Sunday 18 August 2013

DOCX to PDF Converter



ကျွန်တော် အရင်တုန်းက PDF ဖိုင် အရမ်းလုပ်တတ်ချင်ခဲ့ပါတယ်။ သူများတွေ မေးကြည့်တော့ Microsoft Word နဲ့

လုပ်တာလို့ ပြောကြတယ်။ PDF ဖိုင် လုပ်နည်း စာအုပ်တွေလည်း ဖတ်ဖူးပါတယ်။ အဲဒီ Microsoft Word ဆော့ဝဲလ်က

Microsoft Word 2007 တောင် 800 MB လောက် ရှိပါတယ်။ ပြီးတော့ ဆော့ဝဲလ် နောက်တစ်ခု ထပ်ထည့်ဖို့လည်း


လိုသေးတယ်။ Microsoft Word 2010 မှာတော့ တစ်ခါတည်း PDF ဖိုင် Save လုပ်လို့ ရပါတယ်။ အဲဒီဆော့ဝဲလ်က

ကျွန်တော်တို့ အင်တာနက်လိုင်းမျိုးနဲ့ ဒေါင်းယူဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အခွေဝယ်ပြီး သုံးမှပဲ အဆင်ပြေမှာပါ။

အဲဒါကြောင့် ကျွန်တော်လည်း လူတိုင်း PDF ဖိုင် အလွယ်လုပ်နိုင်မယ့် ဆော့ဝဲလ်နဲ့ နည်းလမ်းတွေ လိုက်ရှာလိုက်တော့

Window မှာ အစကတည်းက ပါလာတဲ့ WordPad နဲ့ ကိုယ်ပြောချင်တဲ့ နည်းပညာစာလေးတွေ ရေး ပုံလေးတွေထည့်

အားလုံးပြီးရင် DOCX ဖော်မက်နဲ့ Save လုပ်။ ပြီးတော့ ဒီ DOCX to PDF Converter ဆော့ဝဲလ်လေးနဲ့ PDF ဖိုင်

ပြောင်းလိုက်ရင် အနော်တို့ လုပ်ချင်နေတဲ့ PDF ဖိုင်လေးတွေ ရပြီပေါ့ဗျာ။ Wordpad နဲ့ ရေးနည်း Save လုပ်နည်းကို

အနော် PDF ဖိုင်လေးနဲ့ ရှင်းပြထားတယ်။ PDF ဖိုင် အလွယ်လုပ်ချင်တဲ့ သူငယ်ချင်းတွေအတွက် အသုံးဝင်မှာပါ။

စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်မှာ Converter ဆော့ဝဲလ်နဲ့ WordPad နဲ့ Save လုပ်နည်း ကို ဒေါင်းယူလိုက်ပါ။

ဖိုင်ဆိုဒ်က 7 MB ပဲ ရှိပါတယ်ဗျာ။ အားလုံးပဲ အဆင်ပြေကြပါစေ။ ပြန်ရှယ်မယ်ဆိုရင်တော့ Creadit ပြန်ပေးဖို့ မမေ့ပါနဲ့။

Download: DOCX to PDF Converter

No comments:

Post a Comment

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။