Showing posts with label Effect. Show all posts
Showing posts with label Effect. Show all posts

Thursday, 1 May 2014

Flash ဆိုဒ်အသစ် ၆

သူငယ်ချင်းတို့ရေ ပိုစ့်မတင်ဖြစ်တာလည်းကြာသွားပြန်ပြီ။

ဒီနေ့တော့ သူငယ်ချင်းတို့အတွက် ဖလက်ပုံလှလှလေးတွေရနိုင်တဲ့ ဆိုက်လေးပြောပြပေးမယ်နော်။

အရင်ကတင်ပေးဖူးတဲ့ ဆိုက်မျိုးပဲ ဒါပေမယ့် ခုဟာကမူရင်းဆိုက်ထင်ပါတယ်။ တစ်ရုတ်လိုတွေတော့ရေးထားတယ်။

နားမလည်ပေမယ့် ပုံလေးတွေကအရင်တင်ပေးခဲ့ဖူးတဲ့ဆိုက်ထက်ပိုစုံပါတယ်။ ပုံလေးတွေလဲလှတယ်။

Sunday, 26 January 2014

Flash Effect များ ၅

ဒီနေ့ သူငယ်ချင်းတွေအတွက် ဖလက် အသစ်တွေကို ထပ်တင်ပေးလိုက်ပါတယ်။

zip ဖိုင်နဲ့ တစ်ခါထဲဒေါင်းလို့ရအောင် တင်ပေးလိုက်ပါတယ်။ အောက်မှာဒေါင်းယူလိုက်ပါ။

cartoons.zip

Friday, 24 January 2014

Flash ဆိုဒ်အသစ် ၅



ဒီနေ့တော့ flashsong ၀ါသနာရှင်တွေအတွက် အရမ်းအသုံးဝင်မယ့်ဆိုဒ်သစ်တစ်ဆိုဒ်လေး ညွှန်ပြပေးချင်ပါတယ်။

flash file လေးတွေ အစုံအလင်ရှိပါတယ်။ ပြီးတော့ အလွယ်တကူလည်း download လုပ်ယူနိုင်ပါတယ်။

ကဲ အောက်မှာဆိုဒ်လင့်ပေးထားတယ်။ အမြန်လေးသာ သွားဒေါင်းကြပေတော့။ :)

Sunday, 5 January 2014

Flash Effect များ ၎



ဖလက်ဖိုင်လေးတွေထပ်တင်ပေးလိုက်ပါတယ်။ ဒီတစ်ခါတော့ သစ်ရွက်ဖလက်လေးတွေပါ။

အောက်မှာ ပေးထားတဲ့ လင့်လေးကနေ သွား ဒေါင်းယူလိုက်နော်။

Tuesday, 31 December 2013

Flash Effect များ ၃



သူငယ်ချင်းများအားလုံးပဲ ပျော်ရွှင်သောနှစ်သစ်လေးဖြစ်ပါစေနော်။

ဒီနေ့တော့ ဖလက်ဖိုင်လေးတွေတင်ပေးလိုက်ပါတယ်။ အသည်းပုံ ဖလက်လေးတွေပါ။

အောက်မှာ ပေးထားတဲ့ လင့်လေးကနေ သွား ဒေါင်းယူလိုက်နော်။

Sunday, 8 December 2013

Flash Effect များ ၂

ဒီနေ့တော့ flashsong ဖန်တီးနေတဲ့သူငယ်ချင်းတွေအတွက် flash effect အသစ်တွေထပ်တင်ပေးလိုက်ပါတယ်။

လိုချင်တယ်ဆိုရင်တော့

Tuesday, 12 November 2013

Flash Effect များ ၁

ဖလက်ဆောင်းလေးတွေဖန်တီးနေကြတဲ့သူငယ်ချင်းတွေအတွက် အဖက်အသစ်လေးတွေထပ်တင်ပေးလိုက်ပါတယ်။

flower,cartoon,people,heart စုစုပေါင်း၃၀တင်ပေးထားပါတယ်။ :)


အောက်မှာဒေါင်းလိုက်ပါ ။

Download:Flash Effects

Sunday, 22 September 2013

Flash Song လေးတွေ ဖန်တီးဖို့ SWI Effect များ

Flash Song လေးတွေ ဖန်တီးနေတဲ့ သူငယ်ချင်းတွေရော၊ ခုမှ Flash Song လုပ်တာ ဝါသနာပါလာလို့ လုပ်ချင်တဲ့

