Showing posts with label Flash. Show all posts
Showing posts with label Flash. Show all posts

Tuesday, 27 May 2014

Free SWF to AVI Converter (အသုံးပြူနည်းအနည်းငယ်ပြန်ပြင်ထားသည်)

ဒီဆော့ဝဲလေးကတော့ FlashSong ကို Video ပြောင်းလိုသူတွေအတွက်ပါ။

မနေ့က Xilisoft Photo to Flash လေး Full Version လိုချင်လို့လိုက်ရှာတာ

ရှာတာကမတွေ့ပဲ ဒီဆော့ဝဲလေးသွားတွေ့တယ်။

အရင်တုန်းက တွေ့တဲ့ဟာတွေက Qualityမကောင်းတာနဲ့ အသံမပါတာနဲ့ သုံးလို့အဆင်မပြေဘူး ။

ဒါလေးကတော့ Quality ရော အသံရော မူရင်း swfဖိုင်တွေနဲ့မကွာဘူး။

အတော်လေးအဆင်ပြေသွားတယ်။ ဒါကြောင့် သူငယ်ချင်းတို့ကိုပြန်shareပေးတာပါ၊

Free Version လေးပါ၊ အောက်မှာ ဒေါင်းနိုင်ပါတယ်။

Free SWF to AVI.zip

အသုံးပြုနည်းကတော့ အောက်မှာပြထားတဲ့ပုံအတိုင်းလုပ်ကြည့်qualityပိုကောင်းတယ်။

Saturday, 3 May 2014

ချစ်စရာကာတွန်းပုံလေးများ



ဒီနေ့တော့ သူငယ်ချင်းတို့အတွက် ချစ်စရာကာတွန်းပုံလေးတွေတင်ပေးလိုက်ပါတယ်။

အောက်မှာswf ဖိုင်လေးပြုလုပ်ပြီးတင်ပေးလိုက်ပါတယ်။

Thursday, 1 May 2014

Flash ဆိုဒ်အသစ် ၆

သူငယ်ချင်းတို့ရေ ပိုစ့်မတင်ဖြစ်တာလည်းကြာသွားပြန်ပြီ။

ဒီနေ့တော့ သူငယ်ချင်းတို့အတွက် ဖလက်ပုံလှလှလေးတွေရနိုင်တဲ့ ဆိုက်လေးပြောပြပေးမယ်နော်။

အရင်ကတင်ပေးဖူးတဲ့ ဆိုက်မျိုးပဲ ဒါပေမယ့် ခုဟာကမူရင်းဆိုက်ထင်ပါတယ်။ တစ်ရုတ်လိုတွေတော့ရေးထားတယ်။

နားမလည်ပေမယ့် ပုံလေးတွေကအရင်တင်ပေးခဲ့ဖူးတဲ့ဆိုက်ထက်ပိုစုံပါတယ်။ ပုံလေးတွေလဲလှတယ်။

Sunday, 26 January 2014

Flash Effect များ ၅

ဒီနေ့ သူငယ်ချင်းတွေအတွက် ဖလက် အသစ်တွေကို ထပ်တင်ပေးလိုက်ပါတယ်။

zip ဖိုင်နဲ့ တစ်ခါထဲဒေါင်းလို့ရအောင် တင်ပေးလိုက်ပါတယ်။ အောက်မှာဒေါင်းယူလိုက်ပါ။

cartoons.zip

Friday, 24 January 2014

Flash ဆိုဒ်အသစ် ၅



ဒီနေ့တော့ flashsong ၀ါသနာရှင်တွေအတွက် အရမ်းအသုံးဝင်မယ့်ဆိုဒ်သစ်တစ်ဆိုဒ်လေး ညွှန်ပြပေးချင်ပါတယ်။

flash file လေးတွေ အစုံအလင်ရှိပါတယ်။ ပြီးတော့ အလွယ်တကူလည်း download လုပ်ယူနိုင်ပါတယ်။

ကဲ အောက်မှာဆိုဒ်လင့်ပေးထားတယ်။ အမြန်လေးသာ သွားဒေါင်းကြပေတော့။ :)

Sunday, 5 January 2014

Flash Effect များ ၎



ဖလက်ဖိုင်လေးတွေထပ်တင်ပေးလိုက်ပါတယ်။ ဒီတစ်ခါတော့ သစ်ရွက်ဖလက်လေးတွေပါ။

အောက်မှာ ပေးထားတဲ့ လင့်လေးကနေ သွား ဒေါင်းယူလိုက်နော်။

Tuesday, 31 December 2013

Flash Effect များ ၃



သူငယ်ချင်းများအားလုံးပဲ ပျော်ရွှင်သောနှစ်သစ်လေးဖြစ်ပါစေနော်။

ဒီနေ့တော့ ဖလက်ဖိုင်လေးတွေတင်ပေးလိုက်ပါတယ်။ အသည်းပုံ ဖလက်လေးတွေပါ။

အောက်မှာ ပေးထားတဲ့ လင့်လေးကနေ သွား ဒေါင်းယူလိုက်နော်။

Saturday, 21 December 2013

FlashSongထဲတွင် video file ထည့်နည်း

ဒီနေ့တော့ flashsong ၀ါသနာရှင်သူငယ်ချင်းတွေအတွက် flashsong ထဲမှာ video ထည့်နည်းလေးကိုရေးသားပေးပါမယ်။

