Saturday 1 June 2013

Google Drive ကို Desktop ပေါ်မှာတင် သုံးလို့ ရပြီ

ပထမဦးဆုံး Google Drive ဆော့ဝဲလ်ကို ဒီနေရာမှာ နှိပ်ပြီး ဒေါင်းပါ။ ဖိုင်ဆိုဒ် 764 KB မျှသာ ရှိပါတယ်။

ဒေါင်းပြီးရင် ဆော့ဝဲလ်ကို Install လုပ်ပါ ။ အောက်က ပုံ ပေါ်လာပါလိမ့်မယ်။ Sign in now ကို နှိပ်ပါ။



သင့် Gmail Account နဲ့ Password ထည့်ပြီး Sign in လုပ်ပါ။




အရင်တုန်းက Google Drive မှာ ဖိုင်တွေ တင်ခဲ့ဖူးတယ်ဆိုရင် Loading နည်းနည်း ဖြစ်နေပါလိမ့်မယ်။ ပြီးရင် ကိုယ့်ရဲ့

ကွန်ပျူတာပေါ်မှာ Google Drive Folder တစ်ခုပေါ်လာပြီးတော့ ကိုယ်တင်ထားပြီးသားတွေ ပြန်ဝင်နေပါလိမ့်မယ်။



ခုမှ စသုံးမယ်ဆိုရင်တော့ ဖိုင်အမျိုးအစားအလိုက် New Folder လေးတွေ တည်ဆောက်ပြီး လုပ်ပါ။ Software, Ebook,

Flash Songs ,Music စသည်.. နောက် ကိုယ် Upload တင်ချင်တဲ့ ဖိုင်တွေကို အဲဒီ Folder ထဲကို ထည့်လိုက်တာနဲ့

Upload လုပ်နေပါလိမ့်မယ်။ ပြီးရင် အမှတ်ခြစ်လေးတွေနဲ့ ပေါ်လာပါတယ်။ [ မှတ်ချက်။    ။ အင်တာနက်လိုပါသည်။ ]

ကိုယ်တင်ထားတာတွေကို ပြန်ရှယ်မယ်ဆိုရင် ဖိုင်ကို တစ်ချက်နှိပ်ပြီး Right Click >> Google Drive >> Share...

ကလစ်ပါ။



Shate Setting မှာ Public on the web ကို ရွေးပေးရပါမယ်။ Change.. ကို နှိပ်ပါ။



Public on the web  ကို ရွေးပြီး Save နှိပ်ပါ။



Link to Share အောက်မှာ Link ပေးထားပါတယ်။ ကော်ပီကူးပါ။



ဖိုင်တွေကို ရှယ်တဲ့အခါ Folder ရှယ်ဖို့ အကြံပေးချင်ပါတယ်။အဲဒါဆိုရင် နောက် အဲဒီ Folder ထဲမှာ ထည့်တဲ့ ဖိုင်တွေရဲ့

ရှယ်ရမယ့် လင့်တွေအားလုံးက Folder ရှယ် လင့်ထဲမှာ အကုန်ပေါ်နေပါလိမ့်မယ်။ အလွယ်ကူဆုံးနဲ့ အဆင်ပြေဆုံး

နည်းလမ်းပါပဲ။ ရလာတဲ့လင့်ကို နည်းနည်းပြင်ပေးဖို့ လိုပါတယ်။ ဒါမှ ဖိုင်ဆိုဒ်ကြီးတဲ့ ဆော့ဝဲလ်တွေကို တစ်ချက်

ကလစ်ရုံနဲ့ ဒေါင်းလုပ် တက်လာမှာပါ။ ပြီးတော့ Flash Song တွေ ဆိုရင်လည်း တစ်ခါတည်း နားထောင်လို့ ရမှာပါ။

ရလာတဲ့ လင့်ကို နည်းနည်းပြင်ဖို့ လိုပါတယ်။ အောက်မှာ နမူနာ ပြပေးထားပါတယ်နော်..။ အဝါရောင်နဲ့ ပြထားတာက

ဖိုင်ရဲ့ id တွေပါ။ အရင်ပို့စ်တွေမှာတုန်းကလည်း ရှင်းပြဖူးပါတယ်။ နားလည်မယ်လို့ ထင်ပါတယ်..။


မူရင်းလင့် >> https://drive.google.com/folderview?id=0B2_DQmuprDoic1N3NHk3S3FoUHM&usp=sharing

ပြင်ထားသောလင့် >> https://googledrive.com/host/0B2_DQmuprDoic1N3NHk3S3FoUHM

ဘာထူးသလဲဆိုတာက အောက်က လင့်တွေကို နှိပ်ကြည့်နိုင်ပါတယ်..။

https://drive.google.com/folderview?id=0B2_DQmuprDoic1N3NHk3S3FoUHM&usp=sharing

https://googledrive.com/host/0B2_DQmuprDoic1N3NHk3S3FoUHM


Flash Song တွေဆိုရင်တော့ အရမ်းသိသာပါတယ်..။ အောက်က လင့်တွေကို နှိပ်ကြည့်ပါ။

https://drive.google.com/folderview?id=0B2_DQmuprDoidnJiOWo4NGs1SzQ&usp=sharing

https://googledrive.com/host/0B2_DQmuprDoidnJiOWo4NGs1SzQ


လင့်ပြင်ရန် >> https://googledrive.com/host/ ဒီနေရာမှာ ဖိုင် id ထည့်ပါ....


No comments:

Post a Comment

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။