Sunday 11 August 2013

Flash Song ဝါသနာရှင်များအတွက် Flash ပုံအသစ်များ

ကျွန်တော် Flash Effect တွေတင်တဲ့ ဆိုဒ်သစ်တစ်ခုကို သိထားပါတယ်။ ဟိုတုန်းက Double Tun တို့ တင်ပေးခဲ့တဲ့

Effect တော်တော်များများတွေကိုရော တစ်ခြား Flash Song Creator တွေ သုံးနေတဲ့ Flash Effect တွေဆိုရင်လည်း

အဲဒီဆိုဒ်မှာ တွေ့ပါတယ်။ သူတို့တွေ သုံးနေတာဆို ၁ နှစ်ကျော် ၂ နှစ်လောက် ရှိနေပါပြီ။ ဒါပေမယ့် ခုအချိန်ထိ

အဲဒီဆိုဒ်လင့်ကို တစ်ခြား ဝါသနာတူ Flash Song ဖန်တီးသူတွေကို မပေးခဲ့ပါဘူး။ ကုန်ကုန်ပြောရရင် သူတို့သုံးပြီးတဲ့

Effect လေးတွေကို သွားတောင်းရင်တောင် ဟိုလိမ် ဒီလိမ်နဲ့ ဘယ်တော့မှ ပေးလေ့မရှိတာပါ။ အဲဒါက ကိုယ်တွေ့ပါ။

ခုတော့ ဟိုအရင်နေ့က Flash Song တွေ လုပ်တဲ့ သူငယ်ချင်း တစ်ယောက်ပြောပြလို့ အဲဒီ Effect တွေ တင်ပေးတဲ့

မူရင်းဆိုဒ်ကို သိလိုက်ရပါပြီ။ ဆိုဒ်လင့်ကိုတော့ လူတိုင်းကို ပေးမသိစေချင်တဲ့အတွက် ကျွန်တော် မပြောတော့ပါဘူး။

ကျွန်တော်ကိုယ်တိုင်ပဲ ဒေါင်းယူပြီးတော့ Flash Song ဖန်တီးသူတွေအတွက် Flash Effect အသစ်တွေ တင်ပေးမှာပါ။

လောလောဆယ် အောက်မှာ ကျွန်တော် သဘောကျတဲ့ Effect လေး တစ်ချို့ကို တင်ပေးလိုက်ပါတယ်။ နောက်ပိုင်းမှာ

Flash Effect တွေ ရာချီပြီးတော့ကို တင်ပေးသွားမှာပါ။ ကဲ အောက်က Flash ပုံလေးတွေကိုလည်း ကြည့်လိုက်ပါဦး..။


















ကြိုက်တယ် သဘောကျတယ်ဆိုရင် အောက်က လင့်ကို နှိပ်ပြီး ပွင့်လာတဲ့ စာမျက်နှာက Flash ဖိုင် နာမည်လေးတွေကို

Right Click >> Save Link As.. ကို နှိပ်ပြီး ဒေါင်းယူနိုင်ပါတယ်။နောက်ထပ် အသစ်တွေလည်း မကြာမီ လာမည်ပေါ့ဗျာ။

Download: My Favourite Flash Files


မှတ်ချက်။          ။ ဒီ Flash Effect တွေ တင်ပေးတာနဲ့ ပက်သက်လို့ ဝေဖန် အကြံပြုချင်တာရှိရင် ဆိုဒ် Menu က

Contact Me ဆိုတဲ့ နေရာလေးမှာ ပြောနိုင်ပါတယ်။ ဆိုဒ်လင့်လေး ပေးခဲ့တဲ့ သူငယ်ချင်းကို ကျေးဇူးအထူးတင်ပါတယ်။

No comments:

Post a Comment

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။