Saturday 1 June 2013

WinRAR 3.80 + Patch


ကွန်ပျူတာတိုင်းမှာ မရှိမဖြစ် ထည့်ထားရတဲ့ ဆော့ဝဲလ်တွေထဲမှာ WinRAR လည်း တစ်ခု အပါအဝင်ဖြစ်ပါတယ်။

ကျွန်တော်တို့ ဆော့ဝဲလ်တွေ Upload တင်တဲ့အခါ ဒီ WinRAR ဆော့ဝဲလ်ပဲ ဖိုင်တွေကို ချုပ်ပြီး တင်ပေးလေ့ ရှိပါတယ်။

ဖိုင်ဆိုဒ် အရမ်းကြီးနေတဲ့ ဆော့ဝဲလ်တွေကို ၂ ဖိုင် ၃ ဖိုင် စသည်ဖြင့် အဆင်ပြေသလို နည်းနည်းစီ ခွဲပြီး တင်လို့ရတယ်။

ပြန်ဆက်လို့ ရတယ်။ ဖိုင်တွေ ၂ ခု ၊ ၃ ခု ကို တစ်ခုစီ Upload တင်မယ်ဆိုရင် အချိန်တွေ အများကြီး ပေးရပါလိမ့်မယ်။

ဥပမာ ဆော့ဝဲလ်ဖိုင်က တစ်ခု Patch ဖိုင် တစ်ခုဆိုရင် ဒီ WinRAR နဲ့ ဖိုင်တစ်ခုတည်းမှာ အကုန်စုပြီးတော့ Upload

တင်လိုက်တဲ့အခါကျတော့ ကိုယ့်အတွက်ရော ဒေါင်းတဲ့လူအတွက်ပါ ပိုပြီး အဆင်ပြေစေပါတယ်။ နောက်ပြီးတော့


ကိုယ်တင်ထားတယ်ဆိုတာကို Comment စာလေးတွေတစ်ခါတည်း ရေးထည့်ထားလို့လည်း ရပါတယ်။ ဆော့ဝဲလ်တွေ

 ဖိုင်တွေကို ကိုယ်တိုင် မတင်နိုင်ရင်တောင်မှ  သူများတင်ထားတာလေးတွေကို ဒေါင်းပြီးရင် ပြန်ဖွင့်ဖို့ လိုအပ်ပါတယ်။

 ဟိုအရင်တုန်းက ကျွန်တော် WinRAR 4.20 သုံးတာပါ။ .rar .zip ဖိုင်တွေကို ဖွင့်လိုက်ရင် အောက်က ပုံလေးလို

 အမြဲ တက်လာလို့ မျက်စိနောက်ဖို့ကောင်းသလို လက်ညောင်းပြီး.. စိတ်ညစ်ခဲ့ရဖူးပါတယ်။





WinRAR က Free ပေးသုံးတဲ့ ဆော့ဝဲလ် မဟုတ်ပါဘူး။ ရက် ၄၀ သာ အစမ်းပေးသုံးပါတယ်။ Full Version သုံးချင်ရင်

ဝယ်သုံးပေါ့နော်..။ မဟုတ်ရင် မျက်စိနောက်အောင် လုပ်ထားတာပေါ့။ ဆော့ဝဲလ်တော်တော်များများ လုပ်နေကြပါပဲ။

 အဲဒါတွေအားလုံး အဆင်ပြေစေဖို့အတွက် ခု ကျွန်တော် WinRAR ကို Full Version ဖြစ်အောင် လုပ်နိုင်မယ့် Patch ဖိုင်

လိုက်ရှာခဲ့ပါတယ်။ တွေ့တာတော့ အများကြီးပဲ။ တစ်ကယ်တမ်း အားလုံးအဆင်ပြေခဲ့တာက WinRAR 3.80 ကို Patch

ဖိုင်လေးနဲ့ပါ။ ခုတော့ ကျွန်တော် ဒါလေးနဲ့ အရမ်း အဆင်ပြေနေသလို သုံးရတာလည်း စိတ်ချမ်းသာသွားပါတယ်။

လိုချင်တယ်ဆိုရင် အောက်မှာ ဒေါင်းယူလိုက်ပါ။ Full Version ဖြစ်အောင်လုပ်ဖို့ Patch ဖိုင်လေး ထည့်ပေးထားပါတယ်။

Download: WinRAR 3.80 + Patch

ကျွန်တော် SWiSH Max ဆော့ဝဲလ်များကို Patch သုံးပြီး Full Version ဖြစ်အောင် လုပ်နည်း မှာ Patch ဖိုင်ထည့်နည်း

ရေးထားပါတယ်။ လုပ်ပုံ လုပ်နည်းက အတူတူပါပဲ။ ဒါ့ကြောင့် အဲဒီပို့စ်လေးပဲ သွားဖတ်ပြီးတော့ လုပ်လိုက်ပါနော်..။

သူငယ်ချင်းများအားလုံး အဆင်ပြေ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်..။

No comments:

Post a Comment

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။