
body,embed { margin: 0px !important; padding: 0px !important;}
</style>
</head>
<meta HTTP-EQUIV="REFRESH" content="5; url=http://thurainlin89.blogspot.com">
<body>
<center>
<embed src="https://sites.google.com/site/thurainlin89/Uno.swf?attredirects=0" quality="high" allowscriptaccess="always" type="application/x-shockwave-flash" pluginspage="http://www.macromedia.com/go/getflashplayer" align="middle" height="650" width="100%"></embed>
</center>
</body>
</html>

No comments:

Post a Comment

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။