Tuesday 7 May 2013

Google URL Shortener နဲ့ လင့်တွေကို တိုအောင်လုပ်နည်း



Google URL Shortener ကို လင့်အရှည်ကြီးတွေကနေ လင့်တိုတိုလေးတွေ ပြောင်းချင်တဲ့အခါ သုံးနိုင်ပါတယ်။

မူရင်းလင့်က အရမ်းရှည်နေလို့ရှိရင် တစ်ချို့နေရာမှာ အဆင်မပြေတဲ့အခါတွေ ရှိပါတယ်။ ဥပမာ၊ Gtalk ၊ C-box ၊

နောက် တစ်ချို့ မူရင်းလင့်တွေကို ကိုယ့်ဆိုဒ်မှာ မတင်ချင်လို့ လင့်ပြောင်းချင်ရင်လည်း သုံးလို့ရတာပေါ့နော်..။

 မူရင်းလင့်နဲ့ Google URL Shortener သုံးပြီး လင့်တိုအောင် လုပ်ထားတဲ့ နမူနာကိုတော့ အောက်မှာ ကြည့်လိုက်ပါ။


https://googledrive.com/host/0B2_DQmuprDoiaVBIU24zUUs3VzQ/Su%20Myat%20Noe%20Oo.png

http://goo.gl/c0xO2

သူငယ်ချင်းတို့ ကြိုက်မယ်လို့ ထင်ပါတယ်။ [ မှတ်ချက်။      ။ ပုံထဲက ကောင်မလေး မဟုတ်ပါ :) ]

အဲလို လင့်တိုတိုလေးတွေ လုပ်ချင်တယ်ဆိုရင် http://goo.gl/ မှာ သွားပြီး လုပ်နိုင်ပါတယ်။ အဲဒါက မူရင်းဆိုဒ်ပါ။



အချိန်မရွေး အလွယ်တစ်ကူ သုံးချင်တယ်ဆိုရင်တော့ Google URL Shortener ကို Firefox Add On လေး ရှိပါတယ်။

ပထမဦးဆုံး ဒီလင့်လေးကို နှိပ်ပြီး အောက်က ပုံလေးတွေအတိုင်း အဆင့်ဆင့် လုပ်လိုက်ပါ။







Restart လုပ်ပြီး ပြန်ပွင့်လာတာနဲ့ Firefox ရဲ့ Address Bar မှာ G ဆိုတဲ့ ပုံလေး ပေါ်လာပါလိမ့်မယ်။ လင့်တိုအောင်

လုပ်ချင်တယ်ဆိုရင် အဲဒီ G ဆိုတာလေးကို နှိပ်ပြီး ခဏစောင့်ပေးလိုက်ရုံပါပဲ။ ကျွန်တော် ဝိုင်းပြထားတဲ့ စာလေးတွေ

ပေါ်လာပြီဆိုရင် လင့်တိုအောင်လုပ်ပြီးသွားပါပြီ။ ကိုယ်သုံးမယ့်နေရာမှာ Paste ချလိုက်ပေါ့။ Ctrl+V ဆိုလည်း ရပါတယ်။




နောက်ထပ် လင့်တိုအောင် လုပ်တဲ့နည်းက ဝဘ်ဆိုဒ်တစ်ခုကို ဝင်ပြီးတော့ ကိုယ်လုပ်ချင်တဲ့ လင့်ကို Right Click ပြီး

Shorten Url(Z) ကို နှိပ်လိုက်ပေါ့။ ဆိုဒ်လင့်ဆိုရင်တော့ Shorten this page address ကို နှိပ်ပါ။




 ဝဘ်ဆိုဒ်နောက်ခံပုံလင့်၊ Flash Song လင့်တွေကိုလည်း Google URL Shortener  နဲ့ တိုအောင်လုပ်ပြီး သုံးနိုင်ပါတယ်။

 ဥပမာ Ning ဆိုဒ်က ထုတ်ထားတဲ့ လင့်တွေဆို အရမ်းရှည်ပါတယ်။ ခုလို လင့်တိုအောင် လုပ်ပြီး ထည့်သုံးမယ်ဆိုရင်

 ပိုပြီးတော့ အဆင်ပြေမယ်လို့ ထင်ပါတယ်။အောက်မှာ ကျွန်တော့်သူငယ်ချင်း တစ်ယောက်လုပ်ထားတဲ့ ဘန်နီးဖြိုးရဲ့

 "ချစ်တယ်ဟုတ်" ဆိုတဲ့ ဖလပ်သီချင်းလေးကို စမ်းကြည့်ထားတာပါ။ နားထောင်ချင်ရင် >> https://goo.gl/OCR2Z



သူငယ်ချင်းများအားလုံး အဆင်ပြေပျော်ရွှင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။ ကြိုးစားပါဦးမည်..........

No comments:

Post a Comment

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။