Tuesday 2 July 2013

Blog မှာ ကုတ်တွေပေးဖို့နဲ့ ကဗျာလေးတွေ ရေးဖို့ ဒီဇိုင်းအလန်းလေး



ဒီလို ဒီဇိုင်းမျိုးလေးတွေကို မြန်မာ Blog တွေမှာ သိပ်မသုံးကြသေးပါဘူး။ ကျွန်တော်တောင် သိတာ သိပ်မကြာသေးဘူး။

Blog နဲ့ ပက်သက်တာလေးတစ်ခု လိုက်ရှာရင်း နိုင်ငံခြား ဆိုဒ်တစ်ခုမှာ သုံးထားတာ တွေ့တာနဲ့ သဘောကျသွားတယ်။

ကျွန်တော်က အဲဒါကို နမူနာယူပြီးတော့ ဒီဇိုင်း အသစ်လေးတွေ လုပ်ပြီး သုံးနေတာ ၃ ၄ ခုလောက်တော့ ရှိပြီထင်တယ်။

ခု ဒီဟာလေးကို မနေ့က စိတ်ပါတာနဲ့ လုပ်ပြီးတော့ သူငယ်ချင်းတွေကို သုံးစေချင်တဲ့ စေတနာလေးက ပေါ်လာတယ်။

ကျွန်တော် လုပ်ခဲ့တာတွေထဲမှာ အကောင်းဆုံးဖြစ်သလို တစ်ကယ်လည်း လှပါတယ်။ သူငယ်ချင်းတို့ ဒီလို ဒီဇိုင်းလေးနဲ့

ကုတ်တွေပေးတဲ့အခါ ၊ ကဗျာလေးတွေ ရေးတဲ့အခါ ၊ အထူးပြု စကားလေးတွေကို ပြောတဲ့အခါတွေမှာ သုံးနိုင်ပါတယ်။

သုံးရမယ့် ကုတ်ကို အောက်မှာ ပေးထားပါတယ်။ အဲဒီကုတ်လေးတွေကို Design >> Layout >> HTML/JavaScript မှာ

သွားပြီး ထည့်ပါ။ မှတ်ချက်။  ကိုယ်သုံးမယ့် ပုံလေးကို လင့်ထုတ်ပြီး အနီရောင်ပြထားတဲ့ ပုံလင့်နေရာမှာ ပြောင်းထည့်ပါ။

<style>
blockquote {
background: #000000 url('https://googledrive.com/host/0B2_DQmuprDoiaVBIU24zUUs3VzQ/new1.png');
background-repeat: repeat-y;
background-attachment: scroll;
background-position: left 0px;
color: #FFA500;
font-size: 15px;
border: 1px solid #333333;
padding: 20px 20px 20px 60px;
border-radius: 30px 0px 0px 0px;
box-shadow: 0px 0px 5px #ffff00;
text-shadow: 0px 0px 5px #00FF00;
}
</style> 


ပို့စ်တင်တဲ့အခါကျရင် ကိုယ်ပေါ်စေချင်တဲ့ စာသားလေးတွေကို Select လုပ်ပြီး မြားထိုးပြထားတဲ့ နေရာလေးကို နှိပ်ပါ။

မှတ်ချက်။      ။ Preview သို့မဟုတ် Publish လုပ်ပြီးမှ အပေါ်မှာ ပြထားတဲ့ ဒီဇိုင်းလေး ပေါ်မှာ ဖြစ်ပါတယ်။



SWiSH Max4 နှင့် ပုံလုပ်နည်းလေးကို တစ်ခါတည်း ပြောပြပေးလိုက်ပါမယ်..။ မသိသေးတဲ့ သူတွေအတွက်ပေါ့နော်။

အဲဒါက လွယ်ပါတယ်။ ကျွန်တော် အပေါ်က ပုံလေးကို SWiSH Max4 ကို သုံးပြီး 50px, 368px နဲ့ လုပ်ထားပါတယ်။

SWiSH Max4 ကို ဖွင့်ပြီး ကိုယ်ရေးချင်တဲ့ စာသားလေးတွေကို အရောင်မျိုးစုံလေးနဲ့ ကြည့်ကောင်းအောင် ရေးပြီးတော့

စာသား အဖက်တစ်ခုထည့်ပြီး Text-Shadow လေးတွေ ထည့်ပေါ့။ ပြီးရင် Play လုပ်ပြီး Export >> PNG Images..ကို

နှိပ်ပြီး သိမ်းလိုက်ပါ။ စာသားတွေကို အလျားလိုက်ကနေ ဒေါင်လိုက် ဖြစ်အောင်က ဒီနေရာလေးက နည်းကို သုံးပါ။



အလျားလိုက်အတိုင်း Save လုပ်ပြီးတော့မှ ပုံကို Right Click လုပ်ပြီး Rotate clockwise နှိပ်ပြီး ဒေါင်လိုက်ဖြစ်အောင်

လုပ်ရင်လည်း ရပါတယ်။ အဆင်ပြေသလို လုပ်လိုက်ကြပါရန်..။



အဲဒါဆိုရင် ဒီအောက်က ပုံလေးကနေပြီးတော့.....



ဟောဒီလို ပုံလေး ရလာပြီပေါ့နော်..။ သူငယ်ချင်း တော်တော်များများ သိပြီးသားနည်းတွေ ဖြစ်မှာပါ။



ခုလို ဒေါင်လိုက်ပုံလေး ဖြစ်ပြီဆိုရင် လင့်ထုတ်ပြီးတော့ အပေါ်မှာ ပေးထားတဲ့ ကုတ်မှာ ပုံလင့်ပြောင်းထည့်ပြီး သုံးပါ။

မှတ်ချက်။  အနော် လုပ်ထားတဲ့ ပုံလေးကို ကျေးဇူးပြုပြီး မသုံးကြပါနဲ့လို့... ပုံလုပ်နည်း ပြောပြပေးထားပါတယ်နော်..။

အင်္ဂလိပ်ဖောင့် အလှတွေက ဒီနေရာလေးမှာ တင်ပေးထားပါတယ်။ အားလုံးပဲ အဆင်ပြေ ပျော်ရွှင်နိုင်ကြပါစေ..။

No comments:

Post a Comment

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။