Showing posts with label Coding. Show all posts
Showing posts with label Coding. Show all posts

Wednesday, 19 February 2014

table code with background image

သီချင်းထည့်တဲ့ဇယားကွက်မှာ ပုံဘယ်လိုထည့်ရလဲမေးထားတဲ့သူငယ်ချင်းရေ

အောက်မှာထည့်တဲ့ကုတ်တွေပေးလိုက်ပါတယ်။

ပုံလင့်ထည့်ပါ ဆိုတဲ့နေရာမှာကြိုက်နှစ်သက်ရာပုံထည့်နိုင်ပါတယ်။

ဆိုတေးသီချင်းတွေတင်ထားတဲ့ကုတ်ထဲက background ပုံလေးကလွဲရင်ပေါ့ 

(ကိုယ်တိုင် edit လုပ်ထားတာလေးမို့နားလည်ပေးပါ) :D

ထည့်မယ့် ပုံကို size 800x600 ထားတာအဆင်ပြေမယ်ထင်ပါတယ်။

အောက်က ကုတ်တွေက Design >> Layout >> HTML/JavaScript (css ကုတ်ထည့်တဲ့နေရာ)မှာထည့်ရပါမယ်။

Thursday, 9 January 2014

flash song ဘောင်ခတ်ရန် code



သူငယ်ချင်းတို့ ဘလော့ မှာ flashsong တင်တဲ့အခါ ဘောင်လေးထည့်ပြီး တင်ချင်ရင် တင်လို့ရအောင် code လေးတင်ပေးလိုက်ပါတယ်။

အောက်မှာယူလိုက်နော်။အနီပြထားတဲ့နေရာမှာကြိုက်တဲ့အရောင်ပြောင်းထည့်နိုင်ပါတယ်။

Tuesday, 19 November 2013

COLOR DETECTOR



Web Design သမားတွေနဲ့ CSS Code တွေရေးနေတဲ့သူတွေအတွက် အသုံးဝင်မယ့် color detector လေးတင်ပေးလိုက်ပါတယ်။

အသုံးဝင်ပုံကတော့ မိမိလိုချင်တဲ့အရောင်ပေါ်ကို mouse နဲ့ထောက်လိုက်ရင်သူကCodeအဖြစ်ဖော်ပြပေးပါတယ်။

(Point mouse cursor anywhere on the screen)

Sunday, 17 November 2013

Blog မှာ Mp3 သီချင်းတွေ တင်ချင်သူတွေအတွက် Table ကုတ်အသစ်



ဒီနေ့တော့ ကျွန်တော့် Blog မှာ Mp3 သီချင်းတွေ တင်သလိုမျိုး Table ကုတ်လေးတွေနဲ့ တင်ချင်သူတွေအတွက်

Table ကုတ်အသစ်လေး တစ်ခုရေးပြီး တင်ပေးလိုက်ပါတယ်။ သူငယ်ချင်းတွေ အားလုံးပဲ ကြိုက်ကြလိမ့်မယ်လို့

ထင်ပါတယ်။ Mp3 သီချင်းတွေကို နားထောင်လို့ ရအောင်ကတော့ Template ထဲမှာ Yahoo Web Player ကုတ်ကို

Tuesday, 12 November 2013

Blog မှာ ပို့စ်တွေကို ခေါက်တင်နည်း (သို့) Read More ထည့်နည်း



မိမိ Blog ပင်မစာမျက်နှာ Loading မြန်စေဖို့နဲ့ သေသပ်လှပဖို့အတွက် ပို့စ်တွေ တင်တဲ့အခါ အရမ်းရှည်နေရင်

အပေါ် ၃ ပုံ ၁ ပုံလောက်ကနေ ခေါက်တင်သင့်ပါတယ်။ နည်းပညာပို့စ်တွေဆိုရင် ပုံတွေ အများကြီးနဲ့ ရှင်းပြရတာ။

တစ်ခါတစ်လေ Video ဖိုင်တွေ ၊ SWF ဖိုင်တွေတောင် ပါသေးတယ်။ ပို့စ်တစ်ပုဒ်လုံးကို ဒီအတိုင်းတင်လိုက်တဲ့အခါ

