Monday 29 April 2013

Google Drive မှ တင်ပေးထားသော ဆော့ဝဲလ်များကို ဒေါင်းနည်း

ကျွန်တော် ဒီနောက်ပိုင်း ဖိုင်ဆိုဒ် ကြီးတဲ့ ဆော့ဝဲလ်တွေဆိုရင်  Google Drive ကပဲ တင်ပါတယ်။ အဲဒီက Upload တင်ရတာ

အရမ်းအဆင်ပြေသလို ကိုယ်တင်ထားတဲ့ ဆော့ဝဲလ်တွေလည်း ကြာကြာခံစေချင်လို့ပါ။ Flash Song ဝါသနာရှင်တွေအတွက်

 http://flashsongcreators.blogspot.com/ မှာ တင်ပေးထားတဲ့ SWiSHMax2, 3, 4 Portable တွေကို ဒေါင်းကြတာ

မရဘူးဆိုတဲ့ သူငယ်ချင်းတွေအတွက် ဒီနေ့ Google Drive ကနေ ဘယ်လို ဒေါင်းလုပ် ဆွဲရတယ်ဆိုတာ ပြောပြပေးပါမယ်။

နမူနာအဖြစ် SWiSH Max3 Portable လေးကို ဒေါင်းပြပါမယ်။ ပထမဦးဆုံး ဒီလင့်လေးကို နှိပ်ပြီးတော့ သွားလိုက်ပါ။

No preview available  ဆိုတဲ့အောက်က Download ကို နှိပ်ပါ။




နောက်ထပ် စာမျက်နှာ တစ်ခုကို ရောက်သွားပါလိမ့်မယ်။ အဲဒီမှာ ဒီအောက်က အတိုင်း ပေါ်နေပါလိမ့်မယ်။



Download anyway ဆိုတဲ့လင့်ကို နှိပ်လိုက်တာနဲ့ Download Box လေးတက်လာပါလိမ့်မယ်....။



Save ကိုရွေးပြီး OK နှိပ်ပေးလိုက်တာနဲ့ ဒေါင်းနေပါလိမ့်မယ်။



 နောက် တစ်ခါတည်း ပြောပြချင်တာက ဒီအောက်က ပုံလို Download Button မပေါ်ပဲ ဖိုင်တွေ တစ်ခုစီ ပေါ်နေတယ်ဆိုရင်....



 အောက်ကပုံလေးအတိုင်း File >> Download ကို နှိပ်လိုက်ပါ။



.rar သို့ .zip ဆိုတဲ့ ဖိုင်လေးနဲ့ ဒေါင်းလုပ်ကျလာပါလိမ့်မယ်။ အားလုံးပဲ အဆင်ပြေကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...။

No comments:

Post a Comment

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။