အရင်ဆုံး မိမိ ထည့်ချင်တဲ့ video ကို edit လုပ်ပေးဖို့လိုပါတယ်။

video မူရင်းအတိုင်းထည့်လို့ရပေမယ့် flashsong size ကတော့ကြီးသွားမှာပါ။

Sunday, 8 December 2013

Flash Effect များ ၂

ဒီနေ့တော့ flashsong ဖန်တီးနေတဲ့သူငယ်ချင်းတွေအတွက် flash effect အသစ်တွေထပ်တင်ပေးလိုက်ပါတယ်။

လိုချင်တယ်ဆိုရင်တော့

Saturday, 16 November 2013

Flash Downloader FireFox AddON


ဒီနေ့တော့ သူငယ်ချင်းတွေအတွက် FlashSongသီချင်းတွေကိုလွယ်ကူစွာဒေါင်းယူနိုင်ရန်

flashdownloader လေးတင်ပေးလိုက်ပါတယ်။ဖလက်သီချင်းတွေတင်မကပါဘူး။

Flashနဲ့ပတ်သက်တာမှန်သမျှအကုန်ဒေါင်းလို့ရပါတယ်။

အသုံးလိုတယ်ဆိုရင်အောက်ကလင့်မှာသွားဒေါင်းလိုက်ပါ။

Tuesday, 12 November 2013

Flash Effect များ ၁

ဖလက်ဆောင်းလေးတွေဖန်တီးနေကြတဲ့သူငယ်ချင်းတွေအတွက် အဖက်အသစ်လေးတွေထပ်တင်ပေးလိုက်ပါတယ်။

flower,cartoon,people,heart စုစုပေါင်း၃၀တင်ပေးထားပါတယ်။ :)


အောက်မှာဒေါင်းလိုက်ပါ ။

Download:Flash Effects

Saturday, 9 November 2013

iSWF Player For Android



Android ဖုန်းတွေမှာ Flash Song တွေ နားထောင်ချင်ရင် ဒီ SWF Player လေးက တော်တော်လေးကို ကောင်းတယ်။

ကျွန်တော် အကြိုက်ဆုံး SWF Player 2 ခုထဲက တစ်ခုပါ။ ဖုန်းထဲက SWF ဖိုင်တွေ ဖွင့်လို့ ရှာလို့ အရမ်းလွယ်ကူတယ်။

ပြီးတော့ သီချင်းဖွင့်နားထောင်ရင်း ရပ်ထားလို့လည်း ရပါတယ်။ လိုချင်တယ်ဆိုရင်တော့ အောက်မှာဒေါင်းယူလိုက်ပါ။

Sunday, 22 September 2013

Flash Song လေးတွေ ဖန်တီးဖို့ SWI Effect များ

Flash Song လေးတွေ ဖန်တီးနေတဲ့ သူငယ်ချင်းတွေရော၊ ခုမှ Flash Song လုပ်တာ ဝါသနာပါလာလို့ လုပ်ချင်တဲ့

သူငယ်ချင်းတွေ အတွက်ရော Flash Song တွေ ဖန်တီးဖို့ SWI Effect လေးတွေ အသစ်ပြန်တင်ပေးလိုက်ပါတယ်။

ဟိုအရင် ကျွန်တော် Google Code က တင်ပေးထားတာတွေက 2013 ကုန်ပြီဆိုတာနဲ့ ဒေါင်းလို့ မရနိုင်တော့ပါဘူး။

Google  က 2013 ကုန်တာနဲ့ Google Code ကို ဖျက်ပြီးတော့ Google Drive မှာပဲ Host လုပ်ဖို့ ပြောထားပြီး ပါပြီ။

ပြီးတော့ အရင်က တင်ပေးတုန်းက SWI Effect တွေကို WinRAR နဲ့ ချုပ်ပြီးတော့ တင်ပေးခဲ့တာပါ။ တစ်ချို့ကျတော့

WinRAR ဆော့ဝဲလ် မရှိလို့ ဖွင့်မရ သုံးမရ ဖြစ်နေတာတွေနဲ့ WinRAR ဆော့ဝဲလ်ကို Full Version မဟုတ်သေးတာတွေ

