Showing posts with label Website. Show all posts
Showing posts with label Website. Show all posts

Saturday, 24 January 2015

ိDownload Facebook and Youtube Videos

facebookနဲ့ youtube က video တွေကို အလွယ်ကူဆုံးနဲ့အမြန်ဆုံးဒေါင်းချင်တယ်ဆိုရင် အောက်က website လေးကနေသွားဒေါင်းကြည့်နော်။

http://www.downvids.net/

အသုံးပြုနည်းကတော့ video ရဲ့ url (ဥပမာ -https://www.facebook.com/video.php?v=........)

အဲလို linkလေးကို enter url ဆိုတဲံနေရာမှာ copy and paste ရမှာပါ။ပြီးရင် download ကိုနှိပ်လိုက်ယုံပါပဲနော်။

Friday, 5 September 2014

Music Player For Blog

web page တွေမှာ music player လေးထည့်ချင်ရင် SCM Music Player Site မှာသီချင်းတွေ freeထည့်လို့ရပါတယ်။

ဒီနေရာလေးကသွားလိုက်ပါ။

player ထည့်ထားတဲ့ပုံလေးပါ။ လှတယ်နော်။ ;P


flashsongcrazy.blogspot.com

Thursday, 1 May 2014

Flash ဆိုဒ်အသစ် ၆

သူငယ်ချင်းတို့ရေ ပိုစ့်မတင်ဖြစ်တာလည်းကြာသွားပြန်ပြီ။

ဒီနေ့တော့ သူငယ်ချင်းတို့အတွက် ဖလက်ပုံလှလှလေးတွေရနိုင်တဲ့ ဆိုက်လေးပြောပြပေးမယ်နော်။

အရင်ကတင်ပေးဖူးတဲ့ ဆိုက်မျိုးပဲ ဒါပေမယ့် ခုဟာကမူရင်းဆိုက်ထင်ပါတယ်။ တစ်ရုတ်လိုတွေတော့ရေးထားတယ်။

နားမလည်ပေမယ့် ပုံလေးတွေကအရင်တင်ပေးခဲ့ဖူးတဲ့ဆိုက်ထက်ပိုစုံပါတယ်။ ပုံလေးတွေလဲလှတယ်။

Friday, 24 January 2014

Flash ဆိုဒ်အသစ် ၅



ဒီနေ့တော့ flashsong ၀ါသနာရှင်တွေအတွက် အရမ်းအသုံးဝင်မယ့်ဆိုဒ်သစ်တစ်ဆိုဒ်လေး ညွှန်ပြပေးချင်ပါတယ်။

flash file လေးတွေ အစုံအလင်ရှိပါတယ်။ ပြီးတော့ အလွယ်တကူလည်း download လုပ်ယူနိုင်ပါတယ်။

ကဲ အောက်မှာဆိုဒ်လင့်ပေးထားတယ်။ အမြန်လေးသာ သွားဒေါင်းကြပေတော့။ :)

Friday, 27 December 2013

Google မှာ ပုံတူရှာနည်း



ဒီပို့စ်ကို ကျွန်တော်စာမရေးတော့ပါဘူး။ ပုံရှာနည်းကို ပုံတွေနဲ့ပဲ ပြပေးထားပါတယ်း) ။ နားလည်မယ်လို့ ထင်ပါတယ်..။

Saturday, 21 December 2013

cartoon animations (gif)


ဒီနေ့ ပျင်းပျင်းနဲ့ google မှာ ပုံလေးတွေရှာရင်း ဆိုဒ်တစ်ဆိုဒ်တွေ့တာနဲ့သူငယ်ချင်းတွေကိုပါညွှန်ပေးလိုက်ပါတယ်။

ချစ်စရာ animation ပုံလေးတွေရနိုင်တဲ့ ဆိုဒ်လေးပါ။

Thursday, 19 December 2013

Online Audio Converter



ကျွန်တော် ဒီနေ့တော့ Mp3 သီချင်းတွေ ဒေါင်းယူလို့ အဆင်ပြေမယ့် နည်းလေး တစ်ခုကို မျှဝေပေးချင်ပါတယ်။

