Wednesday 3 April 2013

Flash Song Album [ Web Page ] လုပ်နည်း..

ဒီ Album လုပ်နည်းကို မေးနေတဲ့သူတွေ တော်တော်များပါတယ်။ ကျွန်တော်လည်း HTML,CSS ကုတ်လေးတွေ

လိုက်ကလိရင်း စိတ်ကူးလေးရတာနဲ့ Flash Song Album လေးတွေ လုပ်ဖြစ်တာ ခုဆို ၅ ခုလောက်ရှိပြီ ထင်တယ်။

အမှန်အတိုင်းပြောရရင် ကျွန်တော် Flash Song တစ်ပုဒ်တောင် ကောင်းကောင်း မလုပ်တတ်ပါဘူး။ ဟို..အရင်က

ဝါသနာ အရမ်းပါနေတာနဲ့ ၃ ၄ပုဒ်လောက်တော့ စမ်းလုပ်ဖူးသေးတယ်။ မလုပ်တတ်တော့ အချိန် ၄ နာရီလောက်

ပေးရတယ်။ လက်လည်းညောင်း၊ မျက်စိလည်းညောင်း၊ နားတွေလည်းအူနဲ့ နောက်တော့ ကျွန်တော်အပျင်းထူပြီး

မလုပ်ဖြစ်တော့ဘူး။ ကိုယ်က Coding ပိုင်းကို ပိုစိတ်ဝင်စားတာဆိုတော့ အဲဒါပဲ လိုက်လေ့လာနေတာ။ ခုတော့

မနည်းလေး သိလာပါပြီ။ Flash Song Album လုပ်တာက သိပ်တော့ မခက်ပါဘူး။ Web Page တစ်ခု လုပ်တာဆိုတော့

HTML, CSS အကြောင်းတော့ အနည်းအပါး အနည်းအပါး နားလည်ထားဖို့ လိုပါတယ်။ ကျွန်တော် ဒီနေရာလေးမှာ

 တင်ပေးထားပါပြီ။ အခြေခံကနေ ကျွမ်းကျင်တဲ့အဆင့်အထိကတော့ ကိုယ်စိတ်ဝင်တစားနဲ့ လေ့လာဖို့ပဲ လိုပါတယ်။


 Flash Song Album တစ်ခု လုပ်မယ်ဆိုရင် SWiSH Max ဆော့ဝဲလ် လိုအပ်ပါတယ်။ Play/Stop Button တွေ လိုတယ်။

ကျွန်တော်တို့က SWiSH Max ဆော့ဝဲလ်ကို Play/ Stop Button နဲ့ Mp3 သီချင်းထည့်ပြီးတော့ SWF ဖိုင်ထုတ်မယ်။

ကျန်တာကို Notepad နဲ့ပဲ ဆက်လုပ်ပါမယ်။ HTML Portable Editor နဲ့ လုပ်လည်းရပါတယ်။ အဲဒါကတော့ ကိုယ်

အဆင်ပြေတာနဲ့ လုပ်ပါ။ Album လုပ်တဲ့အခါ ဇယားကွက်လေးတွေနဲ့ လုပ်ဖို့ Table Code တွေ သုံးပါမယ်..။

Flash Song [ SWF ] ဖိုင်တွေ ပေါ်ဖို့အတွက်က ကုတ်နဲ့ပဲ ထည့်ရပါတယ်။ Web Page လုပ်ဖို့ လိုအပ်တဲ့

Code တွေ အားလုံးကို ဒီနေရာလေးမှာ နှိပ်ပြီး ဒေါင်းယူလိုက်ပါ။



Window မှာ ပါပြီးသား Notepad နဲ့ လုပ်မယ်ဆိုရင် သိထားသင့်တာလေးတွေကတော့...



HTML ဖိုင် သိမ်းတဲ့အခါ ... [ Save As.. ]






[ 1 ] HTML ဖိုင် Save တဲ့အခါ ဖိုင်နာမည်ရဲ့ နောက်မှာ .html ဆိုတာကို မဖြစ်မနေ ထည့်ပေးရပါမယ်။

[ 2 ] All Files ကို ရွေးပေးပါ။ ( ကျွန်တော် ဝိုင်းပြထားတဲ့ နေရာလေးတွေကနေ သွားရွေးလိုက်ပါ။ )

[ 3 ] UTF-8 ကို ရွေးပေးပါ။ ( HTML ဖိုင်ကို လင့်ထုတ်ပြီး ဖွင့်လိုက်ရင် ကုတ်တွေချည်းထွက်လာတတ်လို့ပါ။ )

အဲဒါဆိုရင် သူငယ်ချင်းတို့ သိမ်းလိုက်တဲ့ဖိုင်လေးက အောက်ကပုံလေးအတိုင်း ဖြစ်သွားပါလိမ့်မယ်..။



 ၂ ချက် ကလစ်လိုက်တာနဲ့ ကိုယ်လုပ်ထားတဲ့ Album လေး ပွင့်လာပါလိမ့်မယ်။ အားလုံးပဲ အဆင်ပြေကြပါစေ..

ကျွန်တော်က ခု အခြေခံ သဘောတရားလောက်ပဲ ပြောပြတာပါ။ အသေးစိတ်ကတော့ HTML,CSS အကြောင်းကို

မြန်မာလိုရေးထားတဲ့ Ebook တွေကို http://thurainlin89.wordpress.com/ မှာ Upload တင်ပေးထားပါတယ်။

လိုင်းပေါ်မှာတင် တိုက်ရိုက်ဖတ်နိုင်သလို  Download ဆွဲလို့လည်း ရပါတယ်နော်..သူငယ်ချင်းတို့ လုပ်ချင်နေတဲ့

Flash Songs Album တွေကို ကိုယ်ပိုင် ဒီဇိုင်းနဲ့ ဖန်တီးနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...။

အဆင်မပြေတာလေးတွေ၊ သိချင်တာလေးတွေရှိရင်၊ itwebcrazyboy@gmail.com ကို Mail ပို့ပြီး မေးမြန်းနိုင်ပါတယ်..

No comments:

Post a Comment

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။