Thursday 13 June 2013

Love Theme For Gtalk



Gtalk Theme လေး တစ်ခုလောက် ကိုယ်တိုင် လုပ်ကြည့်ဦးမယ်ဆိုပြီးတော့ လုပ်နေတာ ၃ ရက်ရှိပြီ။ Chat Box

နောက်ခံပုံလေးတွေ လုပ်ရတာရယ် ၊ အဲဒီပုံနဲ့ လိုက်မယ့် စာသားအရောင် ၊ လင့်အရောင်လေးတွေ ကြည့်ရတာ

အဆင်ပြေအောင် ၊ စိတ်တိုင်းကျတဲ့အထိ တော်တော်လေး အချိန်ပေးခဲ့ရပါတယ်။ ဒီ Theme လေး လုပ်ပြီးသွားတော့

အနော့်ချစ်သူကို ပြကြည့်တာ သူလည်း သဘောကျတယ်ဆိုလို့ အရမ်းပျော်ပါတယ်။ သူငယ်ချင်းတို့လည်း ကြိုက်လို့

သုံးချင်တယ်ဆိုရင် အောက်မှာ ဒေါင်းယူနိုင်ပါတယ်။ Smile ပုံလေးတွေရော ထည့်ပေးထားပါတယ်နော်..။


Download: Love Theme  For Gtalk

Love Theme အသုံးပြုနည်း

၁ } ကီးဘုတ်မှ Ctrl + R ကို နှိပ်ပါ။ [ Ctrl နှင့် R ကို တွဲနှိပ်ခိုင်းတာပါ။ ]

၂ } ပေါ်လာတဲ့ Run Box မှာ အောက်က စာတွေကို ထည့်ပြီး OK နှိပ်ပါ။

%userprofile%\Local Settings\Application Data\Google\Google Talk\themes\system\chat/

၃ } ပေါ်လာတဲ့ နေရာမှာ Love Theme [ Folder ] ကို ထည့်လိုက်ပါ။

၎ } Gtalk က Setting ကို နှိပ်ပြီး Appearance >> Chat Theme မှာ Love Theme ကို ရွေးပြီး OK နှိပ်ပါ။

အဲဒါဆိုရင်တော့ ကျွန်တော် ဖန်တီးထားတဲ့ Love Theme အလန်းလေးနဲ့ Chatting လုပ်နိုင်ပါပြီခင်ဗျာ..။






မှတ်ချက် ။         ။ ကျွန်တော်ပေးလိုက်တဲ့ Love Theme.rar ဖိုင်ကို WinRAR ဆော့ဝဲလ်နဲ့သာ ဖွင့်ပါရန်။

                         WinZip နဲ့ ဖွင့်မယ်ဆိုရင် Folder များပြားစွာ ပေါ်နေပြီး အဆင်မပြေနိုင်ပါကြောင်း...။

Download: WinRAR For 32-Bit >> http://goo.gl/u4wDB <<>> 64-Bit >> http://goo.gl/OIENq <<

ဒီ Gtalk Theme လေးကို ဒေါင်းယူ အသုံးပြုသော သူငယ်ချင်းများအားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

နောက်နေ့တွေမှာလည်း အချိန်ရရင် Gtalk Theme အသစ်လေးတွေ လုပ်ပြီး တင်ပေးပါဦးမယ်။ ပျော်ရွှင်ပါစေ..

No comments:

Post a Comment

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။