Showing posts with label Flash Song Album. Show all posts
Showing posts with label Flash Song Album. Show all posts

Friday, 13 September 2013

New Album With OGG Format !



အမှန်တကယ်က ဒီ Album လေးကို ကျွန်တော်တို့ ချစ်သူ သက်တမ်း ၇ လပြည့် အမှတ်တရလေး လုပ်မလို့ဆိုပြီးတော့

ဖန်တီးထားတာပါ။ အရင်က လုပ်ခဲ့တဲ့ Album လေးတွေဆိုရင်လည်း ကျွန်တော်တို့ အမှတ်တရဖြစ်တဲ့နေ့လေးတွေမှာ

ကျွန်တော် လုပ်ပြီး တင်ပေးခဲ့တာ များပါတယ်။ သူငယ်ချင်း တော်တ်ာများများကလည်း အဲဒီ Album မျိုးလေးတွေကို

သဘောကျလို့ဆိုပြီး ကုတ်တွေ တောင်းကြတယ်။ ကျွန်တော် မပေးခဲ့ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော့်ချစ်သူအတွက်

Friday, 31 May 2013

Myanmar Love Songs Album



ဒီ Album လေးကို အချစ်နဲ့ ပက်သက်ပြီး ခံစားချက်ရှိတဲ့၊ အချစ် သီချင်းလေးတွေ နားထောင်ချင်ကြတဲ့သူတွေအတွက်

ရည်ရွယ်ပြီးတော့ ဖန်တီးခဲ့တာပါ။ ကျွန်တော် အကြိုက်ဆုံး သီချင်းလေးတွေ ၁၂ ပုဒ် စုပြီး လုပ်ထားပါတယ်။

ခံစားချက်ချင်း တူညီတယ်ဆိုရင် သူငယ်ချင်းတို့လည်း ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ ထင်ပါတယ်နော်..။

ဒီ Album လေးတစ်ခု ဖြစ်ဖို့ ကျွန်တော် အချိန် ၅ ရက်လောက်ပေးပြီး လုပ်ခဲ့ရပါတယ်။ နားဆင်ချင်တယ်ဆိုရင်..

Wednesday, 3 April 2013

Flash Song Album [ Web Page ] လုပ်နည်း..

ဒီ Album လုပ်နည်းကို မေးနေတဲ့သူတွေ တော်တော်များပါတယ်။ ကျွန်တော်လည်း HTML,CSS ကုတ်လေးတွေ

လိုက်ကလိရင်း စိတ်ကူးလေးရတာနဲ့ Flash Song Album လေးတွေ လုပ်ဖြစ်တာ ခုဆို ၅ ခုလောက်ရှိပြီ ထင်တယ်။

အမှန်အတိုင်းပြောရရင် ကျွန်တော် Flash Song တစ်ပုဒ်တောင် ကောင်းကောင်း မလုပ်တတ်ပါဘူး။ ဟို..အရင်က

ဝါသနာ အရမ်းပါနေတာနဲ့ ၃ ၄ပုဒ်လောက်တော့ စမ်းလုပ်ဖူးသေးတယ်။ မလုပ်တတ်တော့ အချိန် ၄ နာရီလောက်

ပေးရတယ်။ လက်လည်းညောင်း၊ မျက်စိလည်းညောင်း၊ နားတွေလည်းအူနဲ့ နောက်တော့ ကျွန်တော်အပျင်းထူပြီး

မလုပ်ဖြစ်တော့ဘူး။ ကိုယ်က Coding ပိုင်းကို ပိုစိတ်ဝင်စားတာဆိုတော့ အဲဒါပဲ လိုက်လေ့လာနေတာ။ ခုတော့

မနည်းလေး သိလာပါပြီ။ Flash Song Album လုပ်တာက သိပ်တော့ မခက်ပါဘူး။ Web Page တစ်ခု လုပ်တာဆိုတော့

HTML, CSS အကြောင်းတော့ အနည်းအပါး အနည်းအပါး နားလည်ထားဖို့ လိုပါတယ်။ ကျွန်တော် ဒီနေရာလေးမှာ

 တင်ပေးထားပါပြီ။ အခြေခံကနေ ကျွမ်းကျင်တဲ့အဆင့်အထိကတော့ ကိုယ်စိတ်ဝင်တစားနဲ့ လေ့လာဖို့ပဲ လိုပါတယ်။

Wednesday, 13 February 2013

Happy Valentine Day !



