Thursday 16 May 2013

Flash သီချင်း ချစ်သူများသို့ အထူးအသိပေးခြင်း..

ခုသတင်းလေးက သူငယ်ချင်းတို့နဲ့လည်း ဆိုင်နေတာဆိုတော့ အသိပေးဖို့က ကျွန်တော်မှာ တာဝန်ရှိတယ်လေ..

Flash Song လုပ်သူ အားလုံးလိုလို Ning ဆိုဒ်ကပဲ လင့်ချိတ်ကြတာဆိုတော့ ချစ်သူမြို့တော် ဆိုဒ်က လင့်ချိတ်ခဲ့တဲ့

လူတွေလည်း များလိမ့်မယ်လို့ ထင်ပါတယ်။မနေ့က ရွှေမြို့တော်မှာ အောက်က ပို့စ်လေး တင်ထားတာ တွေ့တယ်။

 ရွှေ..မင်ဘာများအတွက်..သတင်းကောင်း( ဖတ်လိုက်ကြနော်..)




တစ်ကယ်လို့ ရွှေမြို့တော်ဆိုဒ်ကို ဆိုဒ်ပိုင်က ဖျက်သိမ်းမယ်ဆိုရင် အဲဒီဆိုဒ်က လင့်ချိတ်ထားတဲ့ Flash သီချင်းတွေလည်း


လင့်ပျက်ပြီး ဖွင့်နားထောင်လို့ ရတော့မှာ မဟုတ်တော့ပါဘူး။ အရင်တုန်းကဆိုရင် လင့်ချိတ်တဲ့လူက အဲဒီဆိုဒ်ကနေ

အပြီးထွက်လို့ လင့်ပျက်တာမျိုးပဲ များတာပါ။ Ning ဆိုဒ်တစ်ခု ပျက်ခဲ့မယ်ဆိုရင် အဲဒီက လင့်ချိတ်ခဲ့တဲ့ Flash သီချင်းတွေ

 အားလုံး လင့်ပျက်ကုန်ပါလိမ့်မယ်။ တစ်ခြား Ning ဆိုဒ်တွေကရော ရေရှည်မှာ သူ့တို့ဆိုဒ်ကို ဆက်လုပ်ပါတော့မလား

ဆိုတာ စဉ်းစားစရာ ဖြစ်လာပါပြီ။အဓိကကတော့ Ning ဆိုဒ်ကို ငွေနဲ့ လည်ပတ်နေရတာပါ။ခုလို လစဉ်ကြေး ၂ ဆတိုးပြီး

ပေးရတော့မယ်ဆိုရင် သူတို့ပေးနိုင်တယ်ဆိုရင်တောင်မှ Music Box နဲ့ Video Upload မပါရှိခြင်းနဲ့ မန်ဘာဦးရေ

၁ သိန်းပဲ ကန့်သတ်ထားတဲ့အတွက် စိတ်ပျက်မိမှာတော့ အမှန်ပါပဲ။ဘယ်လိုပဲ ဖြစ်ဖြစ် ခုတောင် လင့်ပျက်နေတဲ့

သီချင်းတွေ မနည်းများနေပြီ။ နောက် သူတို့ဆိုဒ်တွေသာ ပျက်ခဲ့မယ်ဆိုရင် ဆိုဒ်မှာ တင်ထားတဲ့ Flash Song တွေက

လင့်ပျက်တာ အရမ်းကို များပြီးတော့ နားထောင်လို့ရတာတွေ သိပ်ရှိတော့မှာ မဟုတ်ပါဘူး။ သူငယ်ချင်းတို့ကို တစ်ခု

ပြောထားချင်တာက ခုအချိန်မှာ ကိုယ်ကြိုက်တဲ့သီချင်းလေးတွေဆိုရင် ဒေါင်းပြီး သိမ်းထားကြပါ။ ကျွန်တော်လည်း

အချိန်ရတာနဲ့ ကောင်းတဲ့သီချင်းလေးတွေတော့ လိုက်ဒေါင်းနေပါတယ်။ သီချင်း အားလုံးကိုတော့ ကျွန်တော် ဒေါင်းဖို့

 မဖြစ်နိုင်ပါဘူး။ အင်တာနက်လိုင်းက အဲလောက်မကောင်းလို့ပါ။ နောက်ပြီး Upload ပြန်တင်ပေးဖို့က ရှိသေးတယ်။

ခုနောက်ပိုင်း သီချင်းတွေ Upload တင်ချင်ရင် Google Drive ကပဲ တင်ကြပါလို့ အကြံပေးချင်ပါတယ်။ Ning ဆိုဒ်က

ရေရှည်မှာ ပျက်ဖို့များနေပါပြီ။ ဒါနဲ့ အားလုံးကို သတင်းကောင်းလေး တစ်ခုပြောချင်တာတစ်ခု ရှိပါတယ်။ မကြာခင်မှာ

 မလွမ်းဧကရီရဲ့ Flash Song လေးတွေကို ကျွန်တော့်ဆိုဒ်မှာ တင်ပေးဖို့ လုပ်နေပါတယ်။ ပြီးတော့ သူ့ရဲ့ Flash နဲ့

ပက်သက်တဲ့ နည်းပညာ ပို့စ်လေးတွေရော သူငယ်ချင်းတို့ကို မျှဝေပေးဖို့ ပြောပေးမှာပါ။ မကြာမီ လာမည်မျှော်...

No comments:

Post a Comment

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။