Blog က စာသားတွေ Select အရောင်ကို ပြောင်းချင်ရင်



ကျွန်တော် Blog နဲ့ ပက်သက်တဲ့ ပို့စ်လေးတွေ မတင်ဖြစ်တာ ကြာပြီ။ ဒီနေ့တော့ စာသားတွေ Select အရောင်ကို

ကိုယ်ကြိုက်တဲ့အရောင် ပြောင်းချင်တဲ့ သူငယ်ချင်းတွေအတွက် ပြောပြပေးပါမယ်။ အနော့်ဆိုဒ်မှာလည်း သုံးထားတယ်။

ပုံမှန်အတိုင်းဆိုရင် ဆိုဒ်တော်တော်များများက စာတွေကို Select လုပ်ရင် နောက်ခံအပြာ ၊ စာသားအဖြူရောင်နဲ့ပါ။

အနော်ဆို နောက်ခံအနီနဲ့ စာသားအဖြူရောင် ပြောင်းသုံးထားတယ်။ အောက်မှာ အရောင်လေးမျိုး ပေးထားပါတယ်။

Saturday, 28 September 2013

Myanmar Blogger Templates



ဒီ Myanmar Blogger Templates က ကျွန်တော် လုပ်ခဲ့တဲ့ Template တွေထဲမှာ အကောင်းဆုံးလို့တောင် ပြောလို့

ရပါတယ်။ Blogger က ရိုးရိုး Template တစ်ခုကိုပဲ ပြန်ပြင်ထားတာပါ။ ခုတော့ အရင်ပုံစံနဲ့တစ်ခြားစီ ဖြစ်သွားပါပြီ။

နိုင်ငံခြား ဝဘ်ဆိုဒ်တွေမှာ တင်ထားတဲ့ Template တွေထက် မသာရင်တောင် မညံ့ပါဘူး :D ။ ကျွန်တော် တစ်ညနဲ့

တစ်ရက် အိပ်ရေးပျက်ခံ ၊ အပင်ပန်းခံပြီး လုပ်ထားတာပါ။ နမူနာ ကြည့်ချင်တယ်ဆိုရင်တော့ ဒီနေရာလေးကို နှိပ်ပါ။

ကြိုက်လို့ သုံးချင်တယ်ဆိုရင်တော့ Template ကို အောက်မှာ ဒေါင်းယူနိုင်ပါတယ်။ Menu ရော ထည့်ပေးထားပါတယ်။

Sunday, 22 September 2013

ရိုးရိုးလေးနဲ့ လှတဲ့ White Honest Template




ဒီ Template လေးကိုတော့ အဖြူရောင် ရိုးရိုးလေးနဲ့ပဲ လုပ်ထားတာပါ။ ကဗျာ ၊ ဝတ္ထု ၊ နည်းပညာ စတဲ့ ပို့စ်လေးတွေ

တင်ဖို့ အတွက် ရည်ရွယ်ပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။ ဆိုဒ်ဒီဇိုင်းကတော့ ရိုးရိုး ရှင်းရှင်းလေးနဲ့ သေသပ်အောင်

သေချာလေး လုပ်ထားတာပါ။ CSS Menu လေးရော ထည့်ပေးလိုက်ပါတယ်နော်။ နမူနာ ကြည့်ချင်ရင် ဒီနေရာမှာပါ။

Download: White Honest Template

မှတ်ချက်။ ဒီ Template လေးကို ပြန်ရှယ်မယ်ဆိုရင် ကျွန်တော် Thurainlin ဖန်တီးထားတယ်ဆိုတာကို ထည့်ရေးပေးပါ။

Friday, 13 September 2013

New Album With OGG Format !



အမှန်တကယ်က ဒီ Album လေးကို ကျွန်တော်တို့ ချစ်သူ သက်တမ်း ၇ လပြည့် အမှတ်တရလေး လုပ်မလို့ဆိုပြီးတော့

ဖန်တီးထားတာပါ။ အရင်က လုပ်ခဲ့တဲ့ Album လေးတွေဆိုရင်လည်း ကျွန်တော်တို့ အမှတ်တရဖြစ်တဲ့နေ့လေးတွေမှာ

ကျွန်တော် လုပ်ပြီး တင်ပေးခဲ့တာ များပါတယ်။ သူငယ်ချင်း တော်တ်ာများများကလည်း အဲဒီ Album မျိုးလေးတွေကို