သုံးနေတာတို့ ဆိုရင် ဖွင့်လိုက်တိုင်း ဝယ်ခိုင်းတဲ့ ဘောက်စ်က တက်နေတော့ စိတ်ပျက်ဖို့ ကောင်းပါတယ်။ အဲဒါကြောင့်

ဒီတစ်ခါတော့ SWI Effect တွေကို .swi  ဖိုင်နဲ့ပဲ တင်ပေးလိုက်ပါတယ်။ Flash Song လုပ်တဲ့အခါမှာ အလွယ်တကူ ယူ

သုံးနိုင်အောင်လို့ပါ။ ပြီးတော့ အရင်ကထက်လည်း Effect တွေ စုံပါတယ်။  Double Tun တင်ပေးခဲ့တဲ့ Effect တွေရယ်

Tuesday, 17 September 2013

Girl Flash Effect များ ၂

ကျွန်တော် Flash Effect လေးတွေ မတင်ဖြစ်တာ နည်းနည်းကြာသွားပြီထင်တယ်။ ဒီတစ်ခါ Effect ပုံလေးတွေ ၃၂ ခု

တင်ပေးလိုက်ပါတယ်။ ဒေါင်းထားတာတွေတော့ အများကြီးပါ။ သူ့အမျိုးအစားနဲ့သူ ခွဲထားတာဆိုတော့ နံပါတ်စဉ်တွေ

ရောကုန်မှာစိုးလို့ပါ။ နောက်တစ်ခါကျရင်တော့ Girl And Flower ဆိုပြီး Effect ပုံတွေ အများကြီး တင်ပေးပါမယ် ဟဲဟဲ။

ခု တင်ပေးလိုက်တဲ့ Effect တွေကလည်း Flash Song လေးတွေ ဖန်တီးနေတဲ့သူတွေအတွက် အရမ်းကို အသုံးဝင်မှာပါ။

 ဒီပုံလေးကတော့ ခု တင်ပေးလိုက်တဲ့ Girl Flash Effect များ ၂ ထဲက ကျွန်တော်အကြိုက်ဆုံး ကောင်မလေး ပုံလေးပါ..။

လိုချင်တယ်ဆိုရင်တော့ အောက်မှာ ပေးထားတဲ့ လင့်လေးကနေ သွားရောက် ဒေါင်းယူနိုင်ပါတယ်။ ပျော်ရွှင်ကြပါစေ..

Sunday, 15 September 2013

Xilisoft Photo to Flash



ဒီ ဆော့ဝဲလ်လေးက ဓါတ်ပုံတွေကို သီချင်း နောက်ခံလေးနဲ့ Flash Album လေး လုပ်တဲ့နေရာမှာ အလွန် လွယ်ကူသလို

Template ဒီဇိုင်းတွေကလည်း မိုက်ပါတယ်။ မူရင်းဆိုဒ်မှာဆိုရင် $29.95 နဲ့ ရောင်းစားတာပါ။ အဲဒါကို ကျွန်တော်က

Crack ဖိုင်လေးရှာပြီး Full Version ဖြစ်အောင် လုပ်ပြီးတော့မှ သုံးရလွယ်အောင် Portable လေး လုပ်ပေးလိုက်ပါတယ်။

Friday, 6 September 2013

Sothink SWF Easy နဲ့ Flash Button လေးတွေ လုပ်ကြမယ်



ဒီဆော့ဝဲလ်လေးက Flash နဲ့ Album တွေ ၊ Banner တွေ ၊ Navigation Buttons တွေ လုပ်တဲ့နေရာမှာ သုံးတာပါ။

သူငယ်ချင်းတို့ ဆိုဒ်တော်တော်များများမှာ သုံးထားကြတာကို တွေ့ဖူး မြင်ဖူးကြလိမ့်မယ်လို့ ထင်ပါတယ်။ အောက်က

ပုံထဲကလို Flash Button လေးတွေနဲ့ ဆော့ဝဲလ် Download လင့်တွေ ဝဘ်ဆိုဒ်လင့်တွေ ထည့်ပြီး ချိတ်ထားတာမျိုးပါ။

Monday, 2 September 2013

Flower Flash Effect များ ၃

Flash Song ဝါသနာရှင်တွေအတွက် ကျွန်တော် ဒီနေ့ Flower Flash EFfect အသစ်လေးတွေ ထပ်ပြီးတော့

တင်ပေးလိုက်ပါတယ်။ လောလောဆယ်တော့ Effect ပေါင်း ၄၁ ခု ထည့်ပေးထားပါတယ်။ Flash Song တွေ

ဖန်တီးနေတဲ့ သူငယ်ချင်းတွေအတွက် အရမ်းကို အသုံးဝင်လိမ့်မယ်လို့ ထင်ပါတယ်ဗျာ။ နောက်ရက်တွေမှာ

