YouTube က video တွေကို mp3 အဖြစ် တိုက်ရိုက်ဒေါင်းယူချင်တဲ့သူငယ်ချင်းတွေအတွက်
Easy YouTube Video Downloader AddOn လေးတင်ပေးလိုက်ပါတယ်။
စမ်းသုံးကြည့်တာတော့ အဆင်ပြေတယ်။ တစ်ခုပဲ mb ကတော့ရွေးလို့မရပါဘူး။
ဒါကြောင့် down တဲ့ mp3 size လေး က 4 mb လောက်တော့ရှိပါတယ်။
ဒေါင်းပြီးမှနှစ်သက်ရာ converter နဲ့ file size ချုံ့မယ်ဆိုရင်တော့ရပါတယ်။
ဒီနေရာ လေးကနေသွားလိုက်ပါ။ ပုံမှာပြထားတဲ့ download လေးကိုနှိပ်ပြီး install လုပ်ပါ။
ဒီကလိုင်းကြောင့်လားတော့မသိပါဘူး problem loading page ပဲပေါ်နေတယ်။
ဒါပေမယ့် install box လေးတော့တက်လာပါတယ်။ ပုံမှာပြထားတဲ့အတိုင်း install now ဆိုတာကိုနှိပ်လိုက်ပါ။

restart လုပ်စရာမလိုပါဘူး ။အသုံးပြုလို့ရပါပြီ။ မိမိပြောင်းချင်တဲ့YouTube ကvideo တစ်ပုဒ်ဖွင့်လိုက်ပါ။
mp3 အဖြစ် ဒေါင်းလို့ရပါပြီ။နမူနာပုံလေးပြထားပါတယ်။

ထပ်ပြီးတော့ အောက်က download ဆိုတဲ့ အစိမ်းကွက်လေးကိုနှိပ်ပေးလိုက်ရင်ရပါပြီ။

အားလုံးပဲ အဆင်ပြေကြပါစေ......
No comments:
Post a Comment
Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။