ဒီနေ့ February 14 ရက်နေ့ ချစ်သူများနေ့မှာ သူငယ်ချင်းများ အားလုံး ကိုယ်ချစ်တဲ့သူနဲ့ ပျော်ရွှင်ကြည်နူးနိုင်ပါစေလို့

ဆုတောင်း ပေးလိုက်ပါတယ်နော်..။ ကျွန်တော့်အတွက် ဒီနေ့က အရမ်းကို ပျော်ရတဲ့ ကောင်းတဲ့နေ့လေးပါ။ ၁ နှစ်ကျော်ကြာ

စောင့်ခဲ့ရတဲ့ ချစ်သူဆီက အဖြေရတဲ့ နေ့ ဖြစ်နေလို့ပါ။ အမှတ်တရ နေ့လေး တစ်နေ့ ဆိုလည်း မမှားဘူးပေါ့နော်။

ကျွန်တော့် သူငယ်ချင်းတွေလည်း ကိုယ်တစ်ကယ် ချစ်တဲ့ သူနဲ့ အဆင်ပြေစေချင်ပါတယ်။ ဒီနေ့ Valentine Day အတွက်

Tuesday, 29 January 2013

I Love You ..[ New Album ]



ဒီ Album လေးကို February 14 ရက် ချစ်သူများနေ့မှာ ကျွန်တော့်ချစ်သူကို လက်ဆောင်ပေးဖို့ ရည်ရွယ်ပြီးတော့

လုပ်ထားတာပါ။ ဒါပေမယ့် သူနားထောင်ချင်တယ် ဆိုတာနဲ့ အရင်ရက်တွေကတည်းက ပေးလိုက်ပါတယ်။ ကျွန်တော်

အပျင်းထူတာနဲ့ ရောပြီးတော့ အဟီး..။အပြီးတောင် အချော မသတ်ရသေးပါဘူး။ February 14 အတွက် Album ဒီဇိုင်း

အသစ်တစ်ခု ထပ်လုပ်ဖို့ ရှိပါတယ်။  လောလောဆယ် ဒီ Album လေးကို သူငယ်ချင်းတွေ နားထောင်လို့ ရအောင်

ကိုယ့်ချစ်သူတွေ ဘာတွေ ရှိရင်လည်း ဆက်ဆောင်ပေးလို့ ရအောင်ဆိုပြီးတော့ တင်ပေးလိုက်ပါတယ်။

Album နားဆင်ရန် ဒီနေရာလေးကို နှိပ်ပါ။ Album ဒေါင်းရန် >> ဒီနေရာလေးကို နှိပ်ပါ။ အားလုံးပဲ ပျော်ရွှင်ပါစေ...

Thursday, 15 November 2012

ချစ်သူစိတ်ဆိုးနေလား



ဒီနေ့တော့ ကျွန်တော် စိတ်ဆိုးနေတဲ့ ချစ်သူအတွက် ဆိုပြီးတော့ Flash Song Album လေး တစ်ခု

လုပ်ဖြစ်သွားပါတယ်။ အနေဝေးနေပေမယ့် သံယောဇဉ်ဆိုတဲ့ ကြိုးလေးက ကျွန်တော်တို့ ၂ ယောက်ကို