Mp3 သီချင်းတွေ တင်ပေးနေတဲ့ဆိုဒ် တော်တော်များများက Audio Bitrate 128kbps နဲ့ တင်ပေးကြတာများတယ်။

တစ်ချို့ဆို 192kbps နဲ့ တစ်ချို့ဆို 320kbps နဲ့ပါ တင်ပေးတတ်ပါသေးတယ်။ အဲဒါက quality တော့ ကောင်းတယ်။

Saturday, 30 November 2013

Mp3 သီချင်းအသစ်တွေ ဒေါင်းချင်သူများအတွက်



Mp3 သီချင်းအသစ်လေးတွေ နားထောင်ချင်ကြတဲ့ သူငယ်ချင်းတွေအတွက် သီချင်း Album အသစ်တွေ ထွက်တိုင်း

အမြဲတင်ပေးနေတဲ့ ဆိုဒ်သစ်လေး တစ်ဆိုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အသံကွာလတီကောင်းကောင်းနဲ့ တင်ပေးပြီး

အွန်လိုင်းမှာတင် နားထောင်လို့ ရအောင်လည်း လုပ်ပေးထားပါတယ်။ သူတို့ကိုယ်ပိုင် Hosting နဲ့ တင်ပေးတာဆိုတော့

Saturday, 16 November 2013

မြန်မာသီချင်းစာသား ဝဘ်ဆိုဒ်များ

Flash Song တစ်ပုဒ်ဖန်တီးတော့မယ်ဆိုရင် ကိုယ်လုပ်မယ့် သီချင်းရဲ့ စာသားတွေကို YouTube က ဗွီဒီယိုတွေမှာ

သွားကြည့်ပြီးတော့ ကူးရေးလို့လည်း ရပါတယ်။ စာသားပါတဲ့ သီချင်းတွေက များပါတယ်။ တစ်ချို့ ရှာလို့မရတဲ့

သီချင်းတွေကျတော့ အသံကို နားထောင်ပြီးတော့ ရေးရတာတွေလည်း ရှိပါတယ်။ အဲဒါမျိုးတွေကျတော့ သီချင်း

စာသားတွေ ၊ စာလုံးပေါင်းတွေ မှားနေကြတာ များတယ်။ ပြီးတော့ ရေးရတာလည်း အချိန်တော်တော်ကြာပါတယ်။

ဒီနေ့တော့ ကျွန်တော်ရှာတွေ့တဲ့ မြန်မာသီချင်းစာသားတွေ တင်ပေးနေတဲ့ ဆိုဒ်လေးတွေကို ပြောပြချင်ပါတယ်။

Friday, 1 November 2013

YouTube က Video တွေကို Mp3 Mp4 ဖော်မက်မျိုးစုံ လွယ်ကူစွာ ဒေါင်းယူနည်း

ကျွန်တော် ဒီနေ့ YouTube က Video တွေကို Mp3, Mp4 ကိုယ်လိုချင်တဲ့ ဖော်မက်မျိုးစုံ လွယ်ကူစွာ ဒေါင်းယူနည်းလေး

ပြောပြပေးပါမယ်။ ဘာ Downloader ဆော့ဝဲလ် ၊ ဘာ Add On မှ မသုံးပါဘူး။ ဆိုဒ်တစ်ခုမှာ သွားပြီး လုပ်ယူတာပါ။

YouTube to mp3 ပြောင်းပေးတဲ့ ဆိုဒ်တွေ အများကြီးရှိပါတယ်။ ဆိုဒ်တော်တော်များများက Convert လုပ်ရတယ်။

ပြီးတော့ 128kbps နဲ့ပဲ ဒေါင်းဖို့ပေးတာများတယ်။ အနော့်လိုင်းလည်း အရမ်းကြီးမဆိုးပေမယ့် သိပ်တော့မမြန်ပါဘူး။

