Wednesday 8 May 2013

ပို့စ်အောက်က ကွန်မန့်ဘောက်စ်ကို ဖျောက်ပစ်ချင်ရင်



ကိုယ့် Blog က ပို့စ်တွေမှာ တစ်ခါတစ်လေ အရေမရ အဖတ်မရ  Spam ကွန်မန့်တွေပဲ လာပေးနေတာများရင်

တော်တော် စိတ်ရှုပ်ဖို့ ကောင်းပါတယ်။ ကွန်မန့်တွေကို ထိန်းချုပ်လို့တော့ ရပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့

မျက်စိနောက်လို့ ဖျောက်ထားလိုက်ပါပြီ။ သူငယ်ချင်းတို့တော့ ကြိုက်ချင်မှလည်း ကြိုက်ကြမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ်

နောက်ပိုင်း လိုအပ်လာတဲ့အခါ သုံးချင်တဲ့လူရှိရင် သုံးလို့ ရအောင် တင်ပေးလိုက်တာပါ။ စမ်းကြည့်ချင်တယ်ဆိုရင်..


အောက်မှာ ရေးထားတဲ့အတိုင်း အဆင့်ဆင့် သွားပြီး လုပ်လိုက်ပါ။

1 -> Design

2 -> Layout

3 -> Add a Gadget

4 -> HTML/JavaScript

ပြီးရင် ဒီအောက်က ကုတ်လေးတွေကို ထည့်ပြီး Save လုပ်လိုက်ရင် ရပါပြီ။

<style> #comments {display: none;} </style>


နမူနာကိုတော့ ကျွန်တော့် Blog က ပို့စ်တွေ အောက်မှာ တစ်ချက် ကြည့်လိုက်ပါ။ ကွန်မန့်ဘောက်စ် မရှိတော့ပါဘူး။

မှတ်ချက်။      ။ ဒီပို့စ်လေးကို တစ်ခြားဆိုဒ်တွေမှာ ကူးယူ ဖော်ပြမယ်ဆိုရင် ကျွန်တော့် Blog ကို Creadit ပြန်ပေးပါ။

No comments:

Post a Comment

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။