သူငယ်ချင်းတွေ အတွက်ရော Flash Song တွေ ဖန်တီးဖို့ SWI Effect လေးတွေ အသစ်ပြန်တင်ပေးလိုက်ပါတယ်။

ဟိုအရင် ကျွန်တော် Google Code က တင်ပေးထားတာတွေက 2013 ကုန်ပြီဆိုတာနဲ့ ဒေါင်းလို့ မရနိုင်တော့ပါဘူး။

Google  က 2013 ကုန်တာနဲ့ Google Code ကို ဖျက်ပြီးတော့ Google Drive မှာပဲ Host လုပ်ဖို့ ပြောထားပြီး ပါပြီ။

ပြီးတော့ အရင်က တင်ပေးတုန်းက SWI Effect တွေကို WinRAR နဲ့ ချုပ်ပြီးတော့ တင်ပေးခဲ့တာပါ။ တစ်ချို့ကျတော့

WinRAR ဆော့ဝဲလ် မရှိလို့ ဖွင့်မရ သုံးမရ ဖြစ်နေတာတွေနဲ့ WinRAR ဆော့ဝဲလ်ကို Full Version မဟုတ်သေးတာတွေ

သုံးနေတာတို့ ဆိုရင် ဖွင့်လိုက်တိုင်း ဝယ်ခိုင်းတဲ့ ဘောက်စ်က တက်နေတော့ စိတ်ပျက်ဖို့ ကောင်းပါတယ်။ အဲဒါကြောင့်

ဒီတစ်ခါတော့ SWI Effect တွေကို .swi  ဖိုင်နဲ့ပဲ တင်ပေးလိုက်ပါတယ်။ Flash Song လုပ်တဲ့အခါမှာ အလွယ်တကူ ယူ

သုံးနိုင်အောင်လို့ပါ။ ပြီးတော့ အရင်ကထက်လည်း Effect တွေ စုံပါတယ်။  Double Tun တင်ပေးခဲ့တဲ့ Effect တွေရယ်

Tuesday, 17 September 2013

Girl Flash Effect များ ၂

ကျွန်တော် Flash Effect လေးတွေ မတင်ဖြစ်တာ နည်းနည်းကြာသွားပြီထင်တယ်။ ဒီတစ်ခါ Effect ပုံလေးတွေ ၃၂ ခု

တင်ပေးလိုက်ပါတယ်။ ဒေါင်းထားတာတွေတော့ အများကြီးပါ။ သူ့အမျိုးအစားနဲ့သူ ခွဲထားတာဆိုတော့ နံပါတ်စဉ်တွေ

ရောကုန်မှာစိုးလို့ပါ။ နောက်တစ်ခါကျရင်တော့ Girl And Flower ဆိုပြီး Effect ပုံတွေ အများကြီး တင်ပေးပါမယ် ဟဲဟဲ။

ခု တင်ပေးလိုက်တဲ့ Effect တွေကလည်း Flash Song လေးတွေ ဖန်တီးနေတဲ့သူတွေအတွက် အရမ်းကို အသုံးဝင်မှာပါ။

 ဒီပုံလေးကတော့ ခု တင်ပေးလိုက်တဲ့ Girl Flash Effect များ ၂ ထဲက ကျွန်တော်အကြိုက်ဆုံး ကောင်မလေး ပုံလေးပါ..။

လိုချင်တယ်ဆိုရင်တော့ အောက်မှာ ပေးထားတဲ့ လင့်လေးကနေ သွားရောက် ဒေါင်းယူနိုင်ပါတယ်။ ပျော်ရွှင်ကြပါစေ..

