Tuesday 10 December 2013

WinRar 5.0 Full



ကျွန်တော်တို့ ဖိုင်တွေ Upload တင်ရင် WinRar ဆော့ဝဲလ်နဲ့ archive လုပ်ပြီး .rar, .zip ဖိုင်တွေနဲ့ တင်ပေးပါတယ်။

အဲဒါက ဖိုင်တွေ ၂ ခု ၃ ခုအများကြီးကို တစ်ဖိုင်တည်းပေါင်းပြီး တင်ချင်တဲ့အခါ အရမ်းကို အဆင်ပြေလို့ပါ။ နောက်

ဖိုင်ဆိုဒ်အရမ်းကြီးတဲ့ ဆော့ဝဲလ်တွေဆိုရင် Part1, Part2 တွေခွဲပြီး တင်ပေးရပါတယ်။နောက် ဖိုင်တစ်ခုကိုဒီအတိုင်းနဲ့

စာရင် WinRar နဲ့ archive လုပ်လိုက်တဲ့အခါ ဖိုင်ဆိုဒ် နည်းနည်းသေးသွားပါတယ်။ အဲဒီတော့ Upload/Download

အကုန် မြန်သွားတာပေါ့ဗျာ။ နောက်ပြီးတော့ ကိုယ့်ဒေါင်းလုပ်ဖိုင်ကို Password တွေ ခံပြီး တင်လို့လည်း ရပါတယ်။

ဒေါင်းတဲ့လူက အဲဒီဖိုင်တွေကို ဖွင့်သုံးမယ် ၊ ခုနလို ခွဲထားတဲ့ဖိုင်တွေကို ပြန်ဆက်မယ်ဆိုရင်တော့ WinRar ရှိထားဖို့

လိုအပ်ပါတယ်။ WinRar နဲ့ ဆော့ဝဲလ်တွေကို Potable ဖြစ်အောင်တောင် လုပ်လို့ ရတဲ့နည်း ရှိပါသေးတယ်ဗျာ..။

သုံးချင်တယ်ဆိုရင်တော့ အောက်မှာ ဒေါင်းယူသွားနိုင်ပါတယ်။ 64-bit အတွက်ရော 32-bit အတွက်ရော ပါပါတယ်။

Download: WinRar 5.0 Full

WinRar ကို Full Version ဖြစ်အောင် လုပ်နည်း

WinRar 64-bit နဲ့ 32-bit နှစ်မျိုးထဲက ကိုယ့်စက်နဲ့ ကိုက်ညီတာ တစ်ခုကို ရွေးပြီး  Install လုပ်ပါ။

ကီးဘုတ်က Ctrl+R ကိုတွဲနှိပ်ပြီး C:\Program Files\WinRAR\ ကို ကူးထည့်ပြီး OK နှိပ်ပါ။

WinRar Program ဖိုင် ဖွင့်လာပါလိမ့်မယ်။ အဲဒီအထဲကို rarreg.key ဆိုတာကို ကော်ပီကူးထည့်ပါ။

အဲဒါဆိုရင် WinRar ဆော့ဝဲလ်က Full Version ဖြစ်သွားပါပြီ။ အဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်။

ကိုယ့်စက်ထဲက ဖိုင်တွေကို WinRar နဲ့ archive လုပ်နည်း။

ပထမဦးဆုံး ကွန်ပျူတာပေါ်ကို Right Click ပြီး New ကနေ Folder ကို နှိပ်ပါ။

အဲဒီအထဲကို ကိုယ် archive လုပ်မယ့် ဖိုင်တွေ ထည့်ပါ။ ပြီးရင် Right Click >> Add to archive... ကိုနှိပ်ပါ။



ဖိုင်တွေခွဲမယ်ဆိုရင်တော့ Split to volumes, size မှာ ဥပမာ 40 MB ရှိတဲ့ ဖိုင်ကို ၂ ဖိုင်ခွဲချင်တာဆိုရင်

Split to volumes, size အောက်မှာ 20 လို့ ရေးပြီး ညာဘက်မှာ MB ကို ရွေးပေါ့။ Password ထည့်ချင်ရင်

Set password.. ကို နှိပ်ပြီး လုပ်ပါ။ အဲဒါတွေ ဘာမှမလုပ်ဘူးဆိုရင်တော့ Add to archive... >> OK ဆိုရပါပြီ။

အဲဒီ Rar ဖိုင်ကို ပြန်ဖြည်မယ်ဆိုရင်တော့ Right Click >> Extract Here ဆိုရင် အရင်တုန်းက လုပ်ထားတဲ့

Folder လေးသပ်သပ် ထွက်လာပါလိမ့်မယ်။ အဆင်ပြေမယ်လို့ ထင်ပါတယ်။ အားလုံးပဲ ပျော်ရွှင်ကြပါစေ..။

No comments:

Post a Comment

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။