Saturday 15 June 2013

Blog Icon ကို ကိုယ်ကြိုက်တဲ့ ပုံလေးပြောင်း သုံးချင်ရင်



Website တိုင်းမှာ သူတို့ ဆိုဒ်ရဲ့ အမှတ် သင်္ကေတ တစ်ခုဖြစ်တဲ့ Icon ပုံလေးတွေကို အားလုံးပဲ တွေ့ဖူးမှာပါ။

ကျွန်တော်တို့ Blog တွေမှာလည်း မူရင်းအတိုင်းဆိုရင်တော့ Blogger ရဲ့ B ဆိုတဲ့ Icon ပုံလေးနဲ့ပဲ ရှိနေမှာပါ။

အဲဒီပုံ နေရာမှာ ကိုယ်ကြိုက်တဲ့ ပုံလေးတွေ အစားထိုး သုံးချင်တယ်ဆိုရင်ပေါ့နော်။ လုပ်နည်းက ၂ နည်းရှိပါတယ်။

ပထမနည်းက Design >> Layout က Favicon မှာ ကိုယ်ကြိုက်တဲ့ပုံကို ရွေးပြီး တင်ထားလို့ ရပါတယ်။


အားနည်းချက်ကတော့ Animation ပုံအရှင်လေးတွေဆိုရင် ပုံအသေပုံစံမျိုးတွေနဲ့ပဲ ပေါ်တဲ့ ကိစ္စ ဖြစ်ပါတယ်။




ဒုတိယ နည်းလမ်းကတော့ အဆင်ပြေဆုံးပါပဲ။ ဘာလို့လဲဆိုတော့ အနော်က Animation ပုံအရှင် သုံးမှာ မို့လို့ပါ။

လုပ်နည်းကတော့ Design >> Template >> Edit HTML ကို နှိပ်ပြီးတော့ Template ကုတ်ထဲက </head> ကို ရှာပါ။

မှတ်ချက်။      ။ ကုတ်တွေ မပေါ်ရင် ကီးဘုတ်က F11 ကို ၂ ချက် နှိပ်ပါ။ ကုတ်ကို ရှာရန် Ctrl + F [သို့] F3 ကိုနှိပ်ရှာပါ။

 တွေ့ပြီဆိုရင် အောက်မှာ ပေးထားတဲ့ ကုတ်ကို </head> ရဲ့ အပေါ်မှာ ထည့်ပြီးတော့ Save template ကို နှိပ်ပါ။


<link href='https://googledrive.com/host/0B2_DQmuprDoiaVBIU24zUUs3VzQ/favicon.gif' rel='SHORTCUT ICON'/>

မှတ်ချက်။     ။ အနီရောင်နဲ့ ပြထားတဲ့ ပုံလင့်ကို ကိုယ်ကြိုက်တဲ့ ပုံလင့်ပြောင်းလိုက်ပါရန်......။

Icon ပုံလေးတွေကို http://www.iconj.com/animated_favicon.php မှာ ကိုယ့်စိတ်ကြိုက် ပုံလေးတွေ ရှာနိုင်ပါတယ်။




နောက်ထပ် Icon ပုံလေးတွေ ရှာနိုင်တဲ့ ဆိုဒ်ကတော့ http://findicons.com/ ပါ။ အားလုံးပဲ အဆင်ပြေကြပါစေ..။

No comments:

Post a Comment

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။