Monday, 2 September 2013

Flower Flash Effect များ ၃

Flash Song ဝါသနာရှင်တွေအတွက် ကျွန်တော် ဒီနေ့ Flower Flash EFfect အသစ်လေးတွေ ထပ်ပြီးတော့

တင်ပေးလိုက်ပါတယ်။ လောလောဆယ်တော့ Effect ပေါင်း ၄၁ ခု ထည့်ပေးထားပါတယ်။ Flash Song တွေ

ဖန်တီးနေတဲ့ သူငယ်ချင်းတွေအတွက် အရမ်းကို အသုံးဝင်လိမ့်မယ်လို့ ထင်ပါတယ်ဗျာ။ နောက်ရက်တွေမှာ

Effect အသစ်တွေ ထပ်တင်နိုင်ဖို့ ကြိုးစားပါဦးမယ်။ ခု ဒီနေ့ တင်ပေးလိုက်တဲ့ Effect လေးတွေကလည်း

တော်တော်လေးကို လှပါတယ်။ သုံးချင်တဲ့ သူငယ်ချင်းများ အောက်ကလင့်မှာ သွားရောက် ဒေါင်းယူနိုင်ပါတယ်။

ထုံစံအတိုင်း Effect တွေက Google Drive ကပဲ တစ်ခုစီ ရှယ်ပေးထားပါတယ်။ စိတ်ရှည်ရှည်နဲ့ ဒေါင်းယူကြပါ။

Download: Flower Flash Effect များ ၃

 မှတ်ချက်။        ။ ကျွန်တော် တင်ပေးထားတဲ့ Flash Effect တွေကို ပြန်လည်မျှဝေမယ်ဆိုရင် Credit ပြန်ပေးကြပါရန်။

Thursday, 29 August 2013

Girl Flash Effect များ ဒေါင်းရန် ၁

Flash Song တွေ ဖန်တီးနေတဲ့ သူငယ်ချင်းတွေအတွက် ဒီတစ်ခါ Girl Flash Effect လေးတွေ တင်ပေးလိုက်ပါတယ်။

စုစုပေါင်း Effect ပုံလေးတွေ ၅၀ ပါ။ Flash Song တွေ လုပ်တဲ့အခါ ဒီ Effect လေးတွေက အရမ်းကို အသုံးဝင်မှာပါ။

Google Drive ကပဲ တင်ပေးထားတာ ဖြစ်လို့ ဒေါင်းနည်းတွေကတော့ အားလုံး သိကြမယ် ထင်ပါတယ်။ အပိုတွေ

သိပ်မပြောတော့ပါဘူး။ Girl Flash Effect လေးတွေ လိုချင်တဲ့သူများ အောက်က လင့်မှာ ဒေါင်းယူနိုင်ပါကြောင်း..

Effect တွေကိုတော့ ထုံးစံအတိုင်း တစ်ခုစီပဲ တင်ပေးထားပါတယ်နော်.. စိတ်ရှည်လက်ရှည်နဲ့ ဒေါင်းယူလိုက်ကြပါ။

Download: Girl Flash Effect များ ဒေါင်းရန် ၁

Saturday, 24 August 2013

Flower Flash Effect များ ဒေါင်းရန် ၂



ကဲ Flash Effect အသစ်လေးတွေ သုံးချင်ကြတဲ့ သူငယ်ချင်းတွေအတွက် ဒီနေ့ Flower Flash Effect လေးတွေ ထပ်ပြီး

တင်ပေးလိုက်ပါတယ်နော်။ Flash Song ဝါသနာရှင်တွေအတွက် အရမ်းကို အသုံးဝင်မယ်လို့ ထင်ပါတယ်။ ဒီတစ်ခါက

Effect တွေကို ၅၁ ကနေ ၁၀၀ အထိ  Google Drive ကနေ တင်ပေးလိုက်ပါတယ်။ အားလုံးပဲ ကြိုက်နှစ်သက်ကြမယ်လို့

ထင်ပါတယ်။ အားလုံးကို စုပြီး တစ်ခါတည်း ဒေါင်းလုပ်မပေးတာက ကြည့်ပြီးမှ ဒေါင်းချင်တဲ့သူတွေ ရှိတာရယ်၊ နောက်ပြီး

Monday, 19 August 2013

Flower Flash Effectများ ဒေါင်းရန် ၁

ကျွန်တော် ဒီနေ့တော့ Flower Flash Effect လေးတွေ တင်ပေးလိုက်ပါတယ်နော်။ Flash Song တွေ ဖန်တီးနေတဲ့