မလိုအပ်ပဲ Convert လုပ်နေရတော့ လိုင်းစားသလို အချိန်လည်း ကုန်တယ်။ ပြီးတော့ ဖိုင်ဆိုဒ်ကြီးနေတော့ ပိုဆိုးပြီ။

Downloader ဆော့ဝဲလ်တွေကလည်း ကြောင်တောင်တောင် ၊ Add On တွေကလည်း Browser Version မြင့်လာတော့

အလုပ်မလုပ်တော့တာလည်း ရှိတယ်။ ခုပြောမယ့် ဆိုဒ်လေးက Convert လည်းမလုပ်နေဘူး။ Mp3 သီချင်းဆိုရင်လည်း

64kbps, 96kbps, 128kbps, 320kbps စတဲ့ Audio Qualities မျိုးစုံကို ကြိုက်တာနဲ့ ရွေးပြီး ဒေါင်းယူလို့ရတယ်။ ပြီးတော့

Tuesday, 17 September 2013

Website, Blog များကို Apk လုပ်နည်း



ဒီနောက်ပိုင်း Android ဖုန်းတွေ အသုံးများလာတော့ မိမိရဲ့ Website, Blog တွေကို Android App အဖြစ်ဖန်တီးပြုလုပ်

ပြီးတော့ တင်ပေးကြပါတယ်။ ကိုယ့်ဆိုဒ်ကို အမြဲလာဖြစ်တဲ့ သူတွေအနေနဲ့ အဲဒီကိုယ် လုပ်ပေးထားတဲ့ Apk လေးကို

Install လုပ်ပြီး အင်တာနက်သုံးပြီး တစ်ခါဖွင့်ထားလိုက်တာနဲ့ နောက်တစ်ခါကို Off line ကနေ ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။

အဲဒီတော့ ကိုယ့်ဆိုဒ်ကို သပ်သပ်လာစရာမလိုတော့ပဲ ကိုယ်အမြဲသုံးနေတဲ့ ဖုန်းကနေ အလွယ်တကူ ဖတ်လို့ရတာပေါ့။

အဲဒါနဲ့ ကျွန်တော်လည်း ကိုယ့် Blog လေးကို အမြဲ လာလည်နေတဲ့ သူငယ်ချင်းတွေအတွက် Android App လေးတစ်ခု

Tuesday, 23 July 2013

ကိုယ့် Blog က ပို့စ်တွေကို ကော်ပီမကူးစေချင်ရင်

ဒီနောက်ပိုင်း ကိုယ်ပိုင် Blog လေးတွေ အရမ်းကိုများပြားလာနေပါတယ်။ Blog လုပ်တာကတော့ တစ်ယောက်နဲ့

တစ်ယောက် ရည်ရွယ်ချက်ချင်းတော့ တူချင်မှတူမှာပါ။ ဒါကတော့ ကိုယ်ဝါသနာပါရာပေါ့နော်..။  ကဗျာလေးတွေ ၊

စာပေလေးတွေ ၊ ဓါတ်ပုံလေးတွေ ၊ ကိုယ့်ရင်ထဲကခံစားချက်လေးတွေ ၊ အတွေ့အကြုံတွေ ကို ရေးတင်ကြတာရော

နောက် နည်းပညာပို့စ်တွေ ၊ ဆော့ဝဲလ်တွေ ၊ Video တွေ ၊ Mp3 သီချင်းတွေ ဖုန်းမှာသုံးတဲ့ ဆော့ဝဲလ်တွေ စသည်ဖြင့်

အမျိုးအစား အစုံတင်ကြတာလည်း ရှိပါတယ်။ အဲဒီအထဲမှာ ပြောစရာလေးတစ်ခုက ရှိလာတယ်။ လူတစ်ယောက်က

