Tuesday 12 November 2013

Blog မှာ ပို့စ်တွေကို ခေါက်တင်နည်း (သို့) Read More ထည့်နည်း



မိမိ Blog ပင်မစာမျက်နှာ Loading မြန်စေဖို့နဲ့ သေသပ်လှပဖို့အတွက် ပို့စ်တွေ တင်တဲ့အခါ အရမ်းရှည်နေရင်

အပေါ် ၃ ပုံ ၁ ပုံလောက်ကနေ ခေါက်တင်သင့်ပါတယ်။ နည်းပညာပို့စ်တွေဆိုရင် ပုံတွေ အများကြီးနဲ့ ရှင်းပြရတာ။

တစ်ခါတစ်လေ Video ဖိုင်တွေ ၊ SWF ဖိုင်တွေတောင် ပါသေးတယ်။ ပို့စ်တစ်ပုဒ်လုံးကို ဒီအတိုင်းတင်လိုက်တဲ့အခါ


ပင်မစာမျက်နှာမှာ ပို့စ် ၅ ပုဒ်လောက်ပဲ တင်ထားရင်တောင် ပုံတွေ ၊ Flash ဖိုင်တွေ အားလုံးပေါ်ဖို့ အကြာကြီးကို

Loading ဖတ်နေမှာပါ။ လိုင်းမကောင်းတဲ့လူတွေသာ ကိုယ့်ဆိုဒ်ကို ရောက်လာခဲ့ရင် စိတ်ပျက်ပြီး ပြန်လှည့်သွားမယ်။

တစ်ချို့ အဲဒါတွေသိပေမယ့် ပို့စ်မခေါက်တတ်လို့ ဒီအတိုင်း တင်နေကြတာလည်း ရှိပါတယ်။ ခုတော့ အနော်သုံးတဲ့

အလွယ်ကူဆုံး ပို့စ်ခေါက်နည်း ၊ Read More ထည့်နည်းလေး ပြောပြပေးပါမယ်။ တကယ် အရမ်းကို လွယ်ပါတယ်။

ပထမဦးဆုံး ပို့စ်ကို ပြီးအောင် အရင်ရေးလိုက်။ ပြီးရင် ကိုယ်ခေါက်ချင်တဲ့နေရာလေးကို မောက်တစ်ချက်ထောက်ပြီး

အောက်က ပုံထဲမှာ အနော်ဝိုင်းပြထားတာလေးကို နှိပ်ပါ။ အဲဒါဆို မျဉ်းကြောင်း တစ်ကြောင်း ပေါ်လာပါလိမ့်မယ်။




ပို့စ်ကို Publish လုပ်ပြီးရင် ပင်မစာမျက်နှာမှာ သွားကြည့်လိုက်ပါ။ ခုနမျဉ်းအထိပဲ ပေါ်ပြီးတော့ သူ့ အောက်မှာ

Read More ဆိုပြီး ရှိနေမှာပါ။ ပို့စ်ကို အပြည့်အစုံဖတ်ချင်တယ်ဆိုရင် အဲဒီ Read More ကို နှိပ်လိုက်ရုံပါပဲ။



အဲဒီ Read More ကို တစ်ခြားစာပြောင်းရေးချင်တယ်ဆိုရင် Design >> Layout ကို သွားပြီးတော့ Blog Posts ရဲ့

ညာဘက်အောက်က Edit ကို နှိပ်ပြီး ပြင်ရေးနိုင်ပါတယ်။ ဥပမာ အပြည့်အစုံ ဖတ်ရန် ၊ ဆက်ဖတ်ရန် စသည်ဖြင့်ပေါ့။




အဲဒီ Read More စာသားကို CSS ကုတ်တွေနဲ့ မိမိစိတ်ကြိုက် လှပအောင် လုပ်လို့ရပါတယ်။ အောက်မှာ ပေးထားတဲ့

ကုတ်လေးတွေကို Design >> Layout >> HTML/JavaScript မှာ ထည့်ပြီး Save လုပ်ပါ။ အဆင်ပြေမယ်လို့တော့

ထင်ပါတယ်။ ဒီကုတ်က ကျွန်တော်ကိုယ်တိုင်ရေးထားတာပါ။ ခုလည်း ဆိုဒ်မှာသုံးနေတာလေးကို ပြန်ရှယ်ပေးတာပါ။

<style>
.jump-link a {
font-size: 16px !important;
font-weight: bold;
text-decoration: blink;
text-transform: uppercase;
text-shadow: 2px 2px 2px #18c718;
}
</style>

CSS ကုတ်အကြောင်း နည်းနည်းသိမယ်ဆိုရင် ကိုယ်ကြိုက်တဲ့ ပုံစံ ပြင်ရေးနိုင်ပါတယ်။ Read More ကို ဘယ်ဘက်

အလယ် ၊ ညာဘက် ကိုယ်ထားချင်တဲ့နေရာမှာ ပေါ်အောင်က အောက်က ကုတ်လေးထပ်ထည့်ပေးရင် ရပါပြီ။

text-align: left; ဘယ်ဘက် ၊ text-align: center; အလယ် ၊ text-align: right; ညာပါ။ အဆင်ပြေပါစေ..


No comments:

Post a Comment

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။