သူငယ်ချင်းတွေအတွက် အရမ်းကို အသုံးဝင်မယ်လို့ ထင်ပါတယ်။ Effect တွေကို ဒေါင်းယူရတာ လွယ်အောင်ရယ်

Effect လေးတွေကို ကြည့်ပြီးမှ ဒေါင်းယူချင်တဲ့ သူငယ်ချင်းတွေအတွက်ရော ၂ ခုစလုံးအဆင်ပြေအောင် ကျွန်တော်

Google Site ကနေ Upload တင်ပေးထားပါတယ်။ ကြည့်မယ်ဆိုရင် Flash ဖိုင် နာမည်လေးတွေကို နှိပ် ကြည့်ပါ။

ဒေါင်းယူမယ်ဆိုရင် အောက်က ပုံလေးမှာ မြားထိုးပြထားတဲ့ Download မြားလေးတွေကို နှိပ်ပြီး ဒေါင်းယူလိုက်ပါ။



Sunday, 21 July 2013

Flash Songs ဝါသနာရှင်များအတွက် အထူးလက်ဆောင်

သူငယ်ချင်းများ အားလုံး မင်္ဂလာပါ။  ဒီနေ့တော့ Flash Songs ဝါသနာရှင်များအတွက် ကျွန်တော် စုဆောင်းထားတဲ့

Flash Effect တွေ ၊ မြန်မာဖောင့်အလှတွေ ၊ အင်္ဂလိပ် ဖောင့်အလှတွေ ၊ အားလုံးကို စုစည်းပြီး တင်ပေးလိုက်ပါတယ်။

အရင်တုန်းကလည်း တင်ပေးခဲ့ဖူးပါတယ်။ ခုတစ်ခါက Flash Effect ပေါင်း ၁၅၀ ကျော် ၊ မြန်မာဖောင့်အလှများကို

အရင်တုန်းက ဒီနေရာလို ဖောင့်အမျိုးအစားတစ်ခုစီ ဒေါင်းလုပ်လင့် မပေးတော့ပဲ အားလုံးကို ဖိုင်တစ်ခုတည်းမှာ

စုပြီး တင်ပေးထားပါတယ်။ အင်္ဂလိပ်ဖောင့်အလှတွေကိုလည်း http://cooltext.com/ က လူကြိုက်အများဆုံး ဖောင့်

အမျိုးအစား ၁၀၀ ကို Zip ဖိုင်တွေဖြည်ပြီး ကျွန်တော် Zip ဖိုင်တစ်ခုတည်းမှာ စုပေးထားပါတယ်။ Font ၁၀၀ ဆိုပေမယ့်

တစ်ချို့ဖောင့်တွေက အထဲမှာ၂ မျိုး ၃ မျိုးလောက်ဆိုတော့ အားလုံး 130 ကျော်ပါတယ်။ ဒေါင်းပြီး Zip ဖိုင်တစ်ခုသာ

ဖြည်ရတော့မှာမို့လို့ သူငယ်ချင်းတို့ အားလုံး လွယ်ကူသက်သာစွာ ဒေါင်းယူ အသုံးပြုလို့ ရအောင်လုပ်ပေးတာပါ။

Tuesday, 2 July 2013

Flash Song များတွင် Mouse Follower ထည့်ခြင်း


ဒီနေ့ တော့ လွမ်း... Flash Song နည်းပညာတစ်ခုကို ရေးသားပါမယ်။

တစ်ချို့ သော Flash Song များမှာ Mouse ကို ရွှေ့ လိုက်ရင် Mouse နောက်ကနေ ပုံစံမျိုးစုံလိုက်နေတာကို တွေ့ ဖူးကြမှာပါ။

လွမ်းရဲ့ Flash Song မှာတော့ Mouse Follower ထည့်ထားတဲ့ သီချင်းတွေ နည်းပါတယ်။

ခု ရေးမဲ့နည်းက SwishMax 4 ထဲမှာ နဂိုကတည်းက ရှိပြီး Mouse Follower ကနေ မိမိကြိုက်နှစ်သက်ရာ ပုံစံများကို ပြောင်းလဲ လုပ်ဆောင်သွားတဲ့နည်းလေးပါ။


အဆင့်(၁)