ချည်နှောင်ထားတော့ ရန်ဖြစ်လည်း ခဏပါပဲ။ သူကတော့ စိတ်ကြီးတယ်ပဲ ပြောရမလား မသိဘူး။

စိတ်ဆိုးသွားပြီဆိုရင် တော်တော်နဲ့ ပြန်ပြီး စိတ်ဆိုးမပြေတတ်လို့ပါ။ အဲဒီအချိန်တွေမှာဆိုရင်

Sunday, 23 September 2012

သူရိန်လင်း ဖန်တီးလိုက်တဲ့ ဒီဇိုင်း အသစ်နဲ့ Flash Songs Album


ကျွန်တော့်ရဲ့ Flash Songs ဆိုဒ်လေးကို လာလည်ကြတဲ့ သူငယ်ချင်း များ အားလုံး မင်္ဂလာပါနော်..

ဒီနေ့တော့ ဘယ်သူမှ အခုလို Flash Songs Album မျိုး မလုပ်သေးဘူး ထင်တာပဲ။

လွန်ခဲ့တဲ့ ၂ ရက်လောက်က စိတ်ကူးရတာနဲ့ ကျွန်တော်လည်း လုပ်လိုက်တာပါ။

အဆင်ပြေမယ်လို့တော့ ထင်တာပဲ.. နားထောင်ချင်တယ်ဆိုရင်တော့ ဒီနေရာလေးကို နှိပ်လိုက်ပါ။

ဒေါင်းပြီး သိမ်းထားချင်တဲ့ သူငယ်ချင်းများ ဒီနေရာလေးကို နှိပ်ပြီး ဒေါင်းသွားနိုင်ပါတယ်။

MP3 သီချင်း နားထောင်ရသလို ပဲ ဖြစ်နေမလားတော့ မသိဘူး။ ကျွန်တော် ဒီလိုလေး လုပ်ရတဲ့

ရည်ရွယ်ချက်က ကိုယ်နားထောင်ချင်တဲ့ သီချင်းလေးတွေကို အွန်လိုင်းပေါ်မှာ

အလွယ် တကူနားထောင်လို့ လွယ်အောင်ပါ။ အဲလိုဆိုတော့ Flash ဖိုင်က အဆင်ပြေတယ်လေ..

နောက် Mp3 လိုချင်တဲ့လူတွေ အတွက်လည်း အဆင်ပြေအောင် ဖိုင်ဆိုဒ်ကို ချုံ့ပေးထားပါတယ်။

Flash Song လုပ်လိုက်ရင် မကောင်းဘူးလား ပြောကြမယ်..အဲဒါက ဒီလိုပါ..Flash Song ကျတော့

လုပ်ထားတာက လှပါတယ် ..စာသားတို့ အဖက်တို့တွေနဲ့ သူက အဲဒီသီချင်းကို ထိုင်ကြည့်နေမှ

ကောင်းတာ။ ကျွန်တော့်ကတော့ Flash Song တွေကို သိပ်ထိုင်ကြည့်နေလေ့ မရှိပါဘူး။

သီချင်းလေးတွေ နားထောင်ရင်း ကိုယ်လုပ်ချင်တာလေးတွေ လုပ်နေတတ်လို့ပါ။

လောလောဆယ်ကတော့ ကျွန်တော် ကြိုက်တဲ့ သီချင်း ၁၀ ပုဒ်ကို Album တစ်ခု လုပ်လိုက်ပါတယ်။

သူငယ်ချင်းတို့ အနေနဲ့လည်း ကြည့်ပြီးတော့ ဝေဖန်ပေးကြပါဦးနော်..အားပေးမယ်

ကောင်းတယ်ဆိုရင်တော့ နောက်ပိုင်း အဲလို သူငယ်ချင်းတို့ တောင်းဆိုတဲ့ သီချင်းလေးတွေကို

Album လေးတွေ လုပ်ပြီး တင်ပေးသွားပါမယ်လို့.....

မှတ်ချက်။       ။ Background ကတော့ သားသားလေးရဲ့ဆိုဒ် http://amaetharr.multiply.com/ ကပါ။