Tuesday 10 December 2013

CCleaner Professional and Business



ကွန်ပျူတာတိုင်းမှာ ရှိထားသင့်တဲ့ ဆော့ဝဲလ်တွေထဲမှာ CCleaner လည်း တစ်ခု အပါအဝင်ဖြစ်ပါတယ်။ ကိုယ်သုံးနေတဲ့

စက်ကို လေးစေတဲ့ အမှိုက်တွေနဲ့ အင်တာနက်သုံးတဲ့ Browser က အမှိုက်တွေအားလုံးကို ဒီဆော့ဝဲလ်လေးနဲ့ ရှင်းထုတ်

နိုင်ပါတယ်။ နောက်ပြီး မလိုအပ်တဲ့ ဆော့ဝဲလ်တွေကို Uninstall လုပ်လို့လည်း ရတယ်။ Window8 သုံးတဲ့သူတွေဆိုရင်

ဒီကောင်လေးကို မြန်မာဘာသာနဲ့ပါ သုံးနိုင်ပါတယ်။ ကျွန်တော် ခုတင်ပေးလိုက်တာက ရိုးရိုး CCleaner မဟုတ်ပါဘူး။

CCleaner Professional နဲ့ CCleaner Business ၂ မျိုးကို ကိုယ်ကြိုက်တာ ရွေးသုံးလို့ရပါတယ်။ 64-bit, 32-bit အကုန်

အလုပ်လုပ်ပါတယ်။ သုံးချင်တယ်ဆို အောက်မှာ ဒေါင်းယူသွားနိုင်ပါတယ်။

Download : CCleaner Professional and Business

CCleaner Professional နဲ့ CCleaner Business ဖြစ်အောင် လုပ်နည်း

ပထမဦးဆုံး ဒေါင်းလုပ်ဖိုင်ထဲက ccsetup408.exe ကို Install လုပ်ပါ။ အဲဒါဆိုရင် ရိုးရိုးတော့ သုံးလို့ရပါပြီ။

Professional ဒါမှမဟုတ် Business သုံးချင်တယ်ဆိုရင်တော့ နည်းနည်းထပ်ပြီး လုပ်ဖို့ လိုပါသေးတယ်။

CCleaner Professional သုံးမယ်ဆိုရင် Patch Professional Folder ထဲက Activator လေးကို ဖွင့်ပြီးတော့

Next >> Next >> Start  ကိုနှိပ်ပါ။ အဲဒါဆိုရင် ရိုးရိုး CCleaner ကနေ CCleaner Professional ဖြစ်ပါပြီ။

CCleaner Business ကို သုံးချင်တယ်ဆိုရင်တော့ Patch Business Folder ထဲက Activator လေးကို ခုနလို

လုပ်ပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။ ကျွန်တော်ကတော့ CCleaner Professional ပဲ သုံးနေပါတယ်။

Screenshot







အားလုံးပဲ အဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်ဗျာ..။ လာရောက် လည်ပတ်ကြတဲ့အတွက် အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

No comments:

Post a Comment

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။