SwishMax 4 Software ကို ဖွင့်လိုက်ပါမယ်။

ပုံတွင်ပြထားတဲ့အတိုင်း Components ထဲက Effect ကို Click ပြုလုပ်ပြီး 2D ကို ထပ်မံ Click လုပ်လိုက်တဲ့အခါ MouseFollower ဆိုတာကို တွေ့ မြင်ရပါလိမ့်မယ်။

MouseFollower ပေါ်မှာ Double Click လုပ်လိုက်တဲ့အခါ Screen ထဲမှာ မျှားပုံလေး ပေါ်လာတာတွေ့ မြင်ရပါလိမ့်မယ်။

Tuesday, 21 May 2013

Flash Song ဝါသနာရှင်များအတွက် Flash ဆိုဒ်အသစ်တစ်ခု

 

ကျွန်တော် ဒီဆိုဒ်လေးက လွန်ခဲ့တဲ့ ၅ ရက်လောက်ကမှ တွေ့ခဲ့တာပါ။ Flash နဲ့ ပက်သက်ပြီး အတော်လေးကို

စုံလင်တဲ့ ဆိုဒ်တစ်ခုပါပဲ။ စိတ်ရှည်ရှည်နဲ့ ရှာနိုင်ရင်၊ ရှာတတ်ရင် ၊ ရှာတတ်သလို ကိုယ်လိုချင်တာကို ရပါလိမ့်မယ်။

ဆိုဒ်ရဲ့ ညာဘက်မှာ Menu Tab တွေ ရှိပါတယ်။ အဲဒီကနေ အဆင့်ဆင့် အများကြီး ရှိပါသေးတယ်။ အချိန်ပေးပြီး

ရှာမယ်ဆိုရင် ဘယ်သူမှ မသုံးဖူးသေးတဲ့ Flash Effect သစ်တွေ သင့်လက်ထဲကို တစ်ပုံကြီး ရောက်လာမှာပါ....

ဒေါင်းရတာလည်း လွယ်ပါတယ်။ ဝဘ်ဆိုဒ်လင့်ကို အောက်မှာ ပေးထားပါတယ်နော်..သွားရှာပြီး ဒေါင်းလိုက်ပါဦး..

Friday, 26 April 2013

Softwares For Flash Song Creators !

ခုနောက်ပိုင်း Flash Song လုပ်တာကို စိတ်ဝင်စားကြတဲ့ သူငယ်ချင်းတွေ တော်တော်များလာတာကို တွေ့ရပါတယ် ။

ဟိုအရင်တုန်းကတော့ Double Tun ရဲ့ Multiply ဆိုဒ်မှာ တင်ပေးထားတာတွေ တော်တော်စုံပါတယ်။ခုနောက်ပိုင်း

သူတင်ပေးထားတဲ့ ဆော့ဝဲလ်တွေ၊ Effect တွေ၊ Ebook တွေ၊ Video ဖိုင်တွေ အားလုံးလိုလို လင့်ပျက်ကုန်ပါပြီ။

ခုတော့ ကျွန်တော် Flash Song ဖန်တီးချင်တဲ့ သူငယ်ချင်းများအတွက် SWiSH Max ဆော့ဝဲလ်တွေနဲ့ Effect တွေ၊

Double Tun တင်ပေးထားတုန်းက ဒေါင်းခဲ့တာလေးတွေ အားလုံးကို အသစ် ပြန်လည် Upload တင်ပေးလိုက်ပါပြီ။

သွားရောက် ဒေါင်းယူရမယ့် ဆိုဒ်လင့်ကတော့ http://flashsongcreators.blogspot.com ဖြစ်ပါတယ်...။





ဒီ Web Page လေး ဖြစ်လာဖို့ ဆော့ဝဲလ်တွေ Upload တင်ရတာနဲ့ စိတ်ကြိုက် ဒီဇိုင်းလေးဖြစ်အောင် အချိန်တော်တော်

ပေးပြီး ပြုလုပ်ခဲ့ရပါတယ်။ Flash Song ဖန်တီးနေသူတွေ ဒီ Web Page ကို အချိန်မရွေး လာလို့လွယ်ကူအောင် ကျွန်တော်

Internet Shortcut လေး လုပ်ပေးထားပါတယ်။  ဒေါင်းယူပြီး စက်ထဲမှာ သိမ်းထားလိုက်ပေါ့နော်။ လာချင်ရင် ၂ ချက်ကလစ်ရုံပါပဲ။

Download: Softwares For Flash Song Creators ! [ Internet Shortcut ]


Wednesday, 13 February 2013

Happy Valentine Day !



