Wednesday 8 May 2013

SWiSH Max4 မှာ ပုံတွေကို ဘယ် ၊ ညာ ၊ အပေါ် ၊ အောက် လှည့်နည်း

ကျွန်တော် ဒီနေ့ SWiSH Max4 မှာ ပုံတွေကို ဘယ် ၊ ညာ လှည့်နည်းလေးကို ပြောပြပေးပါမယ်။ သိပြီးတဲ့သူတွေလည်း

အများကြီး ရှိမှာပါ။ အခုကတော့ မသိသေးတဲ့ သူတွေအတွက် ဒီနည်းလေးက လိုအပ်မယ်ထင်လို့ တင်ပေးလိုက်တာပါ။

ရိုးရိုး ပုံတွေပဲဖြစ်ဖြစ်Flash ပုံတွေပဲဖြစ်ဖြစ်ပေါ့နော်.. မူရင်းပုံက ဘယ်ဘက်ကို လှည့်နေတာကို ညာဘက်လှည့်နေတာမျိုး

သုံးချင်တယ်ဆိုရင် ၊ဒါမှ မဟုတ် ပုံတစ်ပုံတည်းကိုပဲ ဘယ်ဘက်လှည့်နေတာနဲ့ ညာဘက်လှည့်နေတာ ၂ မျိုး သုံးချင်ရင်

အပေါ်၊ အောက်တစ်ပါတ်လည်း အကုန်လှည့်လို့ ရပါတယ်။ စမ်းကြည့်ချင်တယ်ဆိုရင် SWiSH Max4 ကို ဖွင့်လိုက်ပါ။

Layout က အောက်က ပုံအတိုင်း ဖြစ်နေရပါမယ်..။



တစ်ကယ်လို့ ဒီအောက်က ပုံအတိုင်းဖြစ်နေတယ်ဆိုရင်...




Window >> Default Layout ကို နှိပ်ပါ။ အဲဒါဆိုရင် အပေါ်ဆုံးက ပုံလို ပေါ်နေပါလိမ့်မယ်..။



ပုံအသေတွေ ထည့်မယ်ဆိုရင် Insert >> Import Image... ကို နှိပ်ပြီး ထည့်ပါ။

ပုံအရှင် .gif ပုံတွေနဲ့ .swi ,.swf ဖိုင်တွေဆိုရင်.. Insert >> Import Animation... ကို နှိပ်ထည့်ပါ။




အောက်က ပုံမှာ အနီရောင်နဲ့ ဝိုင်းပြထားတဲ့ နေရာလေးတွေမှာ လိုက်နှိပ်ကြည့်ပါ။



ဘယ် ၊ ညာ ၊ အပေါ်၊ အောက်  တစ်ပါတ်လည်းလုံး သင်ကြိုက်သလို လှည့်ပြီး သုံးနိုင်ပါတယ်..။



ပုံတစ်ပုံ ကို ပဲ ဘယ်၊ ညာ ၂ မျိုးစလုံးသုံးချင်တာဆိုရင် ကော်ပီ လုပ်ပြီး သုံးလိုက်ပေါ့နော်.. အောက်မှာ ကြည့်လိုက်ပါ။

မူရင်းပုံက ဘယ်ဘက်ကို လှည့်နေတာကို ညာဘက်ကို လှည့်ပြထားပါတယ်။ တစ်ကယ်တော့ ဘာမှ မခက်ပါဘူးနော်..။



ကျွန်တော် သိသလောက်၊ တတ်သလောက်လေး ပြောပြပေးတာပါ။ မသိသေးတဲ့သူတွေအတွက် အကူအညီတစ်ခု

ဖြစ်ခဲ့တယ်ဆိုရင် ဝမ်းသာနေမှာပါ။ လာလည်ကြတဲ့ သူငယ်ချင်းများ အားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါကြောင်း....

No comments:

Post a Comment

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။