
Converter တွေထဲမှာ E.M. Total Video Converter က ကျွန်တော် အကြိုက်ဆုံးထဲမှာ ပါပါတယ်။ Video ဖိုင်တွေကို
Audio ဖိုင် ပြောင်းတာ၊ တစ်ခြား Video ဖော်မက်တွေ ပြောင်းတဲ့နေရာမှာ ပြောင်းလို့ ရတဲ့ ဖော်မက်တွေ စုံလင်သလို
ဖိုင်ဆိုဒ်ပါ ချုံ့လို့ ရပါတယ်။ Flash သီချင်း လုပ်နေတဲ့ သူငယ်ချင်းတွေဆိုရင် mp3 သီချင်းကို ဖိုင်ဆိုဒ်သေးအောင် အရင်
ချုံ့ရပါတယ်။ ကိုယ့်မှာ mp3 သီချင်းမရှိလို့ Video တွေက mp3 ပြောင်းပြီး သုံးမယ်ဆိုရင်လည်း ဖိုင်ဆိုဒ်ပါ တစ်ခါတည်း
ချုံ့လို့ ရပါတယ်။ အဲလို ချုံ့တဲ့ နေရာမှာ တစ်ခြား Converter တွေဆိုရင် မူရင်း Audio Bitrate 128 ကနေ 96 ,64,32
အဲဒီ သုံးမျိုးပဲ ရပါတယ်။ ဒီဆော့ဝဲလ်လေးကတော့ ကိုယ်ပြောင်းချင်တဲ့ Audio Bitrate ကို ရေးပြီး ပြောင်းလို့ ရပါတယ်။
ဒါ့အပြင် Video တွေနဲ့ Audio ဖော်မက်အစုံကို ဖွင့်လို့ရတဲ့ Player တစ်ခုလည်း ပါပါသေးတယ်။ စိတ်ဝင်စားတယ်ဆိုရင်
E.M. Total Video Converter ဆော့ဝဲလ်ကို အရင်ဆုံး ဒေါင်းယူလိုက်ပါ။ ဖိုင်ဆိုဒ်က 15 MB ပဲ ရှိပါတယ်။
Download: E.M. Total Video Converter - HD version 3.71
ဒီဆော့ဝဲလ်ကို သုံးမယ်ဆိုရင် ပထမဦးဆုံး ဆော့ဝဲလ်ကို Install လုပ်ပြီးတော့ Full Version ဖြစ်အောင် Register ကုတ်
ထည့်ရပါမယ်။ အဲဒါဆိုရင်တော့ Full Version အဖြစ် Free သုံးလို့ ရပါပြီ။ ကုတ်ကို အောက်မှာ ပေးထားပါတယ်နော်..။
6DEC207B-F3C6764F-0E90B64F-80F3052A-5FB4E1A9-A9050784-1DA74A30-6E95FC39-B4F627AB-406D07C1-97BAB567-806A4672-39A2B2A5-0C7E9E30-8DFDD3CD-B67F235C

အောက်မှာ ကျွန်တော် Video ဖိုင်တွေကနေ Mp3 ပြောင်းထားတာကို လေ့လာနိုင်ပါတယ်။ ဘာမှတော့ မခက်ပါဘူး။
[ 1 ] ဆော့ဝဲလ်ကို ဖွင့်ပြီးတော့ New Task ကနေ ကိုယ်ပြောင်းမယ့် Video (သို့) Audio ဖိုင် တစ်ခုခု ကိုရွေးပြီး ဖွင့်ပါ။

[ 2 ] ကိုယ်ပြောင်းချင်တဲ့ ဖော်မက်ကို ရွေးပါ။ အနော်ကတော့ MP3 ကို ရွေးလိုက်ပါတယ်။

ဖိုင်ဆိုဒ်ချုံ့မယ်ဆိုရင် ညာဘက် အောက်ထောင့်က Advanced ကို နှိပ်ပါ။ အနော် မြားလေး ထိုးပြထားပါတယ်နော်..။

ပြီးရင် Mp3 Audio normal quality မှာ Settings ကို နှိပ်ပါ။

Bit Rate မှာ Custom ကို ရွေးနှိပ်ပြီးတော့ ညာဘက်အကွက်ထဲမှာ မူရင်း 128 ကို 64 ထားပြီး ပြောင်းပါ။ အဲဒါကတော့
ကိုယ်ပြောင်းတဲ့ သီချင်း quality အပေါ်မူတည်ပါတယ်။ သီချင်း တော်တော်များများကတော့ 64 နဲ့ဆို အတော်ပါပဲ..။
တစ်ချို့သီချင်းတွေကျရင်တော့ မူရင်းက quality မကောင်းတော့ 64 ဆို ထစ်တတ်ပါတယ်။ ဒါဆို သူ့ထက် များပေးပေါ့။
ပြီးရင် Convert Now ဆိုတာကို နှိပ်လိုက်ပါ။ ပြောင်းနေတာကို ခဏစောင့်ပြီးရင် ပြောင်းထားတာတွေကို တွေ့ရပါပြီ။

ဒီဆော့ဝဲလ်က Install လုပ်ပြီးရင် Converter နဲ့ Player ၂ ခု ရလာပါတယ်။ အဲဒီ Player က Video , Audio ဖော်မက်
မျိုးစုံကို ဖွင့်နိုင်ပါတယ်။ အနော် ကတော့ Flash Song တစ်ပုဒ်နဲ့ mp3 သီချင်းတစ်ပုဒ်ကို စမ်းဖွင့်ကြည့်ထားတာပါ။


အားလုံးပဲ အဆင်ပြေ ပျော်ရွှင်နိုင်ကြပါစေ။ ဒီပို့စ်လေးကို ကူးယူမျှဝေမယ်ဆိုရင် ကျွန်တော့်ဆိုဒ်ကို Credit ပြန်ပေးပါရန်။
No comments:
Post a Comment
Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။