ဒီနေ့ February 14 ရက်နေ့ ချစ်သူများနေ့မှာ သူငယ်ချင်းများ အားလုံး ကိုယ်ချစ်တဲ့သူနဲ့ ပျော်ရွှင်ကြည်နူးနိုင်ပါစေလို့

ဆုတောင်း ပေးလိုက်ပါတယ်နော်..။ ကျွန်တော့်အတွက် ဒီနေ့က အရမ်းကို ပျော်ရတဲ့ ကောင်းတဲ့နေ့လေးပါ။ ၁ နှစ်ကျော်ကြာ

စောင့်ခဲ့ရတဲ့ ချစ်သူဆီက အဖြေရတဲ့ နေ့ ဖြစ်နေလို့ပါ။ အမှတ်တရ နေ့လေး တစ်နေ့ ဆိုလည်း မမှားဘူးပေါ့နော်။

ကျွန်တော့် သူငယ်ချင်းတွေလည်း ကိုယ်တစ်ကယ် ချစ်တဲ့ သူနဲ့ အဆင်ပြေစေချင်ပါတယ်။ ဒီနေ့ Valentine Day အတွက်

Saturday, 5 January 2013

Mouse ပုံနှင့် Effect ပြောင်းနည်း

Flash Song လုပ်တာ ဝါသနာပါတဲ့ သူငယ်ချင်းတွေအတွက် ဒီနည်းလေးက အရမ်းကို လိုအပ်မယ်လို့ ထင်ပါတယ်။

ကိုယ် လုပ်တဲ့ သီချင်းလေးထဲမှာ မောက်အဖက်လေးတွေ ထည့်တော့ ပိုလှတာပေါ့နော်..ကျွန်တော့်ဆိုဒ်မှာ တင်ထားတဲ့

မောက်အဖက်တွေက သုံးတဲ့လူတွေလည်း တော်တော်များသလို ကြာတော့ ရိုးသွားပြီး မသုံးချင်ကြတဲ့လူတွေလည်း

ရှိပါတယ်။ သူများနဲ့ မတူအောင် ကိုယ်သုံးချင်တဲ့ ပုံလေးတွေနဲ့ ကိုယ်ကြိုက်တဲ့ အဖက်ဒီဇိုင်းလေးနဲ့ မောက်အဖက်

ကိုယ်တိုင် ဖန်တီး ချင်တဲ့ သူငယ်ချင်းများအတွက် MM-Flash Songs ဆိုဒ်က Flash Song ပြိုင်ပွဲ Level-2 မှာ ပထမဆု

ရခဲ့တဲ့ ကျွန်တော့်သူငယ်ချင်း ခေတ်သစ်မောင် သူ  Recoding လုပ်ထားတဲ့ Video ဖိုင်လေးကို တင်ပေးလိုက်ပါတယ်။

အောက်မှာ လေ့လာလာကြည့်ပါဦးနော်...

Tuesday, 2 October 2012

Flash Song ချစ်သူများသို့ အထူး အသိပေးခြင်း

ကျွန်တော့်ရဲ့ Flash Song ဆိုဒ်ကို လာရောက် လည်ပတ်ကြတဲ့ သူငယ်ချင်းများ အားလုံးပဲ မင်္ဂလာပါလို့..

ခု ဒီနေ့တော့ Flash Song ချစ်သူများ ၊ ဝါသနာရှင်များကို အသိပေးချင်တာ ရှိနေပါတယ်..

