Wednesday 14 August 2013

Flash-SWF to AVI-GIF V2.1 Portable



ဒီဆော့ဝဲလ်လေးက SWF ဖိုင်တွေကနေ GIF ပုံ ဖော်မက်ပြောင်းတဲ့နေရာမှာ တော်တော်လေးကို အဆင်ပြေပါတယ်။

အရင်က SWF to GIF ဆော့ဝဲလ်တွေ တော်တော်များများ သုံးခဲ့ဖူးပါတယ်။ ပြဿနာက GIF ဖော်မက်ပြောင်းပြီးရင်

ပုံက အရမ်းကို မှုန်ဝါးသွားတာ ၊ resolution သေးသေးလေးပဲ ပေးပြီး ထပ်ချဲ့လို့ မရတာ စတဲ့ အဆင်မပြေမှုလေးတွေ

 ရှိလို့ ဆက်မသုံးဖြစ်တော့ပါဘူး။ ခု ဒီဆော့ဝဲလ်လေးကတော့ မူရင်း Flash SWF ဖိုင်နဲ့ ပြောင်းပြီးတဲ့ GIF ပုံ ၂ ခုကို

ယှဉ်ကြည့်လိုက်ရင် အတူတူလို့တောင် ထင်ရလောက်တဲ့အထိ ပုံရဲ့ quality က ကောင်းပါတယ်။ resolution ကိုလည်း

စိတ်ကြိုက် ချဲ့လို့ ရတယ်။ ဒီအောက်က ပုံလေးက ကျွန်တော် အရင်နေ့က ဒီနေရာမှာ တင်ပေးထားတဲ့ Flash ပုံလေးကို

 စမ်းကြည့်ထားတာပါ။ သူငယ်ချင်းတို့လည်း သုံးကြည့်ချင်တယ်ဆိုရင် အောက်မှာ ဒေါင်းလုပ်လင့် ပေးထားပါတယ်။




Download: Flash-SWF to AVI-GIF V2.1 Portable

Flash SWF မှ GIF ဖော်မက်ပြောင်းနည်း

[ 1 ] Open ကို နှိပ်ပြီး ကိုယ် GIF ပုံပြောင်းချင်တဲ့ Flash ဖိုင်ကို ရွေးဖွင့်လိုက်ပါ။

[ 2 ]  ပုံ resolution က Get Sound File ရဲ့ ညာဘက်နားက 250 မှာ ချိန်ပါ။

[ 3 ] Capture Frames ကို နှိပ်ပါ။

[ 4 ] Save GIF မှ Save to GIF ကို နှိပ်ပြီး သိမ်းလိုက်ပါ။

ဒါဆို သူငယ်ချင်း Flash SWF ကနေ GIF ပုံဖော်မက်ပြောင်းတာ ပြီးပါပြီ။ အဆင်ပြေကြပါစေ..



မှတ်ချက်။          ။ ဒီ ဆော့ဝဲလ်လေးကို Full Version ဖြစ်အောင်နဲ့ Portable လေးဖြစ်အောင် ကျွန်တော် ကိုယ်တိုင်

ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ကူးယူမျှဝေမယ်ဆိုရင် ကျွန်တော့်ဆိုဒ်ကို Credit ပြန်ပေးဖို့ မေတ္တာရပ်ခံပါတယ်။

No comments:

Post a Comment

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။