Effect အသစ်တွေ ထပ်တင်နိုင်ဖို့ ကြိုးစားပါဦးမယ်။ ခု ဒီနေ့ တင်ပေးလိုက်တဲ့ Effect လေးတွေကလည်း

တော်တော်လေးကို လှပါတယ်။ သုံးချင်တဲ့ သူငယ်ချင်းများ အောက်ကလင့်မှာ သွားရောက် ဒေါင်းယူနိုင်ပါတယ်။

ထုံစံအတိုင်း Effect တွေက Google Drive ကပဲ တစ်ခုစီ ရှယ်ပေးထားပါတယ်။ စိတ်ရှည်ရှည်နဲ့ ဒေါင်းယူကြပါ။

Download: Flower Flash Effect များ ၃

 မှတ်ချက်။        ။ ကျွန်တော် တင်ပေးထားတဲ့ Flash Effect တွေကို ပြန်လည်မျှဝေမယ်ဆိုရင် Credit ပြန်ပေးကြပါရန်။

Thursday, 29 August 2013

Girl Flash Effect များ ဒေါင်းရန် ၁

Flash Song တွေ ဖန်တီးနေတဲ့ သူငယ်ချင်းတွေအတွက် ဒီတစ်ခါ Girl Flash Effect လေးတွေ တင်ပေးလိုက်ပါတယ်။

စုစုပေါင်း Effect ပုံလေးတွေ ၅၀ ပါ။ Flash Song တွေ လုပ်တဲ့အခါ ဒီ Effect လေးတွေက အရမ်းကို အသုံးဝင်မှာပါ။

Google Drive ကပဲ တင်ပေးထားတာ ဖြစ်လို့ ဒေါင်းနည်းတွေကတော့ အားလုံး သိကြမယ် ထင်ပါတယ်။ အပိုတွေ

သိပ်မပြောတော့ပါဘူး။ Girl Flash Effect လေးတွေ လိုချင်တဲ့သူများ အောက်က လင့်မှာ ဒေါင်းယူနိုင်ပါကြောင်း..

Effect တွေကိုတော့ ထုံးစံအတိုင်း တစ်ခုစီပဲ တင်ပေးထားပါတယ်နော်.. စိတ်ရှည်လက်ရှည်နဲ့ ဒေါင်းယူလိုက်ကြပါ။

Download: Girl Flash Effect များ ဒေါင်းရန် ၁

Saturday, 24 August 2013

Flower Flash Effect များ ဒေါင်းရန် ၂



ကဲ Flash Effect အသစ်လေးတွေ သုံးချင်ကြတဲ့ သူငယ်ချင်းတွေအတွက် ဒီနေ့ Flower Flash Effect လေးတွေ ထပ်ပြီး

တင်ပေးလိုက်ပါတယ်နော်။ Flash Song ဝါသနာရှင်တွေအတွက် အရမ်းကို အသုံးဝင်မယ်လို့ ထင်ပါတယ်။ ဒီတစ်ခါက

Effect တွေကို ၅၁ ကနေ ၁၀၀ အထိ  Google Drive ကနေ တင်ပေးလိုက်ပါတယ်။ အားလုံးပဲ ကြိုက်နှစ်သက်ကြမယ်လို့

ထင်ပါတယ်။ အားလုံးကို စုပြီး တစ်ခါတည်း ဒေါင်းလုပ်မပေးတာက ကြည့်ပြီးမှ ဒေါင်းချင်တဲ့သူတွေ ရှိတာရယ်၊ နောက်ပြီး

Thursday, 22 August 2013

Flash Menu လေးတွေ အလွယ်လုပ်ချင်သူများအတွက်...



Flash Menu လေးတွေ လုပ်ချင်သူများအတွက် ဒီဆော့ဝဲလ်လေးက အရမ်းကို အသုံးဝင်မှာပါ။ Flash Menu ဒီဇိုင်းတွေ

များပြားစုံလင်ပြီး ဖန်တီးပြုလုပ်ရတာလည်း အရမ်းကို လွယ်ကူပါတယ်။ ကျွန်တော်တို့ Blogger တွေ မိမိ Blog က

Labels တွေကို Flash Menu လေးတွေနဲ့ လုပ်ချင်ရင်ပဲ ဖြစ်ဖြစ် ကိုယ်ကြိုက်နှစ်သက်ရာ လင့်လေးတွေကို ခုလို Flash နဲ့

Menu လေးတွေ လုပ်ထားချင်ပဲဖြစ်ဖြစ် အသုံးပြုနိုင်ပါတယ်။ အောက်မှာ အနော် နမူနာလေး တစ်ခု လုပ်ပြထားပါတယ်။