Thursday 15 August 2013

ကွန်ပျူတာမှာ ပုံအရှင်တွေ ကြည့်လို့ရတဲ့ GIF Viewer ဆော့ဝဲလ်



ကျွန်တော်တို့ ကွန်ပျူတာထဲက GIF ပုံအရှင်တွေကို Windows Photo Viewer ဖွင့်ကြည့်တဲ့အခါကျရင် ပုံအသေလိုပဲ

ပေါ်ပါတယ်။ အဲဒါကို ပုံအရှင်ကြည့်ချင်ရင် ပုံကို Right Click ပြီး Open with ကနေ Firefox နဲ့ ကြည့်မှ မြင်ရပါတယ်။

အဲလိုမဟုတ်ရင်တော့ လင့်ထုတ်ကြည့်မှပဲ ပုံအရှင် မြင်ရပါတော့တယ်။ ပုံလေး တစ်ပုံကြည့်ရဖို့ တော်တော်လေးကိုပဲ

အလုပ်တွေ ရှုပ်ပါတယ်။ ခု ကျွန်တော် တင်ပေးမယ့် GIF Viewer ဆော့ဝဲလ်လေးကတော့ ကွန်ပျူတာထဲက GIF ပုံတွေကို

၂ ချက်လေး ကလစ်လိုက်ရုံနဲ့ ပုံအရှင်ကြည့်လို့ ရပါပြီ။  သုံးချင်တယ်ဆိုရင်တော့ အောက်မှာ ဒေါင်းယူသွားနိုင်ပါတယ်..။


Download: GIF Viewer Software

ကွန်ပျူတာထဲက GIF ပုံတွေကို ကြည့်လို့ ရနိုင်ဖို့..

[ 1 ] ပထမဦးဆုံး ဆော့ဝဲလ်ကို Install လုပ်ပါ။

[ 2 ] GIF ပုံ တစ်ပုံကို Right Click လုပ်ပြီး Open with ကနေ Choose default program... GIF Viewer 3 ကို နှိပ်ပါ။

[ 3 ] အဲဒီမှာ GIF Viewer 3 ကို မတွေ့ရင် Browse... ကနေ Desktop ပေါ်က GIF Viewer 3 ဆော့ဝဲလ်လေးကို နှိပ်ပြီး

OK ကို ကလစ်ပါ။ အဲဒါဆိုရင် နောက်ပိုင်း သူငယ်ချင်းတို့ စက်ထဲက GIF ပုံတွေကို ၂ ချက်ကလစ်လိုက်တာနဲ့ ပုံအရှင်

ကြည့်လို့ ရပါပြီ။ လာလည်ကြတဲ့ သူငယ်ချင်းများ အားလုံး အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

No comments:

Post a Comment

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။