Tuesday 4 June 2013

HTML/CSS ကုတ်တွေ အရေး လေ့ကျင့်ဖို့ HTML Editor

ခုမှ စပြီးတော့ HTML/CSS ကုတ်တွေ အကြောင်း စိတ်ဝင်စားလို့ လေ့လာချင်တဲ့ သူငယ်ချင်းတွေ အတွက်

ဒီနေရာလေးမှာ  လေ့လာနိုင်မယ့် ဝဘ်ဆိုဒ်တွေ မြန်မာလို အသေးစိတ် ရှင်းပြထားတဲ့ Ebook တွေ တင်ပေး

ထားပြီးပါပြီ။ အရင်တုန်းက ကျွန်တော် ကုတ်တွေ စမ်းချင်ရင် NotePad နဲ့ ရေးပြီးတော့ Save လုပ်။ ပြီးမှ

ပြန်ဖွင့်ကြည့် အလုပ်တွေ အရမ်းရှုပ်ပါတယ်။ နောက် နိုင်ငံခြား ဆိုဒ်တစ်ခုမှာ သိချင်တာလေးတွေ သွားပြီး

လေ့လာရင်းနဲ့ ဒီ HTML Editor လေး တွေ့လို့ စမ်းသုံးကြည့်ရင်းနဲ့ အရမ်းအသုံးဝင်တယ်ဆိုတာ သိလိုက်လို့

နောက်ပိုင်း HTML/CSS ကုတ်တွေ စမ်းကြည့်ချင်ရင်၊ ရေးချင်ရင် ဒီကောင်လေးပဲ သုံးပါတော့တယ်.....။



ဘယ်ဘက် အကွက်ထဲက Add CSS Code Here နေရာမှာ ကိုယ်စမ်းရေးမယ့် CSS ကုတ်တွေထည့်ရပါမယ်။

Add HTML Code Here မှာ တော့ ကိုယ်စမ်းရေးမယ့် HTML ကုတ်တွေ ထည့်ပါ။ ပြီးရင် Preview ဆိုတဲ့ Button ကို

နှိပ်လိုက်တာနဲ့ ညာဘက်အကွက်ထဲမှာ ကိုယ်ရေးထားတဲ့ ကုတ်တွေ အလုပ်လုပ်နေပါလိမ့်မယ်။ မူရင်းဆိုဒ်က

တင်ပေးထားတာက အလျား အနံ နည်းနည်း ကျဉ်းနေတာနဲ့ ကုတ်တွေ စမ်းတာ အဆင်ပြေအောင်လို့ ဆိုပြီးတော့

ကျွန်တော် ပြင်ထားတာလေးရော တင်ပေးလိုက်ပါတယ်။ အွန်လိုင်းပေါ်မှာတင် စမ်းကြည့်လို့ ရသလို ကိုယ့်စက်ထဲ

 သိမ်းထားပြီး ရေးချင်ရင်ရော အဆင်ပြေအောင် ဒေါင်းလုပ်ပါ ပေးထားပါတယ်။


မူရင်းဆိုဒ်က တင်ပေးထားသော MBT HTML Editor 


ဒါကတော့ ကျွန်တော် ပြန်ပြင်ထားတဲ့ HTML Editor


HTML Editor ၂ ခုစလုံးကို ဒေါင်းပြီး သိမ်းထားချင်ရင် ဒီနေရာလေးကို နှိပ်ပါ။ HTML/CSS ကုတ်တွေကို လေ့လာဖို့က

 ဒီနေရာလေးမှာ ပါ။ ပထမဦးဆုံး HTML/CSS အကြောင်းတွေကို သေချာအရင်ဖတ်ပါ။သင်တစ်ကယ် ဝါသနာပါတယ်

စိတ်ဝင်စားတယ်ဆိုရင် နည်းနည်းစီ လေ့လာ စမ်းသပ်ရင်းနဲ့ တစ်ဖြေးဖြေး ကိုယ်တိုင်ရေးတတ်လာပါလိမ့်မယ်.......။

No comments:

Post a Comment

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။