Tuesday, 2 April 2013

ဘလော့က Labels တွေကို Scroll Bar လေး ထည့်ချင်ရင်..



ဒါလေးကိုလည်း သူငယ်ချင်းတစ်ယောက် တောင်းထားလို့ တင်ပေးလိုက်ပါတယ်။ Blog တစ်ခုမှာ Labels ဆိုတာ

မရှိမဖြစ် လိုအပ်တဲ့ Gadget တစ်ခုပါ။ ဒါမှလည်း ကိုယ့်ဆိုဒ်က လိုချင်တာ ရှာတဲ့အခါ Flash နဲ့ ပက်သာတာတို့

Blog , Coding စသည်ဖြင့် အမျိုးအစားတူ ပို့စ်တွေချည်းကိုပဲ ရွေးဖတ်လို့ ရနိုင်မှာပါ။ အဲဒီ Labels တွေလည်း

အမျိုးအစားပေါင်းများလာရင် Blog Sidebar မှာ အရှည်ကြီး ဖြစ်နေပါလိမ့်မယ်။ အဲဒါကို ကျွန်တော်တို့က


Scroll Bar လေးနဲ့ ချုံ့ထားလိုက်တဲ့အခါကျတော့ ဆိုဒ်က နေရာစားသက်သာပြီး သပ်သပ်ရပ်ရပ်လေး ဖြစ်သွားပါတယ်။

ဒီလိုအတွေးလေး ရတာနဲ့ ကျွန်တော် HTML,CSS ကုတ်တွေ လိုက်မွှေပြီးတော့ ဒီ Code ကို  စမ်းသပ်အောင်မြင်ခဲ့တာပါ။

Labels တစ်ခုတင်မဟုတ်ပဲ Sidebar က Gadget တွေအားလုံး သတ်မှတ်ထားတဲ့ အမြင့်ရောက်တာနဲ့ Scroll Bar လေး

ပေါ်လာမှာ ဖြစ်ပါတယ်။ သဘောကျ ကြိုက်နှစ်သက်တယ်ဆိုရင်တော့ အောက်က Code ကို အသုံးပြုပါ။

<style>

/* Scroll Bar For Gadget  */

.sidebar .widget {

max-height: 500px;

overflow-y: auto;}

</style>


Code တွေကို အောက်ပါ အတိုင်းသွားပြီး ထည့်လိုက်ပါ။

[ 1 ] Design 

[ 2 ] Layout  

[ 3 ] Add a Gadget 

[ 4 ] HTML/JavaScript

[ 5 ] Enter Code & Save.

500px  အမြင့်ကို ကိုယ်လိုချင်သလောက် ဂဏန်းတွေ အတိုးအလျှော့လုပ်နိုင်ပါတယ်။
ကုတ်ထည့်နည်းက အရင်ပို့စ်မှာ ရေးထားပြီးသားဖြစ်လို့ ထပ်မရေးတော့ပါဘူး။ တစ်ကယ်လို့ သင့် Blog မှာ

Labels ဆိုတာ မရှိသေးရင် အောက်ပါအတိုင်း လုပ်ပေးဖို့ လိုအပ်ပါတယ်။

[ 1 ] Design
 

[ 2 ] Layout  

[ 3 ] Add a Gadget

[ 4 ] Labels & Save.







ကိုယ် ပို့စ်တစ်ပုဒ်ရေးတိုင်းမှာလည်း Labels မှာ ပို့စ်အမျိုးအစား ရေးပေးဖို့ လိုအပ်ပါတယ်..။




အဲဒါဆိုရင်တော့ ဒါမျိုး ပေါ်လာပါလိမ့်မယ်..။




မှတ်ချက်။         ။ ဒီ Scroll Bar For Gadget Code ကို ကျွန်တော်ကိုယ်တိုင် ရှာဖွေ စမ်းသပ် အောင်မြင်ခဲ့တာ

ဖြစ်ပါတယ်။ ဒီနည်းကို ပြန်လည်မျှဝေမယ်ဆိုရင် ပို့စ်ရဲ့ တစ်နေရာရာမှာ ကျွန်တော့်နာမည် [ သို့ ] ဆိုဒ်လင့်

တစ်ခုခုကို ထည့်သွင်းဖော်ပြပေးဖို့ မေတ္တာရပ်ခံပါတယ်။ [ မူရင်းကို တန်ဖိုးထားစေချင်တဲ့ သဘောမလို့ပါ။ ]

နားလည်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အားလုံးပဲ အဆင်ပြေကြပါစေလို့ ဆန္ဒပြုပေးလိုက်ပါတယ်...။


No comments:

Post a Comment

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။