ကျွန်တော်တို့ Flash Song တွေပဲ လုပ်တဲ့အခါမှာ ကိုယ်သုံးချင်တဲ့ ပုံလေးတွေက မူရင်းပုံအတိုင်းထည့်လို့ သိပ်ပြီးတော့
ကြည့်လို့ မကောင်းတာတွေ ၊ နောက် အဲဒီပုံကို ကိုယ်လိုချင်တဲ့ ပုံစံမျိုးရဖို့ဆိုရင်လည်း ကိုယ်တိုင် Photoshop တွေနဲ့
ပြန်ပြင်ဖို့ လိုအပ်ပါသေးတယ်။ ကိုယ်ပိုင် Web Page တွေမှာ ဒီဇိုင်းလုပ်တဲ့အခါတွေမှာလည်း နောက်ခံပုံ ၊ ခေါင်းစီးပုံ
စသည်ဖြင့် ကိုယ်ပိုင် ဒီဇိုင်းတွေ လုပ်မယ်ဆိုရင်လည်း Photoshop နဲ့ ပြုပြင်ဖို့ ဖန်တီးဖို့ကတော့ လိုအပ်နေတာပါပဲ။
အဲဒီတော့ ပထမဦးဆုံး လိုအပ်မှာက Photoshop ဆော့ဝဲလ်ပေါ့။ နောက် အဲဒီဆော့ဝဲလ်တွေနဲ့ ပုံတွေကို ပြင်ဆင်နည်း
ဖန်တီးနည်း စတဲ့ Photoshop နဲ့ ပက်သက်တဲ့ နည်းပညာတွေ လေ့လာဖို့လည်း လိုအပ်ပါသေးတယ်။ ဒီပို့စ်လေးမှာ
Photoshop ဆော့ဝဲလ်တွေနဲ့ Photoshop နဲ့ ပက်သက်တဲ့ နည်းပညာ စာအုပ်တွေ တင်ပေးသွားမှာ ဖြစ်ပါတယ်...။
ပထမဦးဆုံး လိုအပ်မယ့် Photoshop CS3 ဆော့ဝဲလ်ကို အောက်က လင့်မှာ သွားရောက်ပြီး ဒေါင်းယူနိုင်ပါတယ်။