ဆော့ဝဲလ်တစ်ခုကို သူကိုယ်တိုင် စမ်းသပ်ပြီး ကောင်းတာနဲ့ Upload တင်ပြီးတော့ အသုံးပြုနည်းလေးတွေကိုရော

သေချာရေးပြီး တင်ပေးလိုက်တယ်။ အဲဒါကို နောက်ထပ်လူတစ်ယောက်က ကြိုက်တာနဲ့ သူ့ Blog မှာ ပြန်ရှယ်ပါတယ်။

ပို့စ်အောက်ခြေမှာတော့ သူ့နာမည်ကြီးနဲ့ပါ။ ဒါကို မူရင်းပို့စ်ပိုင်ရှင်က တွေ့သွားတယ်ပေါ့။ အဲဒီမှာ စကားများပါတယ်။

Wednesday, 17 July 2013

Blog မှာသုံးဖို့ CSS Menu လေးတွေ အလွယ်လုပ်ချင်ရင်



CSS Menu လေးတွေ လုပ်ချင်ကြတဲ့ သူငယ်ချင်းတွေအတွက် အရင်တုန်းက ဒီနေရာလေးမှာ  CSS Tab Designer v2

ဆိုတဲ့ CSS Menu ဒီဇိုင်း လေးတွေ အများကြီးပါတဲ့ ဆော့ဝဲလ်တစ်ခု တင်ပေးခဲ့ဖူးပါတယ်။ ခုဒီနေ့မှာတော့ ဆော့ဝဲလ်နဲ့

မဟုတ်ပဲ ဝဘ်ဆိုဒ်မှာတင် ကိုယ်ကြိုက်နှစ်သက်တဲ့ CSS Menu တွေကို ကိုယ့်စိတ်ကြိုက် ပြင်ဆင်တာတွေ၊ လင့်ထည့်တာ

အကုန်လုပ်လို့ရတဲ့ လုပ်ရတာလည်း အရမ်းလွယ်ကူတဲ့ ဆိုဒ်တစ်ခုကို ပြောပြပေးမှာပါ။ ကျွန်တော့်ဆိုဒ်မှာ သုံးထားတဲ့

Friday, 12 July 2013

Web Design HTML and CSS



အင်တာနက်ပေါ်က Web Page တွေကို ဘယ်လို ဖန်တီး တည်ဆောက်သလဲဆိုတာကို ဖော်ပြထားပြီး

အခြေခံအကျဆုံး HTML , CSS Programming အကြောင်း ရေးထားတဲ့ စာအုပ် တစ်အုပ်ဖြစ်ပါတယ်။

ကိုယ်ပိုင် Web Site ရှိသူတွေ ၊ Web Design တွေ ဖန်တီးတာကို စိတ်ဝင်စားတဲ့ သူငယ်ချင်းတွေအတွက်

ဒီစာအုပ်လေးက အရမ်းကို အထောက်အကူဖြစ်စေမှာပါ။ သေချာလေ့လာကြဖို့ တိုက်တွန်းလိုပါတယ်။

Download: Web Design HTML and CSS

Monday, 8 July 2013

Google.com.mm မှာ မြန်မာလို ဖတ်လို့ရအောင် လုပ်နည်း



Google က မြန်မာပြည်အတွက် www.google.com.mm ဆိုတဲ့ မြန်မာဘာသာနဲ့ ဖတ်ရှုရှာဖွေလို့ရတဲ့ စာမျက်နှာတစ်ခု

ဖွင့်ပေးခဲ့တာ သိပ်မကြာသေးပါဘူး။ ဒါပေမယ့် သုံးထားတဲ့ ဖောင့်တွေက Myanmar3 Unicode ဖောင့်ဖြစ်နေတဲ့အတွက်

ဇော်ဂျီဖောင့်သုံးတဲ့ ကျွန်တော်တို့ ဖတ်ရတာ အဆင်မပြေခဲ့ပါဘူး။ ဒါနဲ့ Myanmar3 ဖောင့်ကို Install လုပ်ကြည့်တယ်။

အဲဒါလည်း မရဘူးဗျ။ နောက် ဆိုဒ်တွေကို လိုက်မွှေကြည့်လိုက်တော့ Myanmar Font Tagger ဆိုတဲ့ Firefox Add-ons

လေးက Unicode ဖောင့်ရော Zawgyi-One ရော နှစ်မျိုးစလုံး ဖတ်ရတာ အဆင်ပြေတယ်ဆိုတာနဲ့ စမ်းကြည့်လိုက်တာ..