အားလုံးပဲ ဒီပို့စ်လေးကိုတော့ အလေး အနက်ထားပြီး သေချာလေး ဖတ်ပေးကြဖို့ တောင်းဆိုပါတယ်။

ကျွန်တော် အရင်ကတည်းက ဒါကို ကြိုပြီး စဉ်းစားမိပါတယ်..ဒါပေမယ့် မဖြစ်သေးတော့ ပေါ့နေကြတာပါ။

အဲဒါက Flash Song ကို ခုမှ စပြီး ဝါသနာပါလို့ လုပ်ကြတဲ့လူတွေ တော်တော်များများ ပြောနေကြတာပါ။

သူတို့ လိုချင်တဲ့ Flash Song လုပ်တဲ့ ဆော့ဝဲလ်တွေ အဖက်တွေ ဒေါင်းလုပ်လင့်တွေ တင်ပေးထားပေမယ့်

တစ်ချို့လင့်တွေက အလုပ် မလုပ်တော့တဲ့ အတွက် ဒေါင်းယူလို့ မရတာပါပဲ။ Download ဆိုတာ

ဖြစ်ဖို့အတွက် ပထမဦးဆုံး Upload ဆိုတာကို လုပ်ရပါတယ်။ ဒါကို တော်တော်များများ မသိကြပါဘူး။

အဲဒီတော့ ဒေါင်းပဲ ဒေါင်းတတ်ပါတယ်။ ကိုယ်ကြိုက်တဲ့ ဆော့ဝဲလ်လေးတွေ အသုံးဝင်မယ့် ဆော့ဝဲလ်တွေ

တွေ့တဲ့ အခါ ကိုယ့်လိုပဲ လိုအပ်မယ့်သူ ရှိရင် သုံးလို့ ရအောင် စေတနာနဲ့ ထပ်ပြီးတော့ Share ပေး

တတ်ကြပါတယ်။ ဒါကတော့ အရမ်းကို ကောင်းတဲ့ စိတ်ဓါတ်လေးပါပဲ။ အဲဒါမျိုးကို ဝမ်းသာပါတယ်..

ဒါပေမယ့် Download လင့်ဆိုတာကလည်း hosting ဆိုဒ် အမျိုးမျိုးကနေ Upload လုပ်ပေးနေကြတာပါ။

ပြီးတော့ ကျွန်တော်တို့ ဝါသနာရှင်တွေ အတွက်ကျတော့ Free လုပ်လို့ ရတဲ့ ဆိုဒ်တွေကနေပဲ

လုပ်ပေးရတာပါ။အဲဒီတော့ ကိုယ်တင်ပေးထားတဲ့ ဆော့ဝဲလ်တွေက ဒေါင်းမယ့်လူ မရှိရင်လည်း သူတို့က

ဖျက်ပစ်တတ်ပါတယ်။ နောက်တစ်ခုကတော့ ဒေါင်းတဲ့လူ များလွန်း သွားရင်လည်း ဒေါင်းတဲ့ လင့်က

ပျက်သွားတတ်ပါတယ်။ခု ကျွန်တော့်ဆိုဒ်မှာ တင်ပေးထားတဲ့ ဆော့ဝဲလ်တွေ တော်တော်များများက

အရင် Double Tun ရဲ့ ဆိုဒ် www.mmflahsongs.multiply.com ကနေပြီးတော့ ပြန်ပြီး မျှဝေ

ပေးထားတာပါ။ နောက် သူ့ဆိုဒ်ကနေပဲ တစ်ခြားလူတွေလည်း ပြန်ပြီး ရှယ်ပေးနေကြတော့

ခုဆိုဒ်တော်တော်များများမှာ တင်ထားတဲ့ ဆော့ဝဲလ်တွေ အဖက်တွေက သူတင်ပေးထားတာများပါတယ်။

Flash Song လုပ်တဲ့ အဓိက ဆော့ဝဲလ်ဖြစ်တဲ့  SWiSH Max 2/ 3/ 4 အဲဒါတွေကိုတော့ နည်းပညာဆိုဒ်

တွေမှာတော့ သူတို့ ကိုယ်တိုင် Upload လုပ်ပြီး တင်ပေးတတ်ပါတယ်။ဒါပေမယ့် Play & Stop Button,

SWiSH Max 3 နဲ့ 4 ကို Full ဗားရှင်းဖြစ်အောင် လုပ်တဲ့ Patch ဖိုင်တွေဟာဆိုရင် ခုဆို ဒေါင်းလို့က

မရတော့ပါဘူး။အဲဒီ အဖက်တွေကိုတော့ Double Tun ကိုယ်တိုင် Ning ဆိုဒ်ကနေ ဒေါင်းလုပ်လင့်ရအောင်

