Sunday 8 September 2013

Aleo Flash MP3 Player Builder

a

Flash Mp3 Player လေးတွေ လုပ်ချင်နေကြတဲ့ သူငယ်ချင်းတွေအတွက် ဒီဆော့ဝဲလ်လေးက ကိုယ့်ကွန်ပျူတာမှာတင်

အလွယ်တကူ ဖန်တီးလို့ ရပါတယ်။ Player တွေကလည်း ဒီဇိုင်းတွေ အများကြီးပါ။ သုံးရတာလည်း လွယ်ကူပါတယ်။

ကိုယ့် Blog မှာ လာလည်တဲ့ သူငယ်ချင်းတွေ သီချင်းလေးတွေ နားထောင်လို့ရအောင် Flash Mp3 Player လေးတွေ


တင်ထားချင်တာပဲ ဖြစ်ဖြစ်  ၊ Ning ဆိုဒ်တွေက ကိုယ်ပိုင်အိမ်လေးတွေမှာလည်း ကုတ်နဲ့ထည့်တင်လို့လည်း ရပါတယ်။

ဒီဆော့ဝဲလ်ကို မူရင်းဆိုဒ်မှာဆိုရင် ရောင်းစားတာပါ။ ကျွန်တော်ကတော့ Crack ဖိုင်နဲ့ Full Version ဖြစ်အောင်လုပ်ပြီး

သူငယ်ချင်းတွေအတွက် Portable လေးလုပ်ပြီး တင်ပေးလိုက်ပါတယ်။ စိတ်ဝင်စားတယ်ဆိုရင် အောက်မှာဒေါင်းပါ။

Download: Aleo Flash MP3 Player Builder

Version: 3.4 [ Portable ]

Size: 3.87 MB


Flash Mp3 Player လုပ်တာက အဆင့် ၃ ဆင့်ပဲ ရှိပါတယ်။ ပထမဦးဆုံး mp3 သီချင်းတွေ ထည့်ပါ။


 

နံပါတ် ၂ ကတော့ ကိုယ်သုံးချင်တဲ့ Player ကို Select Player အောက်က Down Arrow လေးကို နှိပ်ပြီး ရွေးပါ။

Auto Play လာစေချင်လား။ သီချင်းတွေအကုန်လာပြီးရင် ထပ်လာစေချင်လား။ အောက်မှာလည်း နောက်ခံပုံတွေ


ထည့်တာ၊ Player ဆိုဒ်ပြင်တာ ၊ နောက်ခံအရောင်တွေ ပြောင်းတာတို့အများကြီး ရှိပါသေးတယ်။ လိုက်စမ်းကြည့်ပါ။



အဲဒီအဆင့်ပြီးရင်တော့ ကိုယ်လုပ်လိုက်တဲ့ Flash Mp3 Player လေးကို သိမ်းတာပါ။ Output Folder မှာ Browse ကို

ကို နှိပ်ပြီး ကိုယ်သိမ်းမယ့် နေရာကို ရွေးပြီး Publish ကို နှိပ်လိုက်ပါ။ ဆိုဒ်တွေမှာ တင်ဖို့ ကုတ်တွေကိုလည်း တစ်ခါတည်း

ပေးပါသေးတယ်။ ဒါပေမယ့် ကိုယ်လုပ်ထားတဲ့ Flash Mp3 Player ဖိုင်ကိုတော့ Upload တင်ဖို့ လိုအပ်ပါတယ်။ ပြီးမှ

လင့်ပြောင်းထည့်လိုက်ပေါ့။ အနော်ကတော့ ဖိုင်တွေအကုန်လုံးကို Google Drive မှာပဲ Upload တင်ပြီး ကုတ်ယူပါတယ်။



ကျွန်တော် နမူနာလုပ်ထားတဲ့ Flash Mp3 Player လေးကို နားထောင် ကြည့်ချင်ရင်တော့ ဒီနေရာလေးကို နှိပ်လိုက်ပါ။

အဲလို ဖြစ်အောင် ပထမဦးဆုံး Google Drive မှာ Folder တစ်ခုလုပ်ပြီး ဆော့ဝဲလ်နဲ့ သိမ်းလို့ ရလာတဲ့ဖိုင်တွေကို

Upload တင်လိုက်ပါ။ ပြီးမှ အဲဒီဖိုင်ကို ရှယ်ပြီး လင့်ထုတ်ယူလိုက်တာပါ။ အောက်က ပုံလေးကို ကြည့်လိုက်ပါ။



အနော် ဝိုင်းပြထားတဲ့ player.html က Web Page တစ်ခု အနေနဲ့ ပေါ်မှာပါ။ player.swf ကတော့ Flash ဖိုင်ဖြစ်ပါတယ်။

ကုတ်နဲ့ ထည့်တင်မယ်ဆိုရင်တော့ player.swf လင့်ကို ကော်ပီကူးပြီး ဆော့ဝဲလ်နဲ့ သိမ်းတဲ့အချိန်တုန်းက ပေးတဲ့ကုတ်နဲ့

ထည့်တင်လိုက်ရင် အဆင်ပြေပါပြီ။ Player ဒီဇိုင်းတွေ အားလုံးကို ကြည့်ချင်တယ်ဆိုရင်တော့ ဒီနေရာလေးကို နှိပ်ပါ။

ဒီဆော့ဝဲလ်နဲ့ ပက်သက်တဲ့ Screenshot တွေ ကြည့်ချင်တယ်ဆိုရင်တော့ ဒီနေရာလေးကို နှိပ်ပြီး ကြည့်နိုင်ပါတယ်။

သူငယ်ချင်းများ အားလုံး အဆင်ပြေ ပျော်ရွှင်နိုင်ကြပါစေ။ ဒီပို့စ်လေးကို ကူးယူမျှဝေမယ်ဆိုရင် Credit ပြန်ပေးပါရန်..။

No comments:

Post a Comment

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။