Saturday 20 April 2013

How to deface blogspot

Deface ဆိုတာကတော့ HTML,CSS,Javascript ကုတ်တွေနဲ့ ဖန်တီးထားတဲ့ Web Page တစ်ခုပါပဲ။ Deface ကို

Hacker တွေပဲ အသုံးများပါတယ်။ ဝဘ်ဆိုဒ်တစ်ခုကို Hack လို့ ရသွားပြီဆိုရင် ကိုယ် Hack ထားကြောင်း ကိုယ့် Logo

ပုံနဲ့ ကိုယ်ပြောချင်တာတွေကို ရေးထားခဲ့တာပါ။ ကျွန်တော်ကတော့ Blog ကို Redirect လုပ်ဖို့နဲ့ HTML,CSS ကုတ်တွေ

စမ်းချင်လို့ လေ့လာခဲ့တာပါ။ ဒီနည်းလေးကို သိချင်လို့ လိုက်ရှာနေတာ ဟိုအရင်တစ်နေ့ကမှ Youtube မှာ တွေ့တယ်။

ဒီနေ့ သူငယ်ချင်းတွေကို ဗဟုသုတရစေချင်လို့ ဒီနည်းလေးကို ပြန်ရှယ်ပေးလိုက်တာပါ။ စမ်းကြည့်ချင်တယ်ဆိုရင်..

ပထမဦးဆုံး http://www.blogger.com/ ကို သွားပြီးတော့ သင့်ဘလော့ကို Sign In လုပ်ပါ။ အဲဒါဆိုရင်တော့

http://www.blogger.com/home ကို ရောက်သွားပါလိမ့်မယ်။ အောက်ကပုံမှာ ပြထားတဲ့ Template ကို နှိပ်ပါ။




 Template တွေပြောင်းတဲ့ နေရာကို ရောက်သွားပါလိမ့်မယ်။ ပြထားတဲ့ Template  တွေ အောက်ဆုံးက


Revert to classic templates ကို နှိပ်ပါ။



ဒီလိုမျိုး ထပ်ပေါ်လာပြီဆိုရင် Revert to classic templates ကိုပဲ ဆက်နှိပ်လိုက်ပါ။



အဲဒါဆိုရင်တော့ Templates HTML ဆိုပြီး တွေ့ရပါလိမ့်မယ်။ NavBar ကို Off လုပ်လိုက်ပါ။ ပြီးရင် သူ့အောက်က

Templates ကုတ်တွေ အားလုံးကို ဖျက်ပြီး ကိုယ့် Deface ကုတ်တွေထည့်ပါ။  Preview ဆိုတာကို နှိပ်ပြီးတော့

အစမ်းကြည့်လို့ ရပါတယ်။ စိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့ Save Template ကို နှိပ်လိုက်ရုံပါပဲ ။




ခုလောလောဆယ် နမူနာကြည့်ချင်တယ်ဆိုရင် http://lovebestfriends2028.blogspot.com/ ကို သွားလိုက်ပါ။

အဲဒီမှာ ကျွန်တော် ခုနောက်ဆုံး လုပ်ထားတဲ့ Mp3 Album လေးကို တွေ့ရမှာဖြစ်ပါတယ်။




Deface/ Web Page တစ်ခုကို သူငယ်ချင်းတို့အနေနဲ့ HTML,CSS ကုတ်တွေ ကိုယ်တိုင် ရေးပြီး မလုပ်တတ်တာတို့

ကိုယ်တိုင် ရေးရမှာ ပျင်းတယ်ဆိုရင် Advanced Deface Creator v.2 ကို ဒေါင်းပြီး စမ်းကြည့်လို့ ရပါတယ်။

သူငယ်ချင်းများအားလုံး အစစ အရာရာ အဆင်ပြေပျော်ရွှင်ပါစေလို့ ဆန္ဒပြုပေးလိုက်ပါတယ်.........။

No comments:

Post a Comment

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။