သဘောကျလို့ဆိုပြီး ကုတ်တွေ တောင်းကြတယ်။ ကျွန်တော် မပေးခဲ့ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော့်ချစ်သူအတွက်

Tuesday, 3 September 2013

Flash Song တွေတင်ဖို့ Table Design အသစ်လေး



အနော်ဒီည လုပ်ထားတဲ့ Table Design အသစ်လေးပါ။ ကိုယ့်ဆိုဒ်နဲ့လိုက်အောင်ရယ် ကိုယ့်အကြိုက်ပုံစံမျိုးဆိုတော့

သိပ်တော့ မလှပါဘူး။ ရိုးရိုးလေးနဲ့ ကြည့်ကောင်းမယ်တော့ ထင်တာပဲ။ သုံးချင်တဲ့သူများ မကြာမီ လာမည်မျှော်.....

Sunday, 4 August 2013

Yahoo Web Player For Blog !!





Yahoo Web Player ဆိုတာကတော့ ကိုယ့်ဘလော့မှာ mp3 သီချင်းတွေ Youtube က Video တွေ တင်ချင်တဲ့အခါ

ဘာ Embed ကုတ်နဲ့မှ ထည့်တင်စရာမလိုပဲ သီချင်းလင့်တွေကို တင်ထားရုံနဲ့နားထောင်ချင်ရင် နှိပ်ပြီးတော့

Saturday, 3 August 2013

New Table Design - Created by Thurainlin



ဒီ Table ဒီဇိုင်းလေးက Ning ဆိုဒ်တွေမှာ မန်ဘာဝင်ထားကြတဲ့ သူငယ်ချင်းတွေအတွက် ကိုယ်ပိုင်အိမ်လေးတွေမှာ

ကိုယ်လုပ်ထားတဲ့ Flash Song လေးတွေ တင်နိုင်ဖို့ ရည်ရွယ်ပြီး ကျွန်တော် ဖန်တီးထားတာပါ။ အရင်က လုပ်ခဲ့တဲ့

Table ဒီဇိုင်းတွေထက် ခုတင်ပေးလိုက်တာလေးက ဒီဇိုင်း ပိုလှမယ်လို့ ထင်ပါတယ်။ ဒီ Table Code လေးတွေကို

သူငယ်ချင်းတို့ Blog လေးတွေမှာလည်း အသုံးပြုနိုင်ပါတယ်။ နမူနာ ကြည့်ချင်တယ်ဆိုရင် ဒီနေရာလေးကို နှိပ်ပြီး

ကြည့်နိုင်ပါတယ်။ ကြိုက်တယ် သုံးချင်တယ်ဆိုရင်တော့ အောက်မှာ ကုတ်လေးတွေ ပေးထားပါတယ်နော်..

Tuesday, 23 July 2013

ကိုယ့် Blog က ပို့စ်တွေကို ကော်ပီမကူးစေချင်ရင်

ဒီနောက်ပိုင်း ကိုယ်ပိုင် Blog လေးတွေ အရမ်းကိုများပြားလာနေပါတယ်။ Blog လုပ်တာကတော့ တစ်ယောက်နဲ့

တစ်ယောက် ရည်ရွယ်ချက်ချင်းတော့ တူချင်မှတူမှာပါ။ ဒါကတော့ ကိုယ်ဝါသနာပါရာပေါ့နော်..။  ကဗျာလေးတွေ ၊

စာပေလေးတွေ ၊ ဓါတ်ပုံလေးတွေ ၊ ကိုယ့်ရင်ထဲကခံစားချက်လေးတွေ ၊ အတွေ့အကြုံတွေ ကို ရေးတင်ကြတာရော

နောက် နည်းပညာပို့စ်တွေ ၊ ဆော့ဝဲလ်တွေ ၊ Video တွေ ၊ Mp3 သီချင်းတွေ ဖုန်းမှာသုံးတဲ့ ဆော့ဝဲလ်တွေ စသည်ဖြင့်

အမျိုးအစား အစုံတင်ကြတာလည်း ရှိပါတယ်။ အဲဒီအထဲမှာ ပြောစရာလေးတစ်ခုက ရှိလာတယ်။ လူတစ်ယောက်က

