Wednesday 13 November 2013

Flash Song ဖန်တီးရှင်များအတွက် ပုံအသစ်လှလှလေးတွေ



ဒီနေ့တော့ Flash Song ဖန်တီးနေတဲ့ သူငယ်ချင်းတွေအတွက် ပုံအသစ်လှလှလေးတွေ တင်ပေးလိုက်ပါတယ်နော်။

ဒီပုံလေးတွေကို Photoshop နဲ့သေချာဖြတ်ပြီးတော့ Flash Effect ပုံလေးတွေနဲ့တွဲသုံးပြီး လုပ်ရင် အရမ်းလှတယ်။

သူငယ်ချင်း မိုးကဗျာဆိုရင် သူ့ Flash Song တွေကို အဲလိုပဲ လုပ်ထားတာ။ တော်တော်များများ ကြိုက်ကြပါတယ်။

နောက်နေ့ကျရင် သူဖြတ်ထားတဲ့ပုံလေးတွေလည်း တင်ပေးပါလိမ့်မယ်။ ပုံတွေက အရမ်းများတော့ အကုန်လုံးကို


ဖြတ်မပေးနိုင်ဘူးလေ။ Photoshop နဲ့ ပုံဖြတ်နည်းကိုတော့ သူရေးပေးထားတာ ရှိပါတယ်။ ကြိုးစားပြီး လုပ်ကြည့်ပါ။

ခုတော့ ပုံလှလှ အသစ်လေးတွေ အားလုံးပေါင်း 48 ပုံတင်ပေးလိုက်ပါတယ်။ လိုချင်ရင် အောက်မှာ ဒေါင်းယူကြပါ။

Download: Flash Song ဖန်တီးရှင်များအတွက် ပုံအသစ်လှလှလေးတွေ


ပုံတွေကိုတော့ Google Drive ကပဲ တစ်ပုံချင်းစီ တင်ပေးထားပါတယ်။ ကြည့်လို့ရော ဒေါင်းလို့ပါ အဆင်ပြေအောင်ပါ။

ပုံတွေအားလုံးကို တစ်ချက်တည်းနဲ့ ဒေါင်းယူချင်တယ်ဆိုရင်တော့ ဒီနေရာလေးမှာ သွားဖတ်လိုက်ပါ။ အဆင်ပြေပါစေ။

မှတ်ချက်။     ။ ဒီပုံတွေကို တစ်ခြားဆိုဒ်မှာ ပြန်ရှယ်မယ်ဆိုရင် ကျွန်တော့်ဆိုဒ်ကို Credit ပြန်ပေးဖို့ တောင်းဆိုပါတယ်။

ဒီပုံတွေအားလုံးကို ကျွန်တော်ကိုယ်တိုင် အချိန်တွေအများကြီးပေး လက်ညောင်းခံ ဒေါင်းပြီးမှ ပြန်တင်ပေးထားတာပါ။



စေတနာကို လေးစားတယ် ၊ တန်ဖိုးထားတယ်ဆိုရင် အထူးပြောနေဖို့မလိုတော့ပါဘူး။အားလုံးကို ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။