Friday 13 September 2013

New Album With OGG Format !



အမှန်တကယ်က ဒီ Album လေးကို ကျွန်တော်တို့ ချစ်သူ သက်တမ်း ၇ လပြည့် အမှတ်တရလေး လုပ်မလို့ဆိုပြီးတော့

ဖန်တီးထားတာပါ။ အရင်က လုပ်ခဲ့တဲ့ Album လေးတွေဆိုရင်လည်း ကျွန်တော်တို့ အမှတ်တရဖြစ်တဲ့နေ့လေးတွေမှာ

ကျွန်တော် လုပ်ပြီး တင်ပေးခဲ့တာ များပါတယ်။ သူငယ်ချင်း တော်တ်ာများများကလည်း အဲဒီ Album မျိုးလေးတွေကို

သဘောကျလို့ဆိုပြီး ကုတ်တွေ တောင်းကြတယ်။ ကျွန်တော် မပေးခဲ့ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော့်ချစ်သူအတွက်


 အမှတ်တရအဖြစ် လုပ်ခဲ့၊ လုပ်ပေးခဲ့တာတွေကြောင့်ပါ။ တစ်ချို့တွေကျတော့ ကုတ်တွေ ခိုးပြီးတော့ သူတို့ နာမည်တွေ

 ပြင်ရေးပြီး တင်ကြတယ်။ အဲဒါတွေ မြင်ရတော့ ရင်ထဲမှာတော့ တစ်ကယ်မကောင်းဘူး။ ကျွန်တော် သူများတွေလို

 Flash Song တစ်ပုဒ် ကောင်းကောင်း မလုပ်တတ်ပါဘူး။  လေ့လာလို့ သိသလောက် HTML/CSS ကုတ်လေးတွေနဲ့ပဲ

ဒီလို Web Page လေး တစ်ခုဖြစ်အောင် ၃ ၄ ရက်လောက်ကို အချိန်ပေးပြီး လုပ်ခဲ့ရတာပါ။ အဲဒါကြောင့် တန်ဖိုးလည်း

ထားပါတယ်။ ဒီတစ်ခါတော့ ကျွန်တော် ဒီ Album ကို သူငယ်ချင်းတွေအတွက် လက်ဆောင်လေး တင်ပေးလိုက်ပါတယ်။

ဒီ Album က သိပ်တော့ မလှပါဘူး။ အဓိကလိုအပ်တဲ့ HTML/CSS ကုတ်တွေနဲ့လုပ်ထားတာပါ။ သူငယ်ချင်းတို့အနေနဲ့

HTML/CSS ကုတ်တွေအကြောင်း နည်းနည်းပါးပါး သိမယ်ဆိုရင် ကျွန်တော် ရေးထားတဲ့ ကုတ်တွေကို လေ့လာပြီးတော့

ကိုယ်လိုချင်တဲ့ ဒီဇိုင်းလေးတွေ ရအောင် ပြင်ယူတတ်မယ်လို့ ထင်ပါတယ်။ အဓိက ပြင်တတ်ရမှာက CSS ကုတ်တွေပါ။

HTML ကုတ်တွေကတော့ ကျွန်တော် လုပ်ခဲ့တဲ့ Album အားလုံးနီးပါး တူပါတယ်။ အရင်က Flash Mp3 Player တွေနဲ့

လုပ်ခဲ့တာဆိုတော့ အလုပ်လည်း တော်တော်လေး ရှုပ်ပါတယ်။ ဒီတစ်ခါတော့ Firefox Browser မှာ လင့်ထုတ်ပြီးတော့

ဖွင့်နားထောင်လို့ ရတဲ့ OGG ဖော်မက်နဲ့ ပြောင်းလုပ်လိုက်ပါတယ်။ ပထမဦးဆုံး ကုတ်တွေကို အောက်မှာ ဒေါင်းယူပါ။

 Download: New Album With OGG Format !

ဒီ Album ကို နမူနာ ကြည့်ချင်တယ်ဆိုရင်တော့ ဒီနေရာလေးကို နှိပ်ပါ။ ဒီ Album ကို ကြိုက်လို့ သုံးမယ်ဆိုရင်တော့

Mp3 သီချင်းတွေကို .ogg ဖော်မက် ပြောင်းရပါမယ်။ Format Factory ရှိရင် All to OGG ကို နှိပ်ပြီး ပြောင်းလိုက်ပါ။

အဲဒီ ဆော့ဝဲလ်ကတော့ Flash Song လုပ်သူတိုင်းလိုလိုမှာ ရှိတတ်တာကြောင့် ဖော်မက်ပြောင်းတာက လွယ်ကူမှာပါ။



Album လုပ်နည်းက ဒီနေရာလေးမှာ တင်ပေးဖူးပါတယ်။ သေချာလေး လေ့လာပြီးတော့ စိတ်ရှည်ရှည်နဲ့ လုပ်ပေါ့နော်။

ခု Album အတိုင်းကို ဒီဇိုင်း မပြင်ဘူးဆိုရင် သီချင်းနာမည် ၊ အဆိုတော်နာမည်နဲ့ သီချင်းလင့်တွေပဲ သီချင်း Size တွေပဲ
 
ပြောင်းရေးဖို့ လိုမှာပါ။ တစ်ခြား ကိုယ့်စိတ်ကြိုက် ပြင်မယ်ဆိုတော့ HTML/CSS ကုတ်တွေ အကြောင်း နည်းနည်းသိဖို့
 
လိုပါတယ်။ အားလုံးပဲ အဆင်ပြေ ပျော်ရွှင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဒီ Album ကုတ်တွေကို လွတ်လပ်စွာ ပြင်ဆင် အသုံးပြုနိုင်ပါတယ်။ အဆင်မပြေတာရှိရင် ဒီနေရာလေးမှာ လာပြောပါ။

No comments:

Post a Comment

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။