Saturday 11 May 2013

Blog မှာ ဇော်ဂျီဖောင့် ကောင်းကောင်းပေါ်စေချင်ရင်

ကျွန်တော်တို့တွေ မြန်မာဖောင့်မှာဆိုရင် ဇော်ဂျီဖောင့်ကိုပဲ လူသုံးအများဆုံးပါ။ Blog မှာ သုံးနေတဲ့ Template တွေက

များသော အားဖြင့် နိုင်ငံခြားဆိုဒ်တွေက ရေးပေးထားတာပါပဲ။ CSS ကို အနည်းအပါးသိမယ်ဆိုရင် Template ထဲက

 font-family: နေရာတွေမှာ အင်္ဂလိပ် ဖောင့်နာမည်တွေပဲ ရေးထားတာကို တွေ့ရပါလိမ့်မယ်။ တစ်ချို့Template တွေဆို

 ဖောင့် ဒီဇိုင်း အဆန်းတွေ ထည့်ပေးထားတာ အင်္ဂလိပ်စာတွေတော့ လှပါရဲ့။ မြန်မာဖောင့်တွေဆိုရင် ကောင်းကောင်း

 မပေါ်တော့ဘူးလေ။ ဟိုတုန်းကဆို အဲလိုတွေ ဖြစ်ကြတာများလို့ Blogger တော်တော်များများ Template ထဲက

font-family: နေရာတွေမှာ font-family: Zawgyi-One; ဆိုပြီးတော့ တစ်ခုချင်းစီ လိုက်ပြောင်းရတာတွေ ရှိပါတယ်။

ဒီလိုနဲ့ ကျွန်တော်လည်း ဘာမှ လိုက်ပြင်နေစရာမလိုပဲ မြန်မာဖောင့်တွေ ကောင်းကောင်းပေါ်ပြီး Blog ကစာတွေကို

ဖတ်လို့ အဆင်ပြေနည်းလေးလိုက်ရှာကြည့်လိုက်တော့ ခုတင်ပေးတဲ့ ကုတ်လေး ရလာတာပါပဲဗျာ..။ လုပ်မယ်ဆိုရင်

 အောက်မှာရေးထားတဲ့အတိုင်း အဆင့်ဆင့်သွားလိုက်ပါ..


1 -> Design

2 -> Template

3 -> Edit HTML ကို နှိပ်ပါ။



3 -> Template ကုတ်တွေထဲက </head> ကို ကီးဘုတ်က Ctrl+F နှိပ်ပြီး Search Box မှာ Enter ခေါက် ရှာလိုက်ပါ။

တွေ့ပြီဆိုရင် ဒီအောက်က ကုတ်ကို </head> ရဲ့ အပေါ်မှာ ထည့်ပြီးတော့ Save template ကို နှိပ်လိုက်ပါ။


<link rel="stylesheet" href='https://googledrive.com/host/0B2_DQmuprDoiWGhWQmRGUk8tLVk/zawgyi.css' />

အဲဒါဆိုရင် သင့် Blog က ဖောင့်တွေအားလုံး ဇော်ဂျီဖောင့်နဲ့ ကောင်းကောင်း ပေါ်နေတာကို တွေ့ရပါလိမ့်မယ်။

Blogger သူငယ်ချင်းများ အားလုံးပဲ အဆင်ပြေကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်..

No comments:

Post a Comment

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။