ဆော့ဝဲလ်တစ်ခုကို သူကိုယ်တိုင် စမ်းသပ်ပြီး ကောင်းတာနဲ့ Upload တင်ပြီးတော့ အသုံးပြုနည်းလေးတွေကိုရော

သေချာရေးပြီး တင်ပေးလိုက်တယ်။ အဲဒါကို နောက်ထပ်လူတစ်ယောက်က ကြိုက်တာနဲ့ သူ့ Blog မှာ ပြန်ရှယ်ပါတယ်။

ပို့စ်အောက်ခြေမှာတော့ သူ့နာမည်ကြီးနဲ့ပါ။ ဒါကို မူရင်းပို့စ်ပိုင်ရှင်က တွေ့သွားတယ်ပေါ့။ အဲဒီမှာ စကားများပါတယ်။

Thursday, 18 July 2013

New Flash Mp3 Player




ဒီ Flash Mp3 Player တွေကို ကျွန်တော် နောက်အသစ်လုပ်မယ့် Album အတွက် ရှာထားတာပါ။ ဘာဆော့ဝဲလ်တွေမှ

သုံးစရာမလိုပဲ .mp3 ဖော်မက်နဲ့ သီချင်းတွေကို လင့်ထုတ်ပြီး ကုတ်နဲ့ ထည့်တင်ရုံပဲမို့လို့ သုံးရတာ အရမ်းကို လွယ်ကူ

အဆင်ပြေပါတယ်။ ပို့စ်တင်တဲ့အခါ သီချင်းလေးတွေ ထည့်တင်ချင်ရင်ပဲ ဖြစ်ဖြစ် အနော့်လို Album တွေမှာပဲ ဖြစ်ဖြစ်

အသုံးပြုနိုင်ပါတယ်။ အောက်မှာ နမူနာ နားထောင်ကြည့်နိုင်သလို အသုံးပြုဖို့ကုတ်တွေလည်း ပေးထားပါတယ်။

Wednesday, 17 July 2013

Blog မှာသုံးဖို့ CSS Menu လေးတွေ အလွယ်လုပ်ချင်ရင်



CSS Menu လေးတွေ လုပ်ချင်ကြတဲ့ သူငယ်ချင်းတွေအတွက် အရင်တုန်းက ဒီနေရာလေးမှာ  CSS Tab Designer v2

ဆိုတဲ့ CSS Menu ဒီဇိုင်း လေးတွေ အများကြီးပါတဲ့ ဆော့ဝဲလ်တစ်ခု တင်ပေးခဲ့ဖူးပါတယ်။ ခုဒီနေ့မှာတော့ ဆော့ဝဲလ်နဲ့

မဟုတ်ပဲ ဝဘ်ဆိုဒ်မှာတင် ကိုယ်ကြိုက်နှစ်သက်တဲ့ CSS Menu တွေကို ကိုယ့်စိတ်ကြိုက် ပြင်ဆင်တာတွေ၊ လင့်ထည့်တာ

အကုန်လုပ်လို့ရတဲ့ လုပ်ရတာလည်း အရမ်းလွယ်ကူတဲ့ ဆိုဒ်တစ်ခုကို ပြောပြပေးမှာပါ။ ကျွန်တော့်ဆိုဒ်မှာ သုံးထားတဲ့

Friday, 12 July 2013

Web Design HTML and CSS



အင်တာနက်ပေါ်က Web Page တွေကို ဘယ်လို ဖန်တီး တည်ဆောက်သလဲဆိုတာကို ဖော်ပြထားပြီး

အခြေခံအကျဆုံး HTML , CSS Programming အကြောင်း ရေးထားတဲ့ စာအုပ် တစ်အုပ်ဖြစ်ပါတယ်။

ကိုယ်ပိုင် Web Site ရှိသူတွေ ၊ Web Design တွေ ဖန်တီးတာကို စိတ်ဝင်စားတဲ့ သူငယ်ချင်းတွေအတွက်