Friday, 24 May 2013

Blog မှာ မြန်မာဖောင့်အလှတွေ ရေးလို့ရအောင် စမ်းထားတာပါ။

ကျွန်တော် ညတုန်းက Blog မှာ မြန်မာဖောင့်အလှတွေ ရေးလို့ရအောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတာနဲ့

စာတွေ လိုက်ဖတ်ပြီး စမ်းလုပ်ကြည့်တာ။ ပထမဦးဆုံး ကိုယ့်စက်မှာတော့ ဖတ်လို့ရအောင် လုပ်နိုင်ခဲ့ပါတယ်။နောက်

သူငယ်ချင်းတွေကို ပေးပြီး ဖတ်ကြည့်ခိုင်းတော့ စာတွေက အင်္ဂလိပ်လိုတွေနဲ့ပဲ ပေါ်ပြီး ဘာစာတွေမှန်း မသိတော့ဘူး။

အဲဒါနဲ့ ဒီဖောင့်မရှိတဲ့ စက်တွေမှာလည်း ဖတ်လို့ ရဖို့ ကုတ်တွေထပ်ရှာပြီး လုပ်ကြည့်တော့မှ အဆင်ပြေခဲ့ပါတယ်..။

ခုက သူငယ်ချင်းတို့ကို ကျွန်တော် စမ်းထားတာလေး အောင်မြင်လို့ အသိပေးရင်းနဲ့ ကြွားလိုက်တာပေါ့ဂျာ :)

အောက်မှာ Screenshot ရိုက်ပြပေးထားပါတယ်..



Bobby Soxer ရဲ့ ရင်ခုန်သံမပြောင်းလဲကြေးဆိုတဲ့ သီချင်းလေးနဲ့ပါ..

Tuesday, 21 May 2013

Flash Song ဝါသနာရှင်များအတွက် Flash ဆိုဒ်အသစ်တစ်ခု

 

ကျွန်တော် ဒီဆိုဒ်လေးက လွန်ခဲ့တဲ့ ၅ ရက်လောက်ကမှ တွေ့ခဲ့တာပါ။ Flash နဲ့ ပက်သက်ပြီး အတော်လေးကို

စုံလင်တဲ့ ဆိုဒ်တစ်ခုပါပဲ။ စိတ်ရှည်ရှည်နဲ့ ရှာနိုင်ရင်၊ ရှာတတ်ရင် ၊ ရှာတတ်သလို ကိုယ်လိုချင်တာကို ရပါလိမ့်မယ်။

ဆိုဒ်ရဲ့ ညာဘက်မှာ Menu Tab တွေ ရှိပါတယ်။ အဲဒီကနေ အဆင့်ဆင့် အများကြီး ရှိပါသေးတယ်။ အချိန်ပေးပြီး

ရှာမယ်ဆိုရင် ဘယ်သူမှ မသုံးဖူးသေးတဲ့ Flash Effect သစ်တွေ သင့်လက်ထဲကို တစ်ပုံကြီး ရောက်လာမှာပါ....

ဒေါင်းရတာလည်း လွယ်ပါတယ်။ ဝဘ်ဆိုဒ်လင့်ကို အောက်မှာ ပေးထားပါတယ်နော်..သွားရှာပြီး ဒေါင်းလိုက်ပါဦး..

Sunday, 17 March 2013

HTML CSS လေ့လာလိုသူများအတွက်..