လုပ်ပေးထားတယ်လို့ ထင်ပါတယ်။ အဲဒီတော့ တစ်ကယ် လိုအပ်နေတဲ့ ဆော့ဝဲလ်တွေ အဖက်တွေဟာ

ဒေါင်းရုံပဲ ဒေါင်းတတ်ပြီးတော့ ပြန်လည် Upload တင်ပေးပြီးတော့ ပြန်မရှယ်ပေးကြတဲ့အတွက် ခုဆိုရင်

နောက်ပိုင်း Flash Song လုပ်တာကို ဝါသနာပါတဲ့လူတွေအတွက် အရမ်း အခက်အခဲဖြစ်နေပါပြီ။

ကျွန်တော်က Flash Song ကို ဝါသနာ ဒီလောက်ပါလို့ ခုလို Flash Song ဆိုဒ်ထောင်ပြီး Flash Song နဲ့

ပက်သက်တဲ့ ဆော့ဝဲလ်တွေ နည်းပညာတွေ တင်ပေးနေတာ မဟုတ်ပါဘူး။ ကျွန်တော်က Flash Song ကို

ချစ်တဲ့လူ တစ်ယောက်ဖြစ်တဲ့ အတွက် နောက်ပိုင်း Flash Song လောကလေး ခဏလေးနဲ့ ပျောက်ကွယ်

သွားမှာ စိုးတဲ့အတွက်ကြောင့် ကိုယ်တတ်နိုင်သလောက်တော့ Flash Song ကို ချစ်တဲ့ ဝါသနာ ပါတဲ့

လူတွေအတွက် အတတ်နိုင်ဆုံး လုပ်ပေးသွားမှာပါ။ ဒီ Flash Song လောကမှာလည်း ကျွန်တော်

အကြာကြီး နေနိုင်မှာ မဟုတ်ပါဘူး။ နောက်ထပ် တစ်နှစ်လောက်ပါပဲ။ အဲဒီနောက်ပိုင်းကိုတော့

သူငယ်ချင်းတို့ ဟိုအရင်တုန်းက Double Tun ဆိုဒ်က ဒေါင်းလာခဲ့တဲ့ အဖက်တွေ အဆင်ပြေမယ်ဆို

ကိုယ်တင်ပေးနိုင်တာကို တင်ပေးစေချင်ပါတယ်။ Download လင့်လေး ထုတ်ပြီးတော့ ကျွန်တော့်ဆီကို

ပို့ပေးမယ်ဆိုရင်တော့ ကျွန်တော်က တင်ပေးမှာပါ။ အခုလောလောဆယ်တော့ Flash Song လုပ်ဖို့

အဓိက လိုအပ်တဲ့ SWiSH Max 3 & 4 Patch ဖိုင်ကို Full ဗားရှင်းဖြစ်အောင် လုပ်တဲ့ Patch ဖိုင်ကိုတော့

ကျွန်တော် ရှာဒေါင်းပြီး Upload ပြန်တင်ပေးလိုက်ပါတယ်။ ဒီနေရာကို နှိပ်ပြီးတော့ ဒေါင်းလိုက်ပါ။

နောက်ထပ် Play & Stop Button ဒီဇိုင်းမျိုးစုံပါ။ 16 မျိုး ပါပါတယ်။ ဒီနေရာကို နှိပ်ပြီး ဒေါင်းယူလိုက်ပါ။

တစ်ခြား ပျက်သွားတဲ့ ဆော့ဝဲလ်နဲ့ အဖက်လင့်တွေကိုတော့ သူငယ်ချင်းတို့ မှာ ရှိနေသေးတယ်ဆိုရင်

ဒေါင်းလုပ် လင့်လေး ထုတ်ပြီးတော့ ကျွန်တော့်ဆီကို ပို့ပေးနိုင်မယ်ဆို ပို့ပေးကြဖို့ တောင်းဆိုချင်တာပါပဲ။
.
ဒီနေရာလေးကို သွားပြီး ဒေါင်းကြည့်ကြပါ..ဒေါင်းလို့ မရတော့တဲ့ဟာတွေ ကို ပြောတာပါခင်ဗျာ...

အားလုံးကို ကျေးဇူးတင်ပါတယ်..အမှားပါသွားရင်လည်း ခွင့်လွှတ်ပေးကြပါလို့......