ဒီစာအုပ်လေးက အရမ်းကို အထောက်အကူဖြစ်စေမှာပါ။ သေချာလေ့လာကြဖို့ တိုက်တွန်းလိုပါတယ်။

Download: Web Design HTML and CSS

Monday, 8 July 2013

Ning ဆိုဒ်က ကိုယ်ပိုင် အိမ်လေးတွေမှာ သီချင်းတင်ဖို့ ဒီဇိုင်းလေး



Ning ဆိုဒ်က ကိုယ်ပိုင် အိမ်လေးတွေမှာ Flash သီချင်းတင်ဖို့အတွက် ရည်ရွယ်ပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။

ဒီ Table Code ဒီဇိုင်းကို ဝါ ၊ စိမ်း ၊ နီ ၊ ပြာ အရောင်လေးမျိုးစလုံးနဲ့ လှပတဲ့ ဒီဇိုင်လေး တစ်ခုဖြစ်ပြီး အားလုံးပဲ

ကြိုက်ကြလိမ့်မယ်လို့ ထင်ပါတယ်။ သုံးချင်သူတွေအတွက် အောက်မှာ Table Code လေးတွေ ပေးထားပါတယ်။

Tuesday, 2 July 2013

Blog မှာ ကုတ်တွေပေးဖို့နဲ့ ကဗျာလေးတွေ ရေးဖို့ ဒီဇိုင်းအလန်းလေး



ဒီလို ဒီဇိုင်းမျိုးလေးတွေကို မြန်မာ Blog တွေမှာ သိပ်မသုံးကြသေးပါဘူး။ ကျွန်တော်တောင် သိတာ သိပ်မကြာသေးဘူး။

Blog နဲ့ ပက်သက်တာလေးတစ်ခု လိုက်ရှာရင်း နိုင်ငံခြား ဆိုဒ်တစ်ခုမှာ သုံးထားတာ တွေ့တာနဲ့ သဘောကျသွားတယ်။

ကျွန်တော်က အဲဒါကို နမူနာယူပြီးတော့ ဒီဇိုင်း အသစ်လေးတွေ လုပ်ပြီး သုံးနေတာ ၃ ၄ ခုလောက်တော့ ရှိပြီထင်တယ်။

ခု ဒီဟာလေးကို မနေ့က စိတ်ပါတာနဲ့ လုပ်ပြီးတော့ သူငယ်ချင်းတွေကို သုံးစေချင်တဲ့ စေတနာလေးက ပေါ်လာတယ်။

Friday, 28 June 2013

Blog က ပို့စ်တွေနဲ့ Gadget တွေကို ဘောင်ခတ်ချင်ရင်



ဘလော့ပို့စ်ကို ဘောင်ခတ်တဲ့ နည်းလေး သိချင်လို့ ကျွန်တော့်ကို လာမေးထားတာ တော်တော်လေးတောင် ကြာပါပြီ။

တစ်ခြား Blog တွေမှာလည်း အဲဒီနည်းလေးကို မေးနေကြတာ တွေ့ရတယ်။ Blogger မှာရှိတဲ့ Template တွေမှာတော့

များသောအားဖြင့် ပို့စ်တွေနဲ့ Gadget တွေကို ဘောင်ခတ်ထားတာ သိပ်မတွေ့မိဘူး။ တစ်ခြား Template တွေ တင်တဲ့

Saturday, 15 June 2013

Blog Icon ကို ကိုယ်ကြိုက်တဲ့ ပုံလေးပြောင်း သုံးချင်ရင်



Website တိုင်းမှာ သူတို့ ဆိုဒ်ရဲ့ အမှတ် သင်္ကေတ တစ်ခုဖြစ်တဲ့ Icon ပုံလေးတွေကို အားလုံးပဲ တွေ့ဖူးမှာပါ။

ကျွန်တော်တို့ Blog တွေမှာလည်း မူရင်းအတိုင်းဆိုရင်တော့ Blogger ရဲ့ B ဆိုတဲ့ Icon ပုံလေးနဲ့ပဲ ရှိနေမှာပါ။

အဲဒီပုံ နေရာမှာ ကိုယ်ကြိုက်တဲ့ ပုံလေးတွေ အစားထိုး သုံးချင်တယ်ဆိုရင်ပေါ့နော်။ လုပ်နည်းက ၂ နည်းရှိပါတယ်။

ပထမနည်းက Design >> Layout က Favicon မှာ ကိုယ်ကြိုက်တဲ့ပုံကို ရွေးပြီး တင်ထားလို့ ရပါတယ်။