Friday 13 September 2013

Mp3 သီချင်းတွေကို Cover ပုံလေးတွေ ထည့်ချင်ရင်


ကျွန်တော် ဟိုအရင်နေ့က ဇေရဲ သီချင်းလေးတွေ လိုက်ရှာဒေါင်းပြီး ဖွင့်နားထောင်တဲ့အခါကျတော့ အဲဒီ သီချင်းတွေကို

Upload တင်ပေးထားတဲ့ ဆိုဒ်က သူတို့ဆိုဒ် Logo တွေ ထည့်ထားတာ တွေ့ရတယ်။ အဲဒါနဲ့ ကျွန်တော်လည်း ကိုယ်တင်

ပေးနေတဲ့ သီချင်းလေးတွေကို သူတို့လို Cover ပုံလေးတွေ ထည့်ရင် ကောင်းမလားဆိုပြီး စဉ်းစားမိတယ်။ အဲဒါကတော့

၂ ချက်ရှိပါတယ်။ ပထမတစ်ခုက ကိုယ် Upload တင်ထားတယ်ဆိုတာကို သိစေချင်တာရယ် နောက်တစ်ခုက သီချင်းကို

ဒီအတိုင်း ရိုးရိုးကြီး ကြည့်နားထောင်ရတာနဲ့စာရင် ခုလို ကိုယ့်ဆိုဒ် Logo တို့၊ အဲဒီသီချင်းရဲ့ အဆိုတော် ပုံ ၊ နောက်..


ကိုယ်ကြိုက်တဲ့ ပုံလေးတွေ စသည်ဖြင့် ပုံလေး တစ်ခုခု ထည့်ထားတာက ပိုကောင်းမယ်လို့ ထင်ပါတယ်။ ဒါနဲ့ ကျွန်တော်

Google မှာ ရှာကြည့်လိုက်တာ ခု တင်ပေးမယ့် Creevity Mp3 Cover Downloader ဆိုတဲ့ ဆော့ဝဲလ်လေး တွေ့တယ်။

ဖိုင်ဆိုဒ်လည်း သေးတာနဲ့ စမ်းသုံးကြည့်တော့ အဆင်ပြေနေတာနဲ့ တစ်ခြား Mp3 သီချင်းတွေကို Cover လေးတွေ

ထည့်ချင်တဲ့ သူငယ်ချင်းတွေ ရှိရင် သုံးရအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ဖိုင်ဆိုဒ်က  895 KB ပဲ ရှိပါတယ်။

ဒီ ဆော့ဝဲလ်လေးက ကိုယ် Cover ထည့်မယ့် သီချင်းနာမည် အဆိုတော် နာမည်တွေနဲ့ ဆက်စပ်တဲ့ ပုံလေးတွေကိုလည်း

အင်တာနက်ရှိရင် တစ်ခါတည်း ရှာပေးပါသေးတယ်။ လိုချင်တယ်ဆိုရင်တော့ အောက်မှာ ဒေါင်းယူနိုင်ပါတယ်နော်..။

သူငယ်ချင်းတို့ သုံးရလွယ်အောင် Portable လေး လုပ်ပေးလိုက်ပါတယ်။မူရင်းဆိုဒ်ကတော့ www.creevity.com ပါ။

Download: Creevity Mp3 Cover Downloader



ဒါလေးက ကျွန်တော် နမူနာ စမ်းကြည့်ထားတာလေးပါ။ သီချင်းကတော့ Me N Ma Girls Lakorn TV Thailand ကနေ

ဖြတ်ထုတ်ထားတာပါ။ Mp3 သီချင်းလေး နားထောင်ကြည့်ချင်တယ်ဆိုရင်တော့ ဒီနေရာလေးကို နှိပ်ပါ။ သီချင်းလေးကို

ကြိုက်လို့ ဒေါင်းချင်တယ်ဆိုရင်တော့ ဒီနေရာလေးကို နှိပ်ပါ။ အနော် Cover ထည့်ထားပြီးသားပါ :)။ အဆင်ပြေပါစေ..

အော် မေ့လို့ ပြောရဦးမယ်။ Window Media Player ရဲ့ Cover Size က Width: 235px; Height: 250px; ဖြစ်ပါတယ်။

ပုံက Photoshop နဲ့ ဖြစ်ဖြစ် တစ်ခြား Photo Editor တစ်ခုခုနဲ့ဖြစ်ဖြစ် လုပ်ပေါ့။ အနော်ကတော့ Swish Max4 နဲ့ ဟဲ..။

No comments:

Post a Comment

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။