ကျွန်တော်လည်း ဒီလထဲမှာ ပို့စ်အသစ်မတင်ဖြစ်သေးဘူး။ ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေ များနေတာနဲ့ ဆိုဒ်ထဲကို

ခဏလောက်ပဲ ဝင်ကြည့်နိုင်တယ်။ စိတ်ညစ်နေတာလေးတွေရယ် အပျင်းထူနေတာတွေနဲ့ ရောသွားတာလည်း ပါတယ်ပေါ့လေ..။

ကျွန်တော်ဆိုဒ်ကို လာလည်ကြတဲ့ သူငယ်ချင်းတွေကတော့ ပြောပါတယ်။ ဆိုဒ်လေး ပြင်ထားတာ လှတယ်တဲ့..နောက်ပြီးတော့..

ကျွန်တော် Flash Song Album လေးတွေ လုပ်ထားတာတွေကိုလည်း သဘောကျလို့ သူတို့လည်း လုပ်ချင်တယ်..အဲလိုမျိုးလေး

ဘယ်လို လုပ်လဲဆိုပြီး မေးလာလို့ပါ.. ကိုယ်ပိုင် Website ထောင်ထားတဲ့ သူငယ်ချင်းတွေပဲ ဖြစ်ဖြစ် Ning ဆိုဒ်တို့ တစ်ခြား

HTML, CSS အလုပ်လုပ်တဲ့ ဆိုဒ်တိုင်းမှာ ကိုယ့်ဆိုဒ်ကြိုက် ပြင်ဆင်ချင်တယ်ဆိုရင်..HTML, CSS Code တွေအကြောင်းကို

Sunday, 24 February 2013

Files Upload & Sharing with Google Drive

ခု 2013 ထဲ အရောက်မှာ Mediafire မှာ Sign Up လုပ်ပြီး ဆော့ဝဲလ်တွေနဲ့ တစ်ခြား ဖိုင်တွေ Upload တင်ပြီး မျှဝေနေတဲ့

သူငယ်ချင်း တော်တော်များများ အကောင့်တွေ ဘမ်းခံရ ဖျက်ခံရနဲ့ တစ်ချို့ကျတော့ ဖိုင်တွေပဲ ဖျက်တာခံရပါတယ်။

တစ်ခြား Upload တင်လို့ ရတဲ့ ဆိုဒ်တွေဆိုလည်း အဲဒီအတိုင်းပါပဲ ကိုယ်တင်ထားတာက Copy Right ငြိလို့ ဖျက်ခံရတာတို့

တင်ပြီး ၆လ ၁နှစ်လောက်နေတာနဲ့ လင့်ပျက်သွားတာတို့နဲ့ ခဏခဏ Upload ပြန်တင်နေရတာက စိတ်ပျက်စရာပါ။

ကိုယ်ပိုင် ကွန်ပျူတာနဲ့ အင်တာနက်ကို အမြဲသုံးနေနိုင်တဲ့လူတွေကတော့ အဆင်ပြေမှာပေါ့။ ဘယ်လိုပဲ ဖြစ်ဖြစ် တစ်ခါတင်ပြီး

ကြာကြာခံမယ်ဆို မကြိုက်တဲ့လူ မရှိလောက်ဘူးလို့ ထင်ပါတယ်။ ဖိုင်တွေ Upload တင်လို့ ရတဲ့ ဆိုဒ်တွေထဲမှာ ကျွန်တော်

ရှာဖွေတွေ့ရှိပြီး အသုံးများတဲ့ ဆိုဒ်တွေကတော့ http://sites.google.com နဲ့ http://code.google.com ဆိုဒ်တွေပါပဲ။

blogger တွေ အသုံးများတဲ့ ဆိုဒ်ကတော့ http://code.google.com ဖြစ်မယ် ထင်ပါတယ်။ သူ့ကို js ဖိုင်တွေ တင